[Zawgyi]
သက္ေတာ္ ၉၅ ႏွစ္ရွိၿပီျဖစ္တဲ့ ၿဗိတိန္ဘုရင္မႀကီး ဒုတိယေျမာက္ အဲလိစ္ဇဘက္သ္ ဟာ ဒီႏွစ္ ေဖေဖာ္ဝါရီလထဲမွာပဲ နန္းသက္ ႏွစ္ ၇၀ ျပည့္သြားပါၿပီ။ ကမာၻေပၚက နန္းသက္အရွည္ဆုံး ဘုရင္၊ ဘုရင္မေတြထဲ ထိပ္ပိုင္းေနရာက ပါဝင္သလို၊ ၿဗိတိန္သမိုင္းမွာေတာ့ သူ႔ေလာက္ နန္းသက္ေရာ သက္ေတာ္ပါ ရွည္တဲ့ဘုရင္မ မရွိေသးပါဘူး။ ခုလို နန္းသက္ ၇၀ ျပည့္ခ်ိန္မွာပဲ ေတာ္ဝင္ မိသားစု အနာဂတ္နဲ႔ပတ္သက္လို႔ ေမးခြန္းထုတ္မႈေတြလည္း ရွိေနပါတယ္။ ဘုရင္မႀကီး အဲလိစ္ဇဘက္သ္ နဲ႔ပတ္သက္လို႔ သမိုင္းပညာရွင္ေတြ အပါအဝင္ ၿဗိတိန္ျပည္သူေတြက ဘယ္လို သေဘာထားၾကလဲ။ ဘာေတြ ေျပာဆိုထားၾကလဲ။ ေတာ္ဝင္မိသားစုရဲ႕ အနာဂတ္ အလားအလာ ဘာေတြ ျဖစ္လာႏိုင္သလဲ ဆိုတာေတြကို ေအပီနဲ႔ ႐ိုက္တာသတင္းေတြကို စုစည္းၿပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြး စုစည္း တင္ဆက္ထားပါတယ္။
၁၉၅၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔မွာ ခမည္းေတာ္ ဆဌမေျမာက္ ေဂ်ာ့ဂ်္ ဘုရင္ႀကီး နတ္႐ြာစံသြားတဲ့အတြက္ ၿဗိတိန္ ဘုရင္မႀကီး ဒုတိယေျမာက္ အဲလိစ္ဇဘက္သ္... ထီးနန္း အ႐ိုက္အရာ ဆက္ခံလာခဲ့တာ အခုဆိုရင္ ေတာ္ဝင္နန္းသက္ ႏွစ္ ၇၀ ျပည့္သြားခဲ့ပါၿပီ။ ၿဗိတိန္သမိုင္း မွာေတာ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁,၀၀၀ အတြင္း ခုလို အႏွစ္ ၇၀ အထိ ထီးနန္းအ႐ိုက္အရာ ဆက္ခံႏိုင္ခဲ့သူ မရွိဖူးေသးသလို၊ ကမာၻ႔သမိုင္းမွာလည္း ဒီလို နန္းသက္ ရွည္တဲ့သူ အနည္းအက်ဥ္းသာ ရွိပါတယ္။ ဒါေၾကာင့္ ၿဗိတိန္ ေတာ္ဝင္မိသားစု အတြက္ေတာ့ ဘုရင္မႀကီး နန္းသက္ ႏွစ္ ၇၀ ျပည့္သြားတာက ထူးျခားတဲ့ သမိုင္းမွတ္တိုင္တခုပဲ ျဖစ္ပါတယ္။
''ၿဗိတိန္ ဘုရင္မ တေယာက္ရဲ႕ နန္းသက္ ၇၀ ဆိုတာ ဘယ္တုန္းကမွ မရွိခဲ့ဖူးပါဘူး။ ဘုရင္မႀကီးက ထူးထူးျခားျခား သမိုင္း စံခ်ိန္ခ်ိဳးလိုက္တာပါပဲ။ သူ႔ အသက္ ၂၀ ေက်ာ္အ႐ြယ္ ထီးနန္း အ႐ိုက္အရာ ဆက္ခံခဲ့တဲ့ ၁၉၅၀ ျပည့္လြန္ႏွစ္ေတြအထိ ၿဗိတိန္ကို ျပန္ေျပာင္းၾကည့္ရင္ ႏွစ္ေပါင္း ၇၀ အတြင္းမွာ အေျပာင္းအလဲေတြ အမ်ားႀကီး ျဖစ္ခဲ့ၿပီးပါၿပီ။ ဘုရင္မႀကီး ကေတာ့ ခုထိ ရွိေနဆဲ ျဖစ္ပါတယ္။”
လန္ဒန္တကၠသိုလ္က ပါေမာကၡ Anna Whitelock ေျပာသြားတာပါ။ ၿဗိတိန္ဘုရင္မႀကီး အဲလိစ္ဇဘက္သ္ ဟာ သူ႔ရဲ႕ နန္းသက္ ႏွစ္ ၇၀ ကာလအတြင္း ေခတ္စနစ္ အေျပာင္းအလဲေတြၾကား အဆိုး အေကာင္း အေျခအေန မ်ိဳးစုံကို တည္တည္ၿငိမ္ၿငိမ္နဲ႔ ေအာင္ေအာင္ျမင္ျမင္ ေက်ာ္ျဖတ္ႏိုင္သူ အျဖစ္ လူသိမ်ားပါတယ္။ စည္းမ်ဥ္းခံဘုရင္တပါး က်င့္သုံးရတဲ့ စံႏႈန္းေတြနဲ႔အညီ အေကာင္းဆုံး က်င့္ႀကံ ေနထိုင္ခဲ့သလို၊ ႏိုင္ငံေရးမွာ ဘက္လိုက္မႈ ကင္းကင္း ရပ္တည္သူ၊ တိုင္းျပည္ရဲ႕ အက်ပ္အတည္း ကာလေတြမွာလည္း ျပည္သူေတြ တစုတစည္းတည္း ရွိေအာင္ စိတ္ခြန္အားနဲ႔ ဦးေဆာင္မႈ ေပးႏိုင္သူအျဖစ္ အမ်ားက အသိအမွတ္ ျပဳၾကပါတယ္။ ဘုရင္မႀကီး အဲလိစ္ဇဘက္သ္ ဟာ အင္မတန္ကို ထူးျခားတဲ့ ကမာၻေပၚမွာ ရွားရွားပါးပါး ပုဂၢိဳလ္တဦးပါလို႔ သမိုင္းပညာရွင္ Hugo Vickers က ေျပာပါတယ္။
"ၿဗိတိန္ရဲ႕ ေျပာင္းလဲလာတဲ့ ကာလတေလွ်ာက္လုံး သူဟာ တည္တည္ၿငိမ္ၿငိမ္၊ ရည္ရည္မြန္မြန္နဲ႔ ေဖာက္ျပန္ ေျပာင္းလဲမႈမရွိ ဦးေဆာင္မႈ ေပးႏိုင္ခဲ့ပါတယ္။ ဒါက လူတိုင္း သူ႔ဆီက သင္ယူသင့္တဲ့ အရာပါ။ အႏွစ္ ၇၀ လုံး ဒီလို ထိန္းသိမ္းေနထိုင္ ႏိုင္ဖို႔ ဆိုတာ ဘယ္သူမွ သူ႔လို လုပ္ႏိုင္မယ္ မထင္ပါဘူး။ သာမန္မဟုတ္တဲ့ အင္မတန္ကို ထူးျခားတဲ့ သူမ်ိဳးပါ။ ဒါကို အသိအမွတ္ျပဳ ဂုဏ္ျပဳသင့္ပါတယ္။”
ဘုရင္မ တေယာက္ျဖစ္လို႔ ေထာင္လႊား ေမာက္မာတာမ်ိဳး မရွိဘဲ ႐ိုး႐ိုးရွင္းရွင္း ေနထိုင္ၿပီး ေခတ္နဲ႔အညီ ေျပာင္းလဲလာတဲ့ အေျခအေနေတြကို နားလည္ လက္ခံ က်င့္သုံးႏိုင္သူ လို႔ သမိုင္းပညာရွင္ေတြက အသိအမွတ္ျပဳ ေျပာဆိုၾကပါတယ္။ ဒါေၾကာင့္လည္း ၿဗိတိန္ သမိုင္းမွာ တျခားေသာ ႏိုင္ငံ့ ေခါင္းေဆာင္ေတြနဲ႔ မတူဘဲ လူအမ်ားစုရဲ႕ ေလးစား ခ်စ္ခင္မႈကို အခ်ိန္အၾကာႀကီး ရရွိထားသူ ျဖစ္ပါတယ္။ ေတာ္ဝင္မိသားစု သမိုင္းေၾကာင္းေတြကို နားလည္တတ္ကြၽမ္းတဲ့ သမိုင္းပညာရွင္ Robert Lacey ကလည္း ဘုရင္မႀကီးနဲ႔ ပတ္သက္လို႔ ခုလို သုံးသပ္ ေျပာဆိုပါတယ္။
