သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္ဘုရင္မႀကီး ကြယ္လြန္မႈ ၀မ္းနည္းမွတ္တမ္း သမၼတဂ်ဳိးဘိုင္ဒင္နဲ႔ သမၼတကေတာ္ လက္မွတ္ထိုး


(Zawgyi/ Unicode)

ၿဗိတိန္ ဘုရင္မ ဒုတိယေျမာက္ Elizabeth ဟာ သိကၡာရွိၿပီး၊ ဂုဏ္သေရနဲ႔ ျပည့္စံုသူ၊ တာ၀န္ကို ဦးစားေပးထမ္းရြက္သူ အျဖစ္ အေမရိကန္ သမၼတ Joe Biden ကေျပာဆိုလိုက္ပါတယ္။

လန္ဒန္က Westminster ဘုရားေက်ာင္းမွာ တနလာၤေန႔ က်င္းပမယ့္ ကြယ္လြန္သူ ဘုရင္မႀကီး Elizabeth ရဲ႕ စ်ာပနကို တက္ေရာက္ဖို႔ ေရာက္ေနတဲ့ အေမရိကန္ သမၼတနဲ႔ သမၼတ ကေတာ္ Jill Biden တို႔ဟာ တနဂၤေႏြေန႔က ၀မ္းနည္းမွတ္တမ္းမွာလည္း လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

“အဂၤလန္က ျပည္သူေတြ၊ UK ကျပည္သူ အားလံုးနဲ႔ အတူ ထပ္တူ ခံစားရပါတယ္။ ႏွစ္ေပါင္း ၇၀ ေက်ာ္ ဘုရင္မႀကီးကို ရရွိခဲ့တာဟာ ကံေကာင္းလွပါတယ္။ က်ေနာ္တို႔ အားလုံးအတြက္လည္း ကံေကာင္းခဲ့ပါတယ္။ သူ႔ေၾကာင့္ ကမာၻႀကီး ပိုမိုသာယာခဲ့ရပါတယ္” လို႔ လန္ဒန္က Buckingham နန္းေတာ္အနီး ေတာ္၀င္မိသားစုပိုင္ Lancaster House မွာ သမၼတ Biden က ၀မ္းနည္းမွတ္တမ္းကို သံုးမိနစ္အခ်ိန္ယူ ေရးခဲ့ၿပီးေနာက္မွာ ေျပာဆိုခဲ့တာပါ။

ဘုရင္မႀကီးေၾကာင့္ ကြယ္လြန္သူ သူ႔မိခင္ကို အမွတ္ရမိတယ္လို႔လည္း သမၼတ Biden က ေျပာပါတယ္။ ဘုရင္မႀကီးနဲ႔ ဆုံခဲ့စဥ္က သူ႔ကို အစားအေသာက္ေတြ တမ်ဳိးၿပီးတမ်ဳိး ခ်ေႂကြးခဲ့တာကို စားခဲ့တဲ့အေၾကာင္းကိုလည္း သမၼတက ျပန္ေျပာင္း ေျပာဆိုခဲ့တာပါ။

စက္တင္ဘာလ ၈ ရက္ေန႔က အသက္ ၉၆ ႏွစ္ အရြယ္မွာ ကြယ္လြန္ခဲ့တဲ့ ဘုရင္မႀကီး Elizabeth ရဲ႕ စ်ာပနအတြက္ ကမာၻ႔ေခါင္းေဆာင္ေတြ ၿဗိတိန္ႏိုင္ငံ ေရာက္ရွိလာၾကရာမွာ အေမရိကန္သမၼတကေတာ့ စေနေန႔ေႏွာင္းပိုင္းမွာပဲ ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။ တနဂၤေႏြေန႔မွာေတာ့ Westminster ခမ္းမမွာ ထားရွိတဲ့ ဘုရင္မႀကီးရဲ႕ ႐ုပ္အေလာင္းကိုလည္း သမၼတဘိုင္ဒင္နဲ႔ သမၼတကေတာ္တို႔ သြားေရာက္ ဂါရဝျပဳခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဗြိတိန်ဘုရင်မကြီး ကွယ်လွန်မှု ဝမ်းနည်းမှတ်တမ်း သမ္မတဂျိုးဘိုင်ဒင်နဲ့ သမ္မတကတော် လက်မှတ်ထိုး

ဗြိတိန် ဘုရင်မ ဒုတိယမြောက် Elizabeth ဟာ သိက္ခာရှိပြီး၊ ဂုဏ်သရေနဲ့ ပြည့်စုံသူ၊ တာဝန်ကို ဦးစားပေးထမ်းရွက်သူ အဖြစ် အမေရိကန် သမ္မတ Joe Biden ကပြောဆိုလိုက်ပါတယ်။ လန်ဒန်က Westminster ဘုရားကျောင်းမှာ တနလာၤနေ့ ကျင်းပမယ့် ကွယ်လွန်သူ ဘုရင်မကြီး Elizabeth ရဲ့ ဈာပနကို တက်ရောက်ဖို့ ရောက်နေတဲ့ အမေရိကန် သမ္မတနဲ့ သမ္မတ ကတော် Jill Biden တို့ဟာ တနင်္ဂနွေနေ့က ဝမ်းနည်းမှတ်တမ်းမှာလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

“အင်္ဂလန်က ပြည်သူတွေ၊ UK ကပြည်သူ အားလုံးနဲ့ အတူ ထပ်တူ ခံစားရပါတယ်။ နှစ်ပေါင်း ၇၀ ကျော် ဘုရင်မကြီးကို ရရှိခဲ့တာဟာ ကံကောင်းလှပါတယ်။ ကျနော်တို့ အားလုံးအတွက်လည်း ကံကောင်းခဲ့ပါတယ်။ သူ့ကြောင့် ကမ္ဘာကြီး ပိုမိုသာယာခဲ့ရပါတယ်” လို့ လန်ဒန်က Buckingham နန်းတော်အနီး တော်ဝင်မိသားစုပိုင် Lancaster House မှာ သမ္မတ Biden က ဝမ်းနည်းမှတ်တမ်းကို သုံးမိနစ်အချိန်ယူ ရေးခဲ့ပြီးနောက်မှာ ပြောဆိုခဲ့တာပါ။

ဘုရင်မကြီးကြောင့် ကွယ်လွန်သူ သူ့မိခင်ကို အမှတ်ရမိတယ်လို့လည်း သမ္မတ Biden က ပြောပါတယ်။ ဘုရင်မကြီးနဲ့ ဆုံခဲ့စဉ်က သူ့ကို အစားအသောက်တွေ တမျိုးပြီးတမျိုး ချကြွေးခဲ့တာကို စားခဲ့တဲ့အကြောင်းကိုလည်း သမ္မတက ပြန်ပြောင်း ပြောဆိုခဲ့တာပါ။

စက်တင်ဘာလ ၈ ရက်နေ့က အသက် ၉၆ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ ဘုရင်မကြီး Elizabeth ရဲ့ ဈာပနအတွက် ကမ္ဘာ့ခေါင်းဆောင်တွေ ဗြိတိန်နိုင်ငံ ရောက်ရှိလာကြရာမှာ အမေရိကန်သမ္မတကတော့ စနေနေ့နှောင်းပိုင်းမှာပဲ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာတော့ Westminster ခမ်းမမှာ ထားရှိတဲ့ ဘုရင်မကြီးရဲ့ ရုပ်အလောင်းကိုလည်း သမ္မတဘိုင်ဒင်နဲ့ သမ္မတကတော်တို့ သွားရောက် ဂါရဝပြုခဲ့ကြပါတယ်။

XS
SM
MD
LG