(Zawgyi/Unicode)
အာဏာသိမ္း စစ္တပ္ အေပၚ ႏုိင္ငံတကာရဲ႕ တစည္းတလံုးတည္း ဒဏ္ခတ္ ပိတ္ဆို႔မႈေတြဟာဆိုရင္ ျမန္မာႏုိင္ငံမွာ အရပ္သား အုပ္ခ်ဳပ္မႈစနစ္ ျပန္လည္ ျဖစ္ထြန္းလာေစေရး အတြက္ အေထာက္အကူ ျဖစ္ႏုိင္တယ္လို႔ ကုလသမဂၢရဲ႕ ျမန္မာဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews က ဗီြအိုေအ အာရွ အစီအစဥ္နဲ႔ သီးသန္႔ ဆက္သြယ္ေမးျမန္းမႈ အတြင္း ေျပာဆိုပါတယ္။
စစ္အာဏာသိမ္းမႈမွာ တာ၀န္ရွိသူေတြ သာမက အာဏာသိမ္း စစ္ေကာင္စီကိုပါ အေမရိကန္က ဒဏ္ခတ္ အေရးယူလိုက္တဲ႔ အခ်က္၊ ေနာက္ အေမရိကန္၊ ၿဗိတိန္နဲ႔ ကေနဒါတို႔က ျမန္မာႏုိင္ငံ စစ္အာဏာသိမ္းမႈမွာ တာ၀န္ရွိသူေတြ အေပၚ တညီတညြတ္တည္း ဒဏ္ခတ္ ပိတ္ဆို႔မႈေတြကို ေထာက္ျပၿပီး ျမန္မာ လူထုနဲ႔ အတူ ရပ္တည္လိုတဲ႔ ႏုိင္ငံေတြအေနနဲ႔ အလားတူ တစုတစည္းတည္း ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္ရင္ေတာ့ စစ္ေကာင္စီ အေပၚ အစြမ္းကုန္ ဒဏ္ခတ္ပိတ္ဆို႔ အေရးယူမႈ ျဖစ္ေစတယ္လို႔ ယူဆတဲ႔ အေၾကာင္းလည္း အထူးကိုယ္စားလွယ္ Andrews က ေျပာပါတယ္။
လက္ရွိမွာေတာ့ ႏုိင္ငံ ၄၀ ေလာက္က ျမန္မာ အေပၚမွာ စီးပြားေရး အရ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္ထားၿပီး ျဖစ္ပါတယ္။ ျမန္မာ အေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈ မခ်မွတ္ရေသးတဲ႔ ျမန္မာ အေပၚ လက္နက္ တင္ပို႔မႈ တားျမစ္ခ်က္ကို မကန္႔သတ္လိုတဲ႔ ႏုိင္ငံေတြကို ေဖာ္ထုတ္ၿပီး ျမန္မာ လူထုနဲ႔ အတူ ရပ္တည္လာေစေရး တိုက္တြန္း အားေပးႏုိင္ေၾကာင္းလည္း သူက ထပ္ေလာင္း ေျပာပါတယ္။
“ျမန္မာ လူထုနဲ႔ အတူ ရပ္တည္ေနပါတယ္ဆိုတာနဲ႔ ျမန္မာ လူထုကို တိုက္ခုိက္ေနတဲ႔ စစ္လက္နက္ ပစၥည္းေတြ ၀ယ္ယူႏုိင္ေစမယ့္ ဘ႑ာေငြေၾကး ျဖတ္ေတာက္ေရးကို အတူတကြ ေဆာင္ရြက္မယ္ ဆိုတာကို ရွင္းရွင္းလင္းလင္း ျပသဖို႔ အတြက္ ႏိုင္ငံတကာ အသိုင္းအ၀ိုင္းဘက္က ျပင္းထန္တဲ႔ ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္ေရး နဲ႔ လက္နက္တင္ပို႔မႈ တားျမစ္ခ်က္ေတြကို ေဆာင္ရြက္ဖို႔ လိုအပ္တယ္” လို႔ ကုလသမဂၢရဲ႕ ျမန္မာဆုိင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Andrews က တိုက္တြန္းပါတယ္။
စစ္ေကာင္စီကို ႏုိင္ငံတကာ ဘက္က တညီတညြတ္တည္း ဒဏ္ခတ္ပိတ္ဆို႔ေရး တိုက္တြန္း အားေပးေနတဲ႔ ကုလသမဂၢရဲ႕ ျမန္မာ့ လူ႔အခြင့္အေရးဆိုင္ရာ အထူးကိုယ္စားလွယ္ Tom Andrews က အာဏာသိမ္းမႈ ေနာက္ပိုင္း ထြက္ေျပး တိမ္းေရွာင္ရသူေတြ အပါအ၀င္ ႏုိင္ငံတြင္း အကူအညီ လိုအပ္သူေတြကို လူသားခ်င္း စာနာေထာက္ကူမႈ ေပးအပ္ဖို႔လည္း သိပ္ၿပီး အေရးႀကီးေနေၾကာင္း ေထာက္ျပေျပာဆိုခဲ႔ပါတယ္။
...............
နိုင်ငံတကာ ဒဏ်ခတ်မှုတွေကြောင့် အရပ်သားအုပ်ချုပ်မှု ပြန်လည်ဖြစ်ထွန်းရေး အထောက်အကူဖြစ် (ကုလအထူးကိုယ်စားလှယ် Tom Andrew)
(Zawgyi)
အာဏာသိမ်း စစ်တပ် အပေါ် နိုင်ငံတကာရဲ့ တစည်းတလုံးတည်း ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာဆိုရင် မြန်မာနိုင်ငံမှာ အရပ်သား အုပ်ချုပ်မှုစနစ် ပြန်လည် ဖြစ်ထွန်းလာစေရေး အတွက် အထောက်အကူ ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ဗွီအိုအေ အာရှ အစီအစဉ်နဲ့ သီးသန့် ဆက်သွယ်မေးမြန်းမှု အတွင်း ပြောဆိုပါတယ်။
စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေ သာမက အာဏာသိမ်း စစ်ကောင်စီကိုပါ အမေရိကန်က ဒဏ်ခတ် အရေးယူလိုက်တဲ့ အချက်၊ နောက် အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါတို့က မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေ အပေါ် တညီတညွတ်တည်း ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ထောက်ပြပြီး မြန်မာ လူထုနဲ့ အတူ ရပ်တည်လိုတဲ့ နိုင်ငံတွေအနေနဲ့ အလားတူ တစုတစည်းတည်း ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရင်တော့ စစ်ကောင်စီ အပေါ် အစွမ်းကုန် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု ဖြစ်စေတယ်လို့ ယူဆတဲ့ အကြောင်းလည်း အထူးကိုယ်စားလှယ် Andrews က ပြောပါတယ်။
လက်ရှိမှာတော့ နိုင်ငံ ၄၀ လောက်က မြန်မာ အပေါ်မှာ စီးပွားရေး အရ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။ မြန်မာ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု မချမှတ်ရသေးတဲ့ မြန်မာ အပေါ် လက်နက် တင်ပို့မှု တားမြစ်ချက်ကို မကန့်သတ်လိုတဲ့ နိုင်ငံတွေကို ဖော်ထုတ်ပြီး မြန်မာ လူထုနဲ့ အတူ ရပ်တည်လာစေရေး တိုက်တွန်း အားပေးနိုင်ကြောင်းလည်း သူက ထပ်လောင်း ပြောပါတယ်။
“မြန်မာ လူထုနဲ့ အတူ ရပ်တည်နေပါတယ်ဆိုတာနဲ့ မြန်မာ လူထုကို တိုက်ခိုက်နေတဲ့ စစ်လက်နက် ပစ္စည်းတွေ ဝယ်ယူနိုင်စေမယ့် ဘဏ္ဍာငွေကြေး ဖြတ်တောက်ရေးကို အတူတကွ ဆောင်ရွက်မယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသဖို့ အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရေး နဲ့ လက်နက်တင်ပို့မှု တားမြစ်ချက်တွေကို ဆောင်ရွက်ဖို့ လိုအပ်တယ်” လို့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Andrews က တိုက်တွန်းပါတယ်။
စစ်ကောင်စီကို နိုင်ငံတကာ ဘက်က တညီတညွတ်တည်း ဒဏ်ခတ်ပိတ်ဆို့ရေး တိုက်တွန်း အားပေးနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က အာဏာသိမ်းမှု နောက်ပိုင်း ထွက်ပြေး တိမ်းရှောင်ရသူတွေ အပါအဝင် နိုင်ငံတွင်း အကူအညီ လိုအပ်သူတွေကို လူသားချင်း စာနာထောက်ကူမှု ပေးအပ်ဖို့လည်း သိပ်ပြီး အရေးကြီးနေကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။