“သူဟာ သူ႔ကိုယ္သူ စနစ္တခုရဲ႕ အစိတ္အပိုင္းလို႔ ရႈျမင္တဲ့သူပါ။ ေမာက္မာ ေထာင္လႊားျခင္း မရွိပါဘူး။ ေတာ္ဝင္ မိသားစုေတြထဲမွာ ငါတို႔သာ အေရးပါဆုံး၊ ငါတို႔သာ အရာရာ ျဖစ္တယ္ဆိုတဲ့ လူတခ်ိဳ႕ ရွိေကာင္းရွိပါလိမ့္မယ္။ ဒါေပမဲ့ ေအာင္ျမင္တဲ့ ၿဗိတိန္ဘုရင္ေတြ အားလုံး ကေတာ့ လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ ေနခဲ့ၾကသူေတြပါ။ သူတို႔ဟာ သူတို႔ထက္ ပိုၿပီး ႀကီးမားတဲ့ အဖြဲ႕အစည္းတခုရဲ႕ အစိတ္အပိုင္း တခုျဖစ္တယ္ ဆိုတာကို နားလည္ၿပီး လူတေယာက္ခ်င္းစီထက္ ပိုၿပီး အေရးႀကီးတဲ့ အရာေတြ ရွိတယ္ဆိုတာကို လက္ခံထားၾကသူေတြပါ။ ဘုရင္မႀကီး ဟာလည္း အဲ့ဒီလို ပုဂၢိဳလ္မ်ိဳးပါပဲ။ ဆက္ၿပီးတာ့လည္း သူ အဲ့လိုပဲ ေနသြားမွာပါ။ အခု ႏွစ္ ၇၀ ရတုမွာလည္း ျပည္သူေတြက ဒါကို ဂုဏ္ယူ ဆင္ႏႊဲၾကမွာပါ။ ေတာ္ဝင္ဘုရင္မႀကီးရဲ႕ ခမ္းနား ထည္ဝါမႈ၊ သူ႔ရဲ႕ ရပ္တည္ ေနထိုင္မႈနဲ႔ အေလးထားမႈေတြ၊ တာဝန္ကို အေကာင္းဆုံး ထမ္းေဆာင္ႏိုင္မႈေတြကို ဂုဏ္ျပဳ ဆင္ႏႊဲၾကမွာ ျဖစ္ပါတယ္။”
ဘုရင္မႀကီး အဲလိစ္ဇဘက္သ္ အေနနဲ႔ က်န္းက်န္းမာမာနဲ႔ ေနာက္ထပ္ ႏွစ္အနည္းငယ္အထိ ထီးနန္းမွာ ဆက္ ရွိသြားႏိုင္မယ္ဆိုရင္ေတာ့ ကမာၻေပၚမွာ လက္ရွိ နန္းသက္အရွည္ဆုံး ျပင္သစ္ဘုရင္ ၁၄ ေယာက္ေျမာက္ လူဝီကို ေက်ာ္ၿပီး ကမာၻ႔နန္းသက္ အရွည္ဆုံး ဘုရင္မတပါး ျဖစ္လာႏိုင္တယ္လို႔ ပညာရွင္ေတြက ေျပာၾကပါတယ္။ လက္ရွိမွာေတာ့ ျပင္သစ္ လူဝီဘုရင္က နန္းသက္ ၇၂ ႏွစ္ေက်ာ္ ရွိခဲ့တာေၾကာင့္ ကမာၻ႔နန္းသက္ အရွည္ဆုံး ဘုရင္ျဖစ္ၿပီး ၂၀၁၆ ခုႏွစ္က နတ္႐ြာစံခဲ့တဲ့ ထိုင္းဘုရင္ ဘူမိေဘာအဒူရာဒက္ခ်္ က နန္းသက္ ႏွစ္ ၇၀ နဲ႔ ၁၂၆ ရက္ ရွိၿပီး ကမာၻ႔ ဒုတိယ နန္းသက္အရွည္ဆုံးပါ။ ဒါေၾကာင့္ ဘုရင္မႀကီး အဲလိစ္ဇဘက္ကို ေနာက္ထပ္ ႏွစ္အနည္းငယ္ ထီးနန္းမွာ ဆက္ရွိေနဖို႔ ေမွ်ာ္လင့္သူေတြလည္း အမ်ားအျပား ရွိသလို၊ ဘုရင္မႀကီး မရွိေတာ့တဲ့ ေနာက္ပိုင္း ေတာ္ဝင္မိသားစု အနာဂတ္နဲ႔ ပတ္သက္လို႔ စိုးရိမ္ ပူပန္မႈေတြလည္း ရွိေနပါတယ္။
ဘုရင္မႀကီးကို ေလးစားခ်စ္ခင္သူေတြ မ်ားေပမဲ့၊ ေတာ္ဝင္မိသားစုနဲ႔ ပတ္သက္လာရင္ေတာ့ ေမးခြန္းထုတ္ ေဝဖန္မႈေတြက ေခတ္အဆက္ဆက္ ဆိုသလို ရွိလာခဲ့တာပါ။ ၁၉၈၀ ျပည့္လြန္ႏွစ္ေတြက သားေတာ္ႀကီး အိမ္ေရွ႕မင္းသား ခ်ားလ္စ္ နဲ႔ ခုခ်ိန္မွာ ကြယ္လြန္သြားၿပီ ျဖစ္တဲ့ မင္းသမီး ဒိုင္ယာနာတို႔ရဲ႕ အိမ္ေထာင္ေရး ျပႆနာ ကေန၊ ေနာက္ပိုင္းကာလေတြမွာလည္း သားလတ္ မင္းသား အန္ဒ႐ူးက အ႐ြယ္မေရာက္ ေသးတဲ့ မိန္းခေလး တေယာက္ကို မဖြယ္မရာ လိင္ ဆက္ဆံခဲ့တယ္ ဆိုၿပီး စြပ္စြဲခံထားရတာ ရွိသလို၊ ေျမးေတာ္ မင္းသား ဟယ္ရီ နဲ႔ ၾကင္ယာေတာ္ Meghan တို႔ ေတာ္ဝင္မိသားစုကေန ခြဲထြက္ သြားခဲ့တာအျပင္၊ ေတာ္ဝင္မိသားစုတြင္း လူမ်ိဳးေရး ခြဲျခားမႈေတြ ရွိေနတယ္လို႔ မင္းသမီး Meghan က ေျပာဆိုထားတာေတြလို အမ်ား ေစာင့္ၾကည့္ ေဝဖန္စရာ ျဖစ္ရပ္ေတြ ရွိေနတာပါ။
ေတာ္ဝင္မိသားစုနဲ႔ပတ္သက္လို႔ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ကုန္ ဒီဇင္ဘာလက လုပ္ခဲ့တဲ့ လူထုစစ္တမ္း တခုမွာေတာ့ စစ္တမ္းမွာ ပါဝင္သူ ၈၃ % အမ်ားစုက ေထာက္ခံတာ ေတြ႕ရပါတယ္။ ဒါေပမဲ့ တခ်ိန္တည္းမွာလည္း ဘုရင္မႀကီး ေနရာမွာ သားေတာ္ အိမ္ေရွ႕စံ ခ်ားလ္စ္ မင္းသား အ႐ိုက္အရာ ဆက္ခံမွာကို အထူးသျဖင့္ လူငယ္ေတြကေတာ့ လက္မခံခ်င္ ၾကပါဘူး။ ဝင္ဆာၿမိဳ႕မွာ ေနထိုင္တဲ့ အသက္ ၂၀ အ႐ြယ္ Margrux Butler က ခုလို ေျပာပါတယ္။
“ေတာ္ဝင္မိသားစု ရွိျခင္း မရွိျခင္းအေပၚ ေယဘုယ်အားျဖင့္ ခံစားခ်က္ သိပ္မရွိေပမဲ့ ခ်ားလ္စ္မင္းသားနဲ႔ ပတ္သက္လို႔ေတာ့ အျငင္းပြားစရာ တခ်ိဳ႕ ရွိပါတယ္။ တျခား လူငယ္ေတြ အမ်ားအျပားလည္း ဒီလိုပဲ ခံစားရမွာပါ။ လူႀကီးေတြ ကေတာ့ ဒီေလာက္ ျဖစ္ခ်င္မွ ျဖစ္ပါလိမ့္မယ္။ ဒါေပမဲ့ က်မ စကားေျပာဖူးတဲ့ သူေတြထဲမွာေတာ့ ခ်ားလ္စ္ ကို ႀကိဳက္တဲ့သူ မရွိသေလာက္ပါပဲ။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ က်မကေတာ့ ေဆာရီးပါ။ လက္မခံပါဘူး။”
လန္ဒန္ၿမိဳ႕သား Jacob Appirah ကေတာ့ ၿဗိတိန္မွာ ေတာ္ဝင္မိသားစု ဆက္ ရွိသည္ျဖစ္ေစ မရွိသည္ ျဖစ္ေစ သူ႔အတြက္ေတာ့ ဘာမွ မထူးျခားဘူးလို႔ ေျပာပါတယ္။
"က်ေနာ့္အတြက္ကေတာ့ ဘယ္လို ေျပာရမလဲ က်ေနာ္တို႔အေပၚ သက္ေရာက္မႈ တစုံတရာ ရွိေစမယ့္ လုပ္ရပ္မ်ိဳး၊ သူ႔ေၾကာင့္ တင့္တယ္ သြားရတယ္ ဆိုတာမ်ိဳး ဘာမွမရွိပါဘူး။ ဆိုေတာ့ သူ ရွိရွိ မရွိရွိ က်ေနာ္ ကေတာ့ ဂ႐ု မစိုက္ပါဘူး။”
ဒါေပမဲ့ ဘုရင္မႀကီးနဲ႔ ေတာ္ဝင္မိသားစု ရွိေနတဲ့အတြက္ ၿဗိတိန္ကို တျခား ႏိုင္ငံေတြနဲ႔မတူ ထူးျခားေစၿပီး ကမာၻလွည့္ခရီးသြား လုပ္ငန္းအတြက္ပါ အက်ိဳးအျမတ္ ရွိေစတယ္လို႔ျမင္တဲ့ လူငယ္တခ်ိဳ႕လည္း ရွိပါတယ္။
“ေတာ္ဝင္မိသားစု ရွိတာနဲ႔ပတ္သက္လို႔ေတာ့ ေကာင္းတာေတြလည္း အမ်ားႀကီး ရွိတယ္လို႔ ထင္ပါတယ္။ ယူေကရဲ႕ ကမာၻလွည့္ခရီးသြား လုပ္ငန္းအတြက္ အက်ိဳးအျမတ္ အမ်ားႀကီး ရေစတာ ရွိသလို၊ ေတာ္ဝင္မိသားစုနဲ႔ ဆက္စပ္တဲ့ ထူးျခားတဲ့ သမိုင္းေတြလည္း ရွိပါတယ္။ က်မကေတာ့ တိုးတက္တဲ့ အျမင္နဲ႔ ၾကည့္ပါတယ္။ ဒါေၾကာင့္ ဖ်က္လိုက္ဖို႔ ဆိုတာမ်ိဳးေတာ့ သေဘာမတူပါဘူး။”
ေတာ္ဝင္မိသားစု သတင္းေတြ ေဖာ္ျပေလ့ရွိတဲ့ HELLO! မဂၢဇင္း အယ္ဒီတာ Emily Nash ကလည္း ၿဗိတိန္မွာ ဘုရင္မႀကီး အဲလိစ္ဇဘက္သ္ လို ခန႔္ညားထည္ဝါၿပီး ေလးစားဂုဏ္ယူစရာ ေကာင္းတဲ့ ဘုရင္တပါး ရွိေနတဲ့အတြက္ ျပည္သူေတြကို စိတ္ခ်မ္းသာမႈ ရေစတယ္လို႔ ေျပာပါတယ္။
"ဘုရင္မႀကီး ရွိေနတဲ့အတြက္ လူေတြ စိတ္ခ်မ္းသာမႈ ရေစတယ္လို႔ က်မကေတာ့ ထင္ပါတယ္။ သူ႔ရဲ႕ တည္ရွိမႈက က်မတို႔ အမ်ားစုရဲ႕ သက္တမ္းထက္ကို ပိုပါတယ္။ က်မတို႔ အားလုံး ဘဝေတြ အတြက္ သူ ရွိခဲ့ပါတယ္။ တိုင္းျပည္မွာ ခက္ခဲတဲ့ အခ်ိန္ေတြ၊ မၿငိမ္သက္တဲ့ အခါမ်ိဳးေတြတိုင္းမွာ သူက တည္တည္ၿငိမ္ၿငိမ္ ရပ္တည္ေပးခဲ့ပါတယ္။ တကယ္တမ္းဆို သူ႔အတြက္က သူ႔ကို ေထာက္ခံမယ့္ မဲဆႏၵရွင္ေတြရဲ႕ မ်က္ႏွာၾကည့္ေနရတဲ့သူမ်ိဳး မဟုတ္သလို၊ ကိုယ့္ရဲ႕ အေအာင္ျမင္ဆုံး ႐ုပ္ရွင္၊ ဓာတ္ျပား စသျဖင့္ ေအာင္ျမင္မႈ အရွိန္ ဆက္ထိန္းေနရတဲ့ သူမ်ိဳးလည္း မဟုတ္ပါဘူး။ လုပ္သင့္တာကိုပဲ လုပ္တဲ့သူပါ။ ငိုျပ ရယ္ျပ ဒရမ္မာေတြ မလုပ္ဘဲ ကိုယ့္တာဝန္ကို မညည္းမညဴ ထမ္း႐ြက္တဲ့ သူမ်ိဳးပါ။ ဒါေၾကာင့္လဲ လူေတြက သူ႔ကို ေလးစားခ်စ္ခင္ၾကတာပါ။”
ေတာ္ဝင္မႈသားစု တည္ရွိမႈနဲ႔ပတ္သက္လို႔ လူငယ္ေတြၾကား ေမးခြန္းထုတ္မႈေတြ ရွိတယ္ ဆိုေပမဲ့လည္း၊ လူႀကီး လူလတ္ပိုင္း အ႐ြယ္ေတြၾကားမွာေတာ့ ဘုရင္မႀကီးနဲ႔အတူ ေတာ္ဝင္မိသားစုကို ေထာက္ခံသူေတြက အခိုင္အမာ ရွိေနဆဲပဲလို႔ ေျပာရမွာပါ။
“က်ေနာ္ ကေတာ့ ေတာ္ဝင္မိသားစုကို ေထာက္ခံပါတယ္။ က်ေနာ့္ အသက္အ႐ြယ္နဲ႔ ဒီအေျခအေနမွာ ေနသားက်ေနတာ၊ ဒီစနစ္အတိုင္း ႀကီးျပင္း လာခဲ့တာေတြေၾကာင့္ ေတာ္ဝင္မိသားစုကို ေလးစားပါတယ္။ လက္ရွိမွာ York နယ္စား (မင္းသား Andrew) နဲ႔ ပတ္သက္တဲ့ ျပႆနာေတြ၊ မင္းသား ဟယ္ရီနဲ႔ ေမဂန္ တို႔နဲ႔ျဖစ္တဲ့ ျပႆနာေတြ ေတာ့ ရွိပါတယ္။ ဒါေပမဲ့ ဘယ္လိုပဲျဖစ္ျဖစ္ အေရးႀကီးတာက ဒီေတာ္ဝင္မိသားစုဟာ က်ေနာ္တို႔နဲ႔ ႏွစ္ေပါင္း ရာေတြနဲ႔ခ်ီ ရွိခဲ့တဲ့ သူေတြပါ။ ဒီ့ထက္ ပိုရွိေနလို႔လည္း ရေသးတယ္လို႔ က်ေနာ္ကေတာ့ ထင္ပါတယ္။”
အသက္ ၇၀ အ႐ြယ္ ဘာမင္ဟန္ ၿမိဳ႕သား Bromley Johns ေျပာသြားတာပါ။ အလားသူ အသက္ ၇၆ ႏွစ္အ႐ြယ္ ေနာက္ထပ္ ဘာမင္ဟန္ၿမိဳ႕သား တဦးျဖစ္တဲ့ Richard Brotherton ကလည္း ဘုရင္မႀကီး ကံကုန္သြားရင္ေတာင္ ေတာ္ဝင္မိသားစု ကေတာ့ ဆက္ရွိေန သင့္တယ္လို႔ ေျပာပါတယ္။
"တခ်ိန္က ခမည္းေတာ္ရဲ႕ အ႐ိုက္အရာကို ဘုရင္မႀကီး ဆက္ခံ ခဲ့သလိုပဲ၊ အခု ခ်ားလ္စ္ မင္းသားက ဘုရင္မႀကီးရဲ႕ အ႐ိုက္အရာကို ဆက္ ခံရမွာပါ။ အဲ့ဒီလို ဆက္ခံရမယ့္အခ်ိန္မွာ သူ အသက္ရွင္လ်က္ ဆက္ရွိေနဦးမယ္ ဆိုရင္ေပါ့ဗ်ာ။”
ဘုရင္မႀကီး သက္ေတာ္ ႀကီးရင့္လာတာနဲ႔အမ ွ် အိမ္ေရွ႕စံ ခ်ားလ္စ္မင္းသား ထီးနန္း ဆက္ခံဖို႔အတြက္ ျပင္ဆင္မႈေတြ ကေတာ့ အခု ကတည္းက ရွိေနပါၿပီ။ မင္းသား ခ်ားလ္စ္ ဘုရင္ျဖစ္လာတဲ့အခါ ၾကင္ယာေတာ္ ကမီးလာ ကို မိဘုရားအျဖစ္ တင္ေျမႇာက္ဖို႔မွာ လက္ထပ္ ထိမ္းျမားျခင္းဆိုင္ရာ နန္းတြင္းဥပေဒအရ လက္မခံတဲ့ အေျခအေနေတြနဲ႔ အျငင္းပြားမႈေတြ ရွိေနေသးေပမဲ့လို႔၊ ဘုရင္မႀကီးကေတာ့ သူ႔ သေဘာဆႏၵ ေျပာရရင္ Cornwell ၿမိဳ႕စားကေတာ္ ကမီးလာ ကို မိဘုရား တင္ေျမႇာက္ေစခ်င္ပါတယ္လို႔ သူ႔ရဲ႕ နန္းသက္ ႏွစ္ ၇၀ ျပည့္ခ်ိန္မွာ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။ မင္းသမီး ဒိုင္ယာနာ ကြယ္လြန္ၿပီးေနာက္ပိုင္း ၂၀၀၅ ခုႏွစ္မွာ ခ်ားလ္စ္မင္းသားနဲ႔ ၾကင္ယာေတာ္ ကမီးလာတို႔ အရပ္ဘက္ ဥပေဒနဲ႔အညီ လက္ထပ္ခဲ့ၾကေပမဲ့၊ ေတာ္ဝင္နန္းတြင္း ဥပေဒအရ သူတို႔ႏွစ္ဦး ထိမ္းျမားမႈက တရားမဝင္တာေၾကာင့္ ခ်ားလ္စ္မင္းသား အေနနဲ႔ ဘုရင္ျဖစ္လာရင္ေတာင္ ၾကင္ယာေတာ္ ကမီးလာကို မိဘုရားေျမႇာက္ဖို႔မွာ အဟန႔္အတားေတြ ရွိေနတာပါ။
ေတာ္ဝင္မိသားစု အနာဂတ္နဲ႔ပတ္သက္လို႔ အေျခအေနေတြ ဘယ္လိုပဲ ရွိေနပါေစ၊ ေလာေလာဆယ္မွာေတာ့ နန္းသက္ ႏွစ္ ၇၀ ျပည့္သြားတဲ့ ဘုရင္မႀကီး အဲလ္စ္ဇဘက္သ္ အတြက္ ဂုဏ္ျပဳ အခမ္းအနားေတြကို ဒီႏွစ္ ဇြန္လထဲမွာ ခမ္းခမ္းနားနား က်င္းပသြားဖို႔ ေတာ္ဝင္မိသားစုေတြ ေရာ၊ ဘုရင္မႀကီးကို ခ်စ္ခင္ေလးစားၾကတဲ့ ျပည္သူေတြေရာ ျပင္ဆင္ေနၾကပါတယ္။ ဒီလို ျပင္ဆင္ေနၾကသူေတြ ထဲမွာ Windsor & Eton ဘီယာခ်က္စက္႐ုံ ၫႊန္ၾကားေရးမႉး Will Calvert လည္း ပါ ပါတယ္။
"ေသခ်ာတာကေတာ့ ဒါက ဝင္ဆာ နန္းေတာ္တခုတည္းနဲ႔ဆိုင္တဲ့ အခမ္းအနား မဟုတ္ပါဘူး။ ဝင္ဆာက အဓိက က်တာ မွန္ပါတယ္။ ဒါေပမဲ့ ဒီအခမ္းအနားဟာ တႏိုင္ငံလုံး၊ ဓနသဟာရ ျပည္ေထာင္ အားလုံးနဲ႔ ဆိုင္ပါတယ္။ လာမယ့္ ႏွစ္ေပါင္းမ်ားစြာ အထိ သတိရေနေစမယ့္ အခမ္းအနားေတြ ျဖစ္ေအာင္ က်ေနာ္တို႔ အားလုံး ဝိုင္းဝန္း ပံ့ပိုးေဆာင္႐ြက္ၾကရမွာပါ။”
နန္းသက္ ႏွစ္ ၇၀ ျပည့္ အတိျပည့္တဲ့ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔ တုန္းကလည္း ဘုရင္မႀကီးအတြက္ အထိမ္းအမွတ္ အခမ္းအနား တရပ္ကို အိမ္ေရွ႕မင္းသား ခ်ားလ္စ္က ဦးေဆာင္က်င္းပခဲ့ပါတယ္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ အပါအဝင္ ႏိုင္ငံေရး အသိုင္းအဝိုင္းက အထင္ကရ ပုဂၢိဳလ္ေတြ၊ ဘာသာေရး ေခါင္းေဆာင္ေတြ တက္ေရာက္ခဲ့ၾကၿပီး ဘုရင္မႀကီးရဲ႕ အမ်ားအက်ိဳးေဆာင္ ရည္တည္မႈေတြ အတြက္ ခ်ီးက်ဴး ဂုဏ္ျပဳခဲ့ၾကပါတယ္။
လက္ရွိအခ်ိန္မွာ ေတာ္ဝင္မိသားစုအတြင္း ျပႆနာေတြနဲ႔ ပတ္သက္လို႔ ေမးခြန္းထုတ္မႈေတြ၊ ေဝဖန္မႈေတြ ဘယ္လိုပဲ ရွိေနပါေစ… နန္းသက္ ႏွစ္ ၇၀ ကို ေအာင္ေအာင္ျမင္ျမင္ ျဖတ္သန္းလာခဲ့တဲ့ ဘုရင္မႀကီး အဲလိစ္ဇဘက္သ္ ကိုေတာ့ ၿဗိတိန္ျပည္သူ အမ်ားအျပားက ၾကည္ညိဳ ေလးစား အားထားၾကဆဲ ျဖစ္တယ္ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲရပ္နားခြင့္ ျပဳပါရွင္။ က်မ ခင္ျဖဴေထြးပါ။
======================================
[Unicode]
နန်းသက် နှစ် ၇၀ ပြည့်သွားတဲ့ ဗြိတိန်ဘုရင်မကြီး အဲလိစ်ဇဘက်သ် (အမျိုးသမီးကဏ္ဍ)
သက်တော် ၉၅ နှစ်ရှိပြီဖြစ်တဲ့ ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိစ်ဇဘက်သ် ဟာ ဒီနှစ် ဖေဖော်ဝါရီလထဲမှာပဲ နန်းသက် နှစ် ၇၀ ပြည့်သွားပါပြီ။ ကမ္ဘာပေါ်က နန်းသက်အရှည်ဆုံး ဘုရင်၊ ဘုရင်မတွေထဲ ထိပ်ပိုင်းနေရာက ပါဝင်သလို၊ ဗြိတိန်သမိုင်းမှာတော့ သူ့လောက် နန်းသက်ရော သက်တော်ပါ ရှည်တဲ့ဘုရင်မ မရှိသေးပါဘူး။ ခုလို နန်းသက် ၇၀ ပြည့်ချိန်မှာပဲ တော်ဝင် မိသားစု အနာဂတ်နဲ့ပတ်သက်လို့ မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။ ဘုရင်မကြီး အဲလိစ်ဇဘက်သ် နဲ့ပတ်သက်လို့ သမိုင်းပညာရှင်တွေ အပါအဝင် ဗြိတိန်ပြည်သူတွေက ဘယ်လို သဘောထားကြလဲ။ ဘာတွေ ပြောဆိုထားကြလဲ။ တော်ဝင်မိသားစုရဲ့ အနာဂတ် အလားအလာ ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာတွေကို အေပီနဲ့ ရိုက်တာသတင်းတွေကို စုစည်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး စုစည်း တင်ဆက်ထားပါတယ်။
၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ခမည်းတော် ဆဌမမြောက် ဂျော့ဂျ် ဘုရင်ကြီး နတ်ရွာစံသွားတဲ့အတွက် ဗြိတိန် ဘုရင်မကြီး ဒုတိယမြောက် အဲလိစ်ဇဘက်သ်... ထီးနန်း အရိုက်အရာ ဆက်ခံလာခဲ့တာ အခုဆိုရင် တော်ဝင်နန်းသက် နှစ် ၇၀ ပြည့်သွားခဲ့ပါပြီ။ ဗြိတိန်သမိုင်း မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ အတွင်း ခုလို အနှစ် ၇၀ အထိ ထီးနန်းအရိုက်အရာ ဆက်ခံနိုင်ခဲ့သူ မရှိဖူးသေးသလို၊ ကမ္ဘာ့သမိုင်းမှာလည်း ဒီလို နန်းသက် ရှည်တဲ့သူ အနည်းအကျဉ်းသာ ရှိပါတယ်။ ဒါကြောင့် ဗြိတိန် တော်ဝင်မိသားစု အတွက်တော့ ဘုရင်မကြီး နန်းသက် နှစ် ၇၀ ပြည့်သွားတာက ထူးခြားတဲ့ သမိုင်းမှတ်တိုင်တခုပဲ ဖြစ်ပါတယ်။
''ဗြိတိန် ဘုရင်မ တယောက်ရဲ့ နန်းသက် ၇၀ ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ ဘုရင်မကြီးက ထူးထူးခြားခြား သမိုင်း စံချိန်ချိုးလိုက်တာပါပဲ။ သူ့ အသက် ၂၀ ကျော်အရွယ် ထီးနန်း အရိုက်အရာ ဆက်ခံခဲ့တဲ့ ၁၉၅၀ ပြည့်လွန်နှစ်တွေအထိ ဗြိတိန်ကို ပြန်ပြောင်းကြည့်ရင် နှစ်ပေါင်း ၇၀ အတွင်းမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့ပြီးပါပြီ။ ဘုရင်မကြီး ကတော့ ခုထိ ရှိနေဆဲ ဖြစ်ပါတယ်။”
လန်ဒန်တက္ကသိုလ်က ပါမောက္ခ Anna Whitelock ပြောသွားတာပါ။ ဗြိတိန်ဘုရင်မကြီး အဲလိစ်ဇဘက်သ် ဟာ သူ့ရဲ့ နန်းသက် နှစ် ၇၀ ကာလအတွင်း ခေတ်စနစ် အပြောင်းအလဲတွေကြား အဆိုး အကောင်း အခြေအနေ မျိုးစုံကို တည်တည်ငြိမ်ငြိမ်နဲ့ အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်သူ အဖြစ် လူသိများပါတယ်။ စည်းမျဉ်းခံဘုရင်တပါး ကျင့်သုံးရတဲ့ စံနှုန်းတွေနဲ့အညီ အကောင်းဆုံး ကျင့်ကြံ နေထိုင်ခဲ့သလို၊ နိုင်ငံရေးမှာ ဘက်လိုက်မှု ကင်းကင်း ရပ်တည်သူ၊ တိုင်းပြည်ရဲ့ အကျပ်အတည်း ကာလတွေမှာလည်း ပြည်သူတွေ တစုတစည်းတည်း ရှိအောင် စိတ်ခွန်အားနဲ့ ဦးဆောင်မှု ပေးနိုင်သူအဖြစ် အများက အသိအမှတ် ပြုကြပါတယ်။ ဘုရင်မကြီး အဲလိစ်ဇဘက်သ် ဟာ အင်မတန်ကို ထူးခြားတဲ့ ကမ္ဘာပေါ်မှာ ရှားရှားပါးပါး ပုဂ္ဂိုလ်တဦးပါလို့ သမိုင်းပညာရှင် Hugo Vickers က ပြောပါတယ်။
"ဗြိတိန်ရဲ့ ပြောင်းလဲလာတဲ့ ကာလတလျှောက်လုံး သူဟာ တည်တည်ငြိမ်ငြိမ်၊ ရည်ရည်မွန်မွန်နဲ့ ဖောက်ပြန် ပြောင်းလဲမှုမရှိ ဦးဆောင်မှု ပေးနိုင်ခဲ့ပါတယ်။ ဒါက လူတိုင်း သူ့ဆီက သင်ယူသင့်တဲ့ အရာပါ။ အနှစ် ၇၀ လုံး ဒီလို ထိန်းသိမ်းနေထိုင် နိုင်ဖို့ ဆိုတာ ဘယ်သူမှ သူ့လို လုပ်နိုင်မယ် မထင်ပါဘူး။ သာမန်မဟုတ်တဲ့ အင်မတန်ကို ထူးခြားတဲ့ သူမျိုးပါ။ ဒါကို အသိအမှတ်ပြု ဂုဏ်ပြုသင့်ပါတယ်။”
ဘုရင်မ တယောက်ဖြစ်လို့ ထောင်လွှား မောက်မာတာမျိုး မရှိဘဲ ရိုးရိုးရှင်းရှင်း နေထိုင်ပြီး ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ အခြေအနေတွေကို နားလည် လက်ခံ ကျင့်သုံးနိုင်သူ လို့ သမိုင်းပညာရှင်တွေက အသိအမှတ်ပြု ပြောဆိုကြပါတယ်။ ဒါကြောင့်လည်း ဗြိတိန် သမိုင်းမှာ တခြားသော နိုင်ငံ့ ခေါင်းဆောင်တွေနဲ့ မတူဘဲ လူအများစုရဲ့ လေးစား ချစ်ခင်မှုကို အချိန်အကြာကြီး ရရှိထားသူ ဖြစ်ပါတယ်။ တော်ဝင်မိသားစု သမိုင်းကြောင်းတွေကို နားလည်တတ်ကျွမ်းတဲ့ သမိုင်းပညာရှင် Robert Lacey ကလည်း ဘုရင်မကြီးနဲ့ ပတ်သက်လို့ ခုလို သုံးသပ် ပြောဆိုပါတယ်။
“သူဟာ သူ့ကိုယ်သူ စနစ်တခုရဲ့ အစိတ်အပိုင်းလို့ ရှုမြင်တဲ့သူပါ။ မောက်မာ ထောင်လွှားခြင်း မရှိပါဘူး။ တော်ဝင် မိသားစုတွေထဲမှာ ငါတို့သာ အရေးပါဆုံး၊ ငါတို့သာ အရာရာ ဖြစ်တယ်ဆိုတဲ့ လူတချို့ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ အောင်မြင်တဲ့ ဗြိတိန်ဘုရင်တွေ အားလုံး ကတော့ လိုက်လျောညီထွေ ဖြစ်အောင် နေခဲ့ကြသူတွေပါ။ သူတို့ဟာ သူတို့ထက် ပိုပြီး ကြီးမားတဲ့ အဖွဲ့အစည်းတခုရဲ့ အစိတ်အပိုင်း တခုဖြစ်တယ် ဆိုတာကို နားလည်ပြီး လူတယောက်ချင်းစီထက် ပိုပြီး အရေးကြီးတဲ့ အရာတွေ ရှိတယ်ဆိုတာကို လက်ခံထားကြသူတွေပါ။ ဘုရင်မကြီး ဟာလည်း အဲ့ဒီလို ပုဂ္ဂိုလ်မျိုးပါပဲ။ ဆက်ပြီးတာ့လည်း သူ အဲ့လိုပဲ နေသွားမှာပါ။ အခု နှစ် ၇၀ ရတုမှာလည်း ပြည်သူတွေက ဒါကို ဂုဏ်ယူ ဆင်နွှဲကြမှာပါ။ တော်ဝင်ဘုရင်မကြီးရဲ့ ခမ်းနား ထည်ဝါမှု၊ သူ့ရဲ့ ရပ်တည် နေထိုင်မှုနဲ့ အလေးထားမှုတွေ၊ တာဝန်ကို အကောင်းဆုံး ထမ်းဆောင်နိုင်မှုတွေကို ဂုဏ်ပြု ဆင်နွှဲကြမှာ ဖြစ်ပါတယ်။”
ဘုရင်မကြီး အဲလိစ်ဇဘက်သ် အနေနဲ့ ကျန်းကျန်းမာမာနဲ့ နောက်ထပ် နှစ်အနည်းငယ်အထိ ထီးနန်းမှာ ဆက် ရှိသွားနိုင်မယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ လက်ရှိ နန်းသက်အရှည်ဆုံး ပြင်သစ်ဘုရင် ၁၄ ယောက်မြောက် လူဝီကို ကျော်ပြီး ကမ္ဘာ့နန်းသက် အရှည်ဆုံး ဘုရင်မတပါး ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။ လက်ရှိမှာတော့ ပြင်သစ် လူဝီဘုရင်က နန်းသက် ၇၂ နှစ်ကျော် ရှိခဲ့တာကြောင့် ကမ္ဘာ့နန်းသက် အရှည်ဆုံး ဘုရင်ဖြစ်ပြီး ၂၀၁၆ ခုနှစ်က နတ်ရွာစံခဲ့တဲ့ ထိုင်းဘုရင် ဘူမိဘောအဒူရာဒက်ချ် က နန်းသက် နှစ် ၇၀ နဲ့ ၁၂၆ ရက် ရှိပြီး ကမ္ဘာ့ ဒုတိယ နန်းသက်အရှည်ဆုံးပါ။ ဒါကြောင့် ဘုရင်မကြီး အဲလိစ်ဇဘက်ကို နောက်ထပ် နှစ်အနည်းငယ် ထီးနန်းမှာ ဆက်ရှိနေဖို့ မျှော်လင့်သူတွေလည်း အများအပြား ရှိသလို၊ ဘုရင်မကြီး မရှိတော့တဲ့ နောက်ပိုင်း တော်ဝင်မိသားစု အနာဂတ်နဲ့ ပတ်သက်လို့ စိုးရိမ် ပူပန်မှုတွေလည်း ရှိနေပါတယ်။
ဘုရင်မကြီးကို လေးစားချစ်ခင်သူတွေ များပေမဲ့၊ တော်ဝင်မိသားစုနဲ့ ပတ်သက်လာရင်တော့ မေးခွန်းထုတ် ဝေဖန်မှုတွေက ခေတ်အဆက်ဆက် ဆိုသလို ရှိလာခဲ့တာပါ။ ၁၉၈၀ ပြည့်လွန်နှစ်တွေက သားတော်ကြီး အိမ်ရှေ့မင်းသား ချားလ်စ် နဲ့ ခုချိန်မှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ မင်းသမီး ဒိုင်ယာနာတို့ရဲ့ အိမ်ထောင်ရေး ပြဿနာ ကနေ၊ နောက်ပိုင်းကာလတွေမှာလည်း သားလတ် မင်းသား အန်ဒရူးက အရွယ်မရောက် သေးတဲ့ မိန်းခလေး တယောက်ကို မဖွယ်မရာ လိင် ဆက်ဆံခဲ့တယ် ဆိုပြီး စွပ်စွဲခံထားရတာ ရှိသလို၊ မြေးတော် မင်းသား ဟယ်ရီ နဲ့ ကြင်ယာတော် Meghan တို့ တော်ဝင်မိသားစုကနေ ခွဲထွက် သွားခဲ့တာအပြင်၊ တော်ဝင်မိသားစုတွင်း လူမျိုးရေး ခွဲခြားမှုတွေ ရှိနေတယ်လို့ မင်းသမီး Meghan က ပြောဆိုထားတာတွေလို အများ စောင့်ကြည့် ဝေဖန်စရာ ဖြစ်ရပ်တွေ ရှိနေတာပါ။
တော်ဝင်မိသားစုနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကုန် ဒီဇင်ဘာလက လုပ်ခဲ့တဲ့ လူထုစစ်တမ်း တခုမှာတော့ စစ်တမ်းမှာ ပါဝင်သူ ၈၃ % အများစုက ထောက်ခံတာ တွေ့ရပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာလည်း ဘုရင်မကြီး နေရာမှာ သားတော် အိမ်ရှေ့စံ ချားလ်စ် မင်းသား အရိုက်အရာ ဆက်ခံမှာကို အထူးသဖြင့် လူငယ်တွေကတော့ လက်မခံချင် ကြပါဘူး။ ဝင်ဆာမြို့မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် Margrux Butler က ခုလို ပြောပါတယ်။
“တော်ဝင်မိသားစု ရှိခြင်း မရှိခြင်းအပေါ် ယေဘုယျအားဖြင့် ခံစားချက် သိပ်မရှိပေမဲ့ ချားလ်စ်မင်းသားနဲ့ ပတ်သက်လို့တော့ အငြင်းပွားစရာ တချို့ ရှိပါတယ်။ တခြား လူငယ်တွေ အများအပြားလည်း ဒီလိုပဲ ခံစားရမှာပါ။ လူကြီးတွေ ကတော့ ဒီလောက် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျမ စကားပြောဖူးတဲ့ သူတွေထဲမှာတော့ ချားလ်စ် ကို ကြိုက်တဲ့သူ မရှိသလောက်ပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျမကတော့ ဆောရီးပါ။ လက်မခံပါဘူး။”
လန်ဒန်မြို့သား Jacob Appirah ကတော့ ဗြိတိန်မှာ တော်ဝင်မိသားစု ဆက် ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ သူ့အတွက်တော့ ဘာမှ မထူးခြားဘူးလို့ ပြောပါတယ်။
"ကျနော့်အတွက်ကတော့ ဘယ်လို ပြောရမလဲ ကျနော်တို့အပေါ် သက်ရောက်မှု တစုံတရာ ရှိစေမယ့် လုပ်ရပ်မျိုး၊ သူ့ကြောင့် တင့်တယ် သွားရတယ် ဆိုတာမျိုး ဘာမှမရှိပါဘူး။ ဆိုတော့ သူ ရှိရှိ မရှိရှိ ကျနော် ကတော့ ဂရု မစိုက်ပါဘူး။”
ဒါပေမဲ့ ဘုရင်မကြီးနဲ့ တော်ဝင်မိသားစု ရှိနေတဲ့အတွက် ဗြိတိန်ကို တခြား နိုင်ငံတွေနဲ့မတူ ထူးခြားစေပြီး ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းအတွက်ပါ အကျိုးအမြတ် ရှိစေတယ်လို့မြင်တဲ့ လူငယ်တချို့လည်း ရှိပါတယ်။
“တော်ဝင်မိသားစု ရှိတာနဲ့ပတ်သက်လို့တော့ ကောင်းတာတွေလည်း အများကြီး ရှိတယ်လို့ ထင်ပါတယ်။ ယူကေရဲ့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းအတွက် အကျိုးအမြတ် အများကြီး ရစေတာ ရှိသလို၊ တော်ဝင်မိသားစုနဲ့ ဆက်စပ်တဲ့ ထူးခြားတဲ့ သမိုင်းတွေလည်း ရှိပါတယ်။ ကျမကတော့ တိုးတက်တဲ့ အမြင်နဲ့ ကြည့်ပါတယ်။ ဒါကြောင့် ဖျက်လိုက်ဖို့ ဆိုတာမျိုးတော့ သဘောမတူပါဘူး။”
တော်ဝင်မိသားစု သတင်းတွေ ဖော်ပြလေ့ရှိတဲ့ HELLO! မဂ္ဂဇင်း အယ်ဒီတာ Emily Nash ကလည်း ဗြိတိန်မှာ ဘုရင်မကြီး အဲလိစ်ဇဘက်သ် လို ခန့်ညားထည်ဝါပြီး လေးစားဂုဏ်ယူစရာ ကောင်းတဲ့ ဘုရင်တပါး ရှိနေတဲ့အတွက် ပြည်သူတွေကို စိတ်ချမ်းသာမှု ရစေတယ်လို့ ပြောပါတယ်။
"ဘုရင်မကြီး ရှိနေတဲ့အတွက် လူတွေ စိတ်ချမ်းသာမှု ရစေတယ်လို့ ကျမကတော့ ထင်ပါတယ်။ သူ့ရဲ့ တည်ရှိမှုက ကျမတို့ အများစုရဲ့ သက်တမ်းထက်ကို ပိုပါတယ်။ ကျမတို့ အားလုံး ဘဝတွေ အတွက် သူ ရှိခဲ့ပါတယ်။ တိုင်းပြည်မှာ ခက်ခဲတဲ့ အချိန်တွေ၊ မငြိမ်သက်တဲ့ အခါမျိုးတွေတိုင်းမှာ သူက တည်တည်ငြိမ်ငြိမ် ရပ်တည်ပေးခဲ့ပါတယ်။ တကယ်တမ်းဆို သူ့အတွက်က သူ့ကို ထောက်ခံမယ့် မဲဆန္ဒရှင်တွေရဲ့ မျက်နှာကြည့်နေရတဲ့သူမျိုး မဟုတ်သလို၊ ကိုယ့်ရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်၊ ဓာတ်ပြား စသဖြင့် အောင်မြင်မှု အရှိန် ဆက်ထိန်းနေရတဲ့ သူမျိုးလည်း မဟုတ်ပါဘူး။ လုပ်သင့်တာကိုပဲ လုပ်တဲ့သူပါ။ ငိုပြ ရယ်ပြ ဒရမ်မာတွေ မလုပ်ဘဲ ကိုယ့်တာဝန်ကို မညည်းမညူ ထမ်းရွက်တဲ့ သူမျိုးပါ။ ဒါကြောင့်လဲ လူတွေက သူ့ကို လေးစားချစ်ခင်ကြတာပါ။”
တော်ဝင်မှုသားစု တည်ရှိမှုနဲ့ပတ်သက်လို့ လူငယ်တွေကြား မေးခွန်းထုတ်မှုတွေ ရှိတယ် ဆိုပေမဲ့လည်း၊ လူကြီး လူလတ်ပိုင်း အရွယ်တွေကြားမှာတော့ ဘုရင်မကြီးနဲ့အတူ တော်ဝင်မိသားစုကို ထောက်ခံသူတွေက အခိုင်အမာ ရှိနေဆဲပဲလို့ ပြောရမှာပါ။
“ကျနော် ကတော့ တော်ဝင်မိသားစုကို ထောက်ခံပါတယ်။ ကျနော့် အသက်အရွယ်နဲ့ ဒီအခြေအနေမှာ နေသားကျနေတာ၊ ဒီစနစ်အတိုင်း ကြီးပြင်း လာခဲ့တာတွေကြောင့် တော်ဝင်မိသားစုကို လေးစားပါတယ်။ လက်ရှိမှာ York နယ်စား (မင်းသား Andrew) နဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ မင်းသား ဟယ်ရီနဲ့ မေဂန် တို့နဲ့ဖြစ်တဲ့ ပြဿနာတွေ တော့ ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အရေးကြီးတာက ဒီတော်ဝင်မိသားစုဟာ ကျနော်တို့နဲ့ နှစ်ပေါင်း ရာတွေနဲ့ချီ ရှိခဲ့တဲ့ သူတွေပါ။ ဒီ့ထက် ပိုရှိနေလို့လည်း ရသေးတယ်လို့ ကျနော်ကတော့ ထင်ပါတယ်။”
