သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္လႊတ္ေတာ္အမတ္ ဓားထိုးတိုက္ခိ္ုက္ခံရမႈေၾကာင့္ ေသဆုံး


Police officers talk to a forensic technician at the scene outside the Belfairs Methodist Church, where British lawmaker David Amess died after being stabbed at a meeting with constituents, in Leigh-on-Sea, Essex, England, Oct. 15, 2021.

{{Zawgyi/Unicode}}

ၿဗိတိန္ ကြန္ဆာေဗးတစ္ပါတီ လႊတ္ေတာ္အမတ္ David Amess ဟာ ႏိုင္ငံအေရွ႕ ေတာင္ပိုင္းက သူ႔မဲဆႏၵနယ္ေျမျဖစ္ကို ေသာၾကာေန႔က ေရာက္ေနစဥ္ ခရစ္ယာန္ဘုရားေက်ာင္းတခုမွာ ဓါးနဲ႔ အခ်က္ေပါင္းမ်ားစြာ အထိုးခံရၿပီး ေသဆုံးသြားပါတယ္။ အသက္ ၆၉ ႏွစ္အရြယ္ လႊတ္ေတာ္အမတ္ ေသဆုံးမႈအတြက္ ၿဗိတိန္၀န္ႀကီးခ်ဳပ္ကလည္း ၀မ္းနည္းေၾကာင္း ေျပာဆိုခဲ့တာပါ။

"Sir David Amess ကို ဆုံးရႈံးရတဲ့အတြက္ က်ေနာ္တို႔ ရင္ထဲမွာ ၀မ္းနည္းတုန္လႈပ္မႈေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။" လို႔ ၀န္ႀကီးခ်ဳပ္ Boris Johnson ေျပာဆိုလိုက္တာပါ။ ႏိုင္ငံေရးေလာကမွာ သူဟာ ၾကင္နာသနားတတ္ဆုံး၊ ယဥ္ေက်းသိပ္ေမြ႕ဆုံးသူ တဦးျဖစ္ေၾကာင္းလည္း ၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။

ရဲတပ္ဖြဲ႕ကေတာ့ အဲဒီလူသတ္မူမွာ သံသယရွိတဲ့ အသက္ ၂၅ႏွစ္အ႐ြယ္ လူငယ္တေယာက္ကို ဖမ္းဆီးထားတယ္လို႔ေျပာပါတယ္။

တိုက္ခိုက္မႈနဲ႔ ဆက္ႏြယ္ၿပီး ေနာက္ထပ္ တျခားလူေတြကို စုံစမ္းရွာေဖြ ေနတာမ်ဳိး မရွိေၾကာင္းနဲ႔ အမ်ားျပည္သူအတြက္ အထိတ္တလန္႔ ျဖစ္ရေလာက္တဲ့ အေျခအေနမွာ မရွိဘူးလို႔ ယုံၾကည္ေၾကာင္းလည္း ေဒသခံရဲတပ္ဖဲြ႕က ေျပာပါတယ္။

ကြယ္လြန္သူ Amess ဟာ ၁၉ ၈၃ ခုႏွစ္ကတည္းက ပါလီမန္အမတ္အျဖစ္ ေ႐ြးေကာက္ခံခဲ့ရသူျဖစ္ၿပီး အိမ္ေထာင္ရွင္တဦးျဖစ္ကာ သားသမီး ၅ေယာက္ရွိပါတယ္။

..............................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ဗြိတိန် ကွန်ဆာဗေးတစ်ပါတီ လွှတ်တော်အမတ် David Amess ဟာ နိုင်ငံအရှေ့ တောင်ပိုင်းက သူ့မဲဆန္ဒနယ်မြေဖြစ်ကို သောကြာနေ့က ရောက်နေစဉ် ခရစ်ယာန်ဘုရားကျောင်းတခုမှာ ဓါးနဲ့ အချက်ပေါင်းများစွာ အထိုးခံရပြီး သေဆုံးသွားပါတယ်။ အသက် ၆၉ နှစ်အရွယ် လွှတ်တော်အမတ် သေဆုံးမှုအတွက် ဗြိတိန်ဝန်ကြီးချုပ်ကလည်း ဝမ်းနည်းကြောင်း ပြောဆိုခဲ့တာပါ။

"Sir David Amess ကို ဆုံးရှုံးရတဲ့အတွက် ကျနော်တို့ ရင်ထဲမှာ ဝမ်းနည်းတုန်လှုပ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။" လို့ ဝန်ကြီးချုပ် Boris Johnson ပြောဆိုလိုက်တာပါ။ နိုင်ငံရေးလောကမှာ သူဟာ ကြင်နာသနားတတ်ဆုံး၊ ယဉ်ကျေးသိပ်မွေ့ဆုံးသူ တဦးဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ရဲတပ်ဖွဲ့ကတော့ အဲဒီလူသတ်မူမှာ သံသယရှိတဲ့ အသက် ၂၅နှစ်အရွယ် လူငယ်တယောက်ကို ဖမ်းဆီးထားတယ်လို့ပြောပါတယ်။

တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး နောက်ထပ် တခြားလူတွေကို စုံစမ်းရှာဖွေ နေတာမျိုး မရှိကြောင်းနဲ့ အများပြည်သူအတွက် အထိတ်တလန့် ဖြစ်ရလောက်တဲ့ အခြေအနေမှာ မရှိဘူးလို့ ယုံကြည်ကြောင်းလည်း ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။

ကွယ်လွန်သူ Amess ဟာ ၁၉ ၈၃ ခုနှစ်ကတည်းက ပါလီမန်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပြီး အိမ်ထောင်ရှင်တဦးဖြစ်ကာ သားသမီး ၅ယောက်ရှိပါတယ်။

XS
SM
MD
LG