သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Biden သြစတြေးလျ ဝန်ကြီးချုပ်၊ ဗြိတိန်ဝန်ကြီးချုပ်တို့နဲ့ သီးခြားစီတေ့ွဆုံ


(Zawgyi /Unicode)

အမေရိကန် ပြည်ထောင်စု နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ (၇၆)ကြိမ်မြောက် အထွေထွေညီလာခံကို တက်ရောက်လာတဲ့ အမေရိကန် သမ္မတ ဘိုင်ဒန်ဟာ သြစတြေးလျဝန်ကြီးချုပ် Scott Morrison နဲ့ အင်္ဂါနေ့က သီးခြားတွေ့ဆုံခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦးတွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ထုတ်ပြန်တဲ့ အိမ်ဖြူတော်ကြေညာချက်မှာ- စံတန်ဖိုးတွေနဲ့ အပြန်အလှန်အကျိုးစီးပွားတွေကို အခြေခံတဲ့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒိုပစိဖိတ်ဒေသဖြစ်ဖို့ သူတို့ရဲ့ သန္နိဌာန်ကို ခေါင်းဆောင်နှစ်ဦးလုံးက ကတိပြုခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါအပြင်အခြေခံနိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေကို ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ဖို့ သမိုင်းဝင်မိတ်ဖက်အဖွဲ့အစည်းတွေ၊ အဖွဲ့ဝင်အသစ်တွေ အပါအဝင် ကမ္ဘာတဝှမ်းက မဟာမိတ်တွေနဲ့ မိတ်ဖက်နိုင်ငံတွေကြား လက်တွဲလုပ်ဆောင်ဖို့ အရေးကြီးတယ်ဆိုတဲ့အချက် ကိုသူတို့နှစ်ဦးလုံးက သဘောတူခဲ့ကြပါတယ်။

အင်္ဂါနေ့ နှောင်းပိုင်းမှာတော့ သမ္မတဘိုင်ဒန်ဟာ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နဲ့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဒီသီတင်းပတ်နှောင်းပိုင်းမှာ အမေရိကန်က အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် COVID-19 ထိပ်သီးအစည်းအဝေးမှာလည်း အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ၊ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga တို့နဲ့ သမ္မတဘိုင်ဒန် တွေ့ဆုံဖို့ရှိနေပါတယ်။

အိန္ဒိယနဲ့ ဂျပန်နှစ်နိုင်ငံလုံးဟာ တရုတ်ရဲ့ သြဇာကြီးထွားမှုကို ဆန့်ကျင်တဲ့ အင်အားစုလို့ ရှုမြင်ခံရတဲ့ Quad လို့ခေါ်တဲ့ သြစတြေးလျလည်းပါတဲ့ မဟာဗျူဟာမြောက်တွေ့ဆုံဆွေးနွေးရေး အဖွဲ့ဝင်တွေဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG