သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္နဲ႔ ဓနသဟာယ အက်ိဳး အသက္ထက္ဆံုး သယ္ပိုးသြားမည္ (တတိယေျမာက္ခ်ားလ္ဘုရင္)


Britain's King Charles III greets members of the public waiting in the crowd upon arrival Buckingham Palace in London, on Sept. 9, 2022, a day after Queen Elizabeth II died at the age of 96.

ဘုရင္မႀကီး Elizabeth ကြယ္လြန္ၿပီးေနာက္ နန္းတက္လာတဲ့ တတိယေျမာက္ခ်ားလ္ဘုရင္ဟာ သူ႔ရဲ႔ မိခင္ေဆာင္ရြက္ခဲ့သလို တသက္တာလုံး ၿဗိတိန္ႏိုင္ငံနဲ႔ ဓနသဟာရအဖဲြ႔၀င္ႏိုင္ငံေတြရဲ႔ အက်ိဳးကို သယ္ပိုးသြားမယ္လို႔ ေသာၾကာေန႔က ေျပာၾကားခဲ့ပါတယ္။  

ၿဗိတိန္နဲ႔ ဓနသဟာယ အက်ိဳး အသက္ထက္ဆံုး သယ္ပိုးသြားမည္ (တတိယေျမာက္ခ်ားလ္ဘုရင္)

{{Zawgyi/Unicode}}
ဘုရင္မႀကီး Elizabeth ကြယ္လြန္ၿပီးေနာက္ နန္းတက္လာတဲ့ တတိယေျမာက္ခ်ားလ္ဘုရင္ဟာ သူ႔ရဲ႔ မိခင္ေဆာင္ရြက္ခဲ့သလို တသက္တာလုံး ၿဗိတိန္ႏိုင္ငံနဲ႔ ဓနသဟာရအဖဲြ႔၀င္ႏိုင္ငံေတြရဲ႔ အက်ိဳးကို သယ္ပိုးသြားမယ္လို႔ ေသာၾကာေန႔က ေျပာၾကားခဲ့ပါတယ္။

နန္းတက္ၿပီးေနာက္ Buckingham နန္းေတာ္မွာ ပထမဆုံး ေျပာၾကားတဲ့မိန္႔ခြန္းမွာ မိသားစုနဲ႔ တိုင္းျပည္အတြက္ ဘ၀တေလွ်ာက္လုံးျမႈပ္ႏွံ ႀကိဳးပမ္းခဲ့တဲ့သူရဲ႔မိခင္ကို ခ်စ္ခင္၊ လြမ္းဆြတ္မိေၾကာင္းကိုလည္း ခ်ားလ္ဘုရင္က ေျပာဆိုခဲ့ပါတယ္။

မိခင္လိုပဲ က်န္ရွိေနတဲ့ဘ၀ရဲ႔ အခ်ိန္ေတြကို ဖဲြ႕စည