သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် အမေရိကန် ဆေးရွက်ကြီး ကုမ္ပဏီ မြန်မာပြည်က ထွက်တော့မည်


(Zawgyi / Unicode)

စစ်အာဏာသိမ်းပြီး နိုင်ငံရေး မတည်မငြိမ် အခြေအနေနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံကနေ လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းပြီး၊ ဒီနှစ်ကုန် ပြန်ရုပ်သိမ်းမှာဖြစ်ကြောင်း ဗြိတိန်၊ အမေရိကန် ဆေးရွက်ကြီး လုပ်ငန်းက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရေရှည်စီးပွားရေး အလားအလာအပေါ် သုံးသပ်ပြီး လုပ်ငန်းတွေအားလုံးကို ရပ်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ကြောင်းလည်း ကုမ္ပဏီက Reuters သတင်းဌာနကို ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအဆုံးသတ်ပြီး နိုင်ငံရေး၊ စီးပွားရေး လွတ်လပ်ခွင့်တချို့ ရလာခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်မှာ ဗြိတိန်၊ အမေရိကန် ဆေးရွက်ကြီး ကုမ္ပဏီက လုပ်ငန်းတွေ စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းတွေအပေါ် ရိုက်ခတ်လာနေရာမှာ နော်ဝေးနိုင်ငံက တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီဟာလည်း မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရောင်းချခဲ့တဲ့အထိပါ။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နဲ့ ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကတော့ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေအပြင် ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ ထိခိုက်မှုတွေ ကြုံရနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) အပါအဝင် အနောက်နိုင်ငံတွေကလည်း မြန်မာနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ ဆက်နွယ်သူတွေ၊ လုပ်ငန်းတွေကို ပစ်မှတ်ထား ဒဏ်ခတ်မှုတွေ ချမှတ်ထားပြီး နောက်ထပ် အရေးယူသွားဖို့လည်း ပြင်ဆင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG