သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအပေါ် EU ဒဏ်ခတ်အရေးယူမှု သက်တမ်း တနှစ်တိုး


(Zawgyi/Unicode)

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ်အကြီးတန်းအရာရှိကြီး တွေနဲ့ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းရာမှာ ပါဝင်လုပ်ဆောင်ခဲ့သူတွေ အပေါ် အီးယူ ဥရောပသမဂ္ဂရဲ့ အရေးယူဒဏ်ခတ်မှုကို သက်တမ်း တနှစ်တိုးလိုက်ပါတယ်။

အီးယူရဲ့ အရေးယူမှုတွေထဲမှာတော့ ဒီပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ ခရီးသွားကန့်သတ်တာနဲ့ လက်နက်ရောင်းဝယ်မှုအပြင် စစ်တပ်နဲ့ ရဲတွေ လူထုကိုဖိနှိပ်ရာမှာ သုံးတဲ့ ကရိယာတွေ တင်ပို့မှုကိုပါ ၂၀၂၂ ဧပြီလ ၃၀ ရက်နေ့ အထိပိတ်ပင်ထားရှိမှာ ဖြစ်ကြောင်း ကြာသပတေးနေ့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

အီးယူရဲ့ အရေးယူမှုက မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က အဆင့်မြင့်အရာရှိတွေအပြင် စစ်ကောင်စီအဖွဲ့ဝင် အရပ်သားတွေနဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌတို့ကို ပစ်မှတ်ထား အရေးယူတာဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။

အီးယူအနေနဲ့ မြန်မာလူထုနဲ့ အတူ ဆက်လက် ရပ်တည်သွားမှာ ဖြစ်သလို လူသားချင်းစာနာမှု အကူညီတွေလည်း ဆက်လက်ပေးအပ်သွားမှာ ဖြစ်ကြောင်းနဲ့ ဒီနှစ်ထဲမှာ အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံက မြန်မာအတွက် ယူရိုငွေ သန်း ၂၀ ကျော် အမေရိကန်ဒေါ်လာ ၂၅ သန်းနီးပါး ကူညီပံ့ပိုး ပေးခဲ့ကြာင်းလည်း ပြောပါတယ်။

မြန်မာအပေါ် အီးယူက ဒဏ်ခတ်အရေးယူထားသူစာရင်းကို အီးယူက အမြဲတမ်းပြန်လည် သုံးသပ်နေ တာဖြစ်ပြီး နောက်ထပ်အရေးယူရမယ့်သူတွေ့ရင် စာရင်းထဲထပ်ဖြည့်မှာ ဖြစ်ကြောင်း အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေက ဖေဖေါ်ဝါရီလထဲမှာပဲ သတိပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်ကစပြီး အခုချိန်ထိ အသတ်ခံခဲ့ရတဲ့ ဆန္ဒပြပြည်သူ နဲ့ ဘေးမှာ ရပ်ကြည့်နေသူ စုစုပေါင်း ၇၅၀ ကျော်နေပါပြီ။ ဒါပေမယ့် စစ်ကောင်စီက ထုတ်ပြန်တဲ့ စာရင်းမှာတော့ အဲဒီအရေအတွက်ရဲ့ သုံးပုံတပုံလောက်ပဲ ရှိနေတာ ဖြစ်သလို ဆန္ဒပြသူတွေကို အင်အားအလွန်အကျံသုံးတယ်ဆိုတာ မဟုတ်မှန်ကြောင်းလည်း ငြင်းဆိုပါတယ်။

တိုက်ရိုက် လင့်ခ်


..........


(Unicode)







XS
SM
MD
LG