အသက် ၇၀ အရွယ် ဘာမင်ဟန် မြို့သား Bromley Johns ပြောသွားတာပါ။ အလားသူ အသက် ၇၆ နှစ်အရွယ် နောက်ထပ် ဘာမင်ဟန်မြို့သား တဦးဖြစ်တဲ့ Richard Brotherton ကလည်း ဘုရင်မကြီး ကံကုန်သွားရင်တောင် တော်ဝင်မိသားစု ကတော့ ဆက်ရှိနေ သင့်တယ်လို့ ပြောပါတယ်။
"တချိန်က ခမည်းတော်ရဲ့ အရိုက်အရာကို ဘုရင်မကြီး ဆက်ခံ ခဲ့သလိုပဲ၊ အခု ချားလ်စ် မင်းသားက ဘုရင်မကြီးရဲ့ အရိုက်အရာကို ဆက် ခံရမှာပါ။ အဲ့ဒီလို ဆက်ခံရမယ့်အချိန်မှာ သူ အသက်ရှင်လျက် ဆက်ရှိနေဦးမယ် ဆိုရင်ပေါ့ဗျာ။”
ဘုရင်မကြီး သက်တော် ကြီးရင့်လာတာနဲ့အမ ျှ အိမ်ရှေ့စံ ချားလ်စ်မင်းသား ထီးနန်း ဆက်ခံဖို့အတွက် ပြင်ဆင်မှုတွေ ကတော့ အခု ကတည်းက ရှိနေပါပြီ။ မင်းသား ချားလ်စ် ဘုရင်ဖြစ်လာတဲ့အခါ ကြင်ယာတော် ကမီးလာ ကို မိဘုရားအဖြစ် တင်မြှောက်ဖို့မှာ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ နန်းတွင်းဥပဒေအရ လက်မခံတဲ့ အခြေအနေတွေနဲ့ အငြင်းပွားမှုတွေ ရှိနေသေးပေမဲ့လို့၊ ဘုရင်မကြီးကတော့ သူ့ သဘောဆန္ဒ ပြောရရင် Cornwell မြို့စားကတော် ကမီးလာ ကို မိဘုရား တင်မြှောက်စေချင်ပါတယ်လို့ သူ့ရဲ့ နန်းသက် နှစ် ၇၀ ပြည့်ချိန်မှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ မင်းသမီး ဒိုင်ယာနာ ကွယ်လွန်ပြီးနောက်ပိုင်း ၂၀၀၅ ခုနှစ်မှာ ချားလ်စ်မင်းသားနဲ့ ကြင်ယာတော် ကမီးလာတို့ အရပ်ဘက် ဥပဒေနဲ့အညီ လက်ထပ်ခဲ့ကြပေမဲ့၊ တော်ဝင်နန်းတွင်း ဥပဒေအရ သူတို့နှစ်ဦး ထိမ်းမြားမှုက တရားမဝင်တာကြောင့် ချားလ်စ်မင်းသား အနေနဲ့ ဘုရင်ဖြစ်လာရင်တောင် ကြင်ယာတော် ကမီးလာကို မိဘုရားမြှောက်ဖို့မှာ အဟန့်အတားတွေ ရှိနေတာပါ။
တော်ဝင်မိသားစု အနာဂတ်နဲ့ပတ်သက်လို့ အခြေအနေတွေ ဘယ်လိုပဲ ရှိနေပါစေ၊ လောလောဆယ်မှာတော့ နန်းသက် နှစ် ၇၀ ပြည့်သွားတဲ့ ဘုရင်မကြီး အဲလ်စ်ဇဘက်သ် အတွက် ဂုဏ်ပြု အခမ်းအနားတွေကို ဒီနှစ် ဇွန်လထဲမှာ ခမ်းခမ်းနားနား ကျင်းပသွားဖို့ တော်ဝင်မိသားစုတွေ ရော၊ ဘုရင်မကြီးကို ချစ်ခင်လေးစားကြတဲ့ ပြည်သူတွေရော ပြင်ဆင်နေကြပါတယ်။ ဒီလို ပြင်ဆင်နေကြသူတွေ ထဲမှာ Windsor & Eton ဘီယာချက်စက်ရုံ ညွှန်ကြားရေးမှူး Will Calvert လည်း ပါ ပါတယ်။
"သေချာတာကတော့ ဒါက ဝင်ဆာ နန်းတော်တခုတည်းနဲ့ဆိုင်တဲ့ အခမ်းအနား မဟုတ်ပါဘူး။ ဝင်ဆာက အဓိက ကျတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီအခမ်းအနားဟာ တနိုင်ငံလုံး၊ ဓနသဟာရ ပြည်ထောင် အားလုံးနဲ့ ဆိုင်ပါတယ်။ လာမယ့် နှစ်ပေါင်းများစွာ အထိ သတိရနေစေမယ့် အခမ်းအနားတွေ ဖြစ်အောင် ကျနော်တို့ အားလုံး ဝိုင်းဝန်း ပံ့ပိုးဆောင်ရွက်ကြရမှာပါ။”
နန်းသက် နှစ် ၇၀ ပြည့် အတိပြည့်တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ တုန်းကလည်း ဘုရင်မကြီးအတွက် အထိမ်းအမှတ် အခမ်းအနား တရပ်ကို အိမ်ရှေ့မင်းသား ချားလ်စ်က ဦးဆောင်ကျင်းပခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် အပါအဝင် နိုင်ငံရေး အသိုင်းအဝိုင်းက အထင်ကရ ပုဂ္ဂိုလ်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး ဘုရင်မကြီးရဲ့ အများအကျိုးဆောင် ရည်တည်မှုတွေ အတွက် ချီးကျူး ဂုဏ်ပြုခဲ့ကြပါတယ်။
လက်ရှိအချိန်မှာ တော်ဝင်မိသားစုအတွင်း ပြဿနာတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်မှုတွေ၊ ဝေဖန်မှုတွေ ဘယ်လိုပဲ ရှိနေပါစေ… နန်းသက် နှစ် ၇၀ ကို အောင်အောင်မြင်မြင် ဖြတ်သန်းလာခဲ့တဲ့ ဘုရင်မကြီး အဲလိစ်ဇဘက်သ် ကိုတော့ ဗြိတိန်ပြည်သူ အများအပြားက ကြည်ညို လေးစား အားထားကြဆဲ ဖြစ်တယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲရပ်နားခွင့် ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါ။