သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရင်မကြီး Elizabeth ရဲ့ဈာပန အခမ်းအနား အစီအစဉ်


Jandam ap chanje plas, pandan piblik la ap fe la ke pou defile devan sekey Ren Elizabeth II nan Westminster Hall, Lond, 15 Sept. 2022.
Jandam ap chanje plas, pandan piblik la ap fe la ke pou defile devan sekey Ren Elizabeth II nan Westminster Hall, Lond, 15 Sept. 2022.

[[ ZAWGYI/ UNICODE ]]

ဘုရင်မကြီး Elizabeth ရဲ့ဈာပန အခမ်းအနား အစီအစဉ်

လန်ဒန်မြို့မှာရှိတဲ့ Westminster ခမ်းမမှာ ထားရှိတဲ့ ဘုရင်မကြီး Elizabeth ရဲ့ရုပ်အလောင်းကို နောက်ဆုံး ဂါရဝပြုဖို့ ထောင်ပေါင်းများစွာသော လူတန်းကြီးဟာ ကြာသပတေးနေ့မနက် ရောက်သည့်တိုင် ညလုံးပေါက် တန်းစီ စောင့်ဆိုင်းခဲ့ ကြပါတယ်။ သိမ်းမြစ်ကမ်းနဲ့ Tower Bridge တလျှောက် အရှည် ၃ မိုင်ခွဲလောက်ရှိတဲ့ လူတန်းကြီး စောင့်ဆိုင်းနေခဲ့တာပါ။

တနင်္လာနေ့ တရားဝင် ဈာပန အခမ်းအနား မတိုင်မီ အနည်းဆုံး လူ ၇ သိန်းခွဲလောက် လာရောက် ဂါရဝပြုလိမ့်မယ်လို တာဝန်ရှိသူတွေက မျှော်လင့်ထားပါတယ်။ Westminster ခမ်းမကို တရက်ကို ၂၃ နာရီ ဖွင့်လှစ်ထားမှာဖြစ်ပြီး၊ စစ်သားတွေက စောင့်ကြပ်နေမှာဖြစ်ပါတယ်။ သောကြာနေ့မှာ ချားလ်စ်ဘုရင်နဲ့ ညီအကိုမောင်နှမတွေက ဘုရင်မကြီး ရုပ်အလောင်းအနီးမှာ လာရောက်ပြီး ၁၅ မိနစ်ကြာ ဂါရဝပြု နှုတ်ဆက်မှာဖြစ်ပါတယ်။

တနင်္လာနေ့ Westminster ဘုရားကျောင်းမှာ ကျင်းပမယ့် ဈာပန အခမ်းအနားမှာတော့ ဗြိတိန်အစိုးရ ခေါင်းဆောင်တွေ အပါအဝင် ဖိတ်ကြားထားသူ စုစုပေါင်း လူ ၂,၀၀၀ လောက် တက်ရောက်ဖို့ ရှိပါတယ်။ ဘုရင်မကြီးကို နောက်ဆုံး ဂါရဝပြုတဲ့အနေနဲ့ ဗြိတိန်တနိုင်ငံလုံး ၂ မိနစ် ငြိမ်သက်ရမှာဖြစ်ပြီး အဲဒီနောက် ဘုရင်မကြီးရဲ့ ရုပ်အလောင်းကို လန်ဒန်မြို့လယ်ကို ဖြတ်ပြီး Buckingham နန်းတော်အနီးက Wellington မုဒ်ဦးကြီး ရှိရာနေရာကို စစ်သုံးမြင်းရထားနဲ့ သယ်ဆောင်မှာ ဖြစ်ပါတယ်။ နောက်ကနေ ချားလ်စ်ဘုရင်နဲ့ ညီအကို မောင်နှမတွေက လမ်းလျှောက် လိုက်ပါကြမှာဖြစ်ပါတယ်။

အဲဒီနောက် ဝင်ဆာ ရဲတိုက်အနီးက St George’s ဘုရားကျောင်ကို ပို့ဆောင်ပြီး စစ်ရေးပြ အခမ်းအနားနဲ့ ဂုဏ်ပြုမှာ ဖြစ်ပါတယ်။ တနင်္လာနေ့ နှောင်းပိုင်းမှာတော့ ဆဌမမြောက် George ဘုရင်အမှတ်တရ ဗိမာန်မှာ တော်ဝင်မိသားစုတွေက ဘုရင်မကြီး ရုပ်အလောင်းကို ခင်ပွန်းသည် မင်းသား Philip အုပ်ဂူနားမှာ မြှုပ်နှံသင်္ဂြိုလ်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{ UNICODE }}






ဆက်စပ်သတင်းများ ...

XS
SM
MD
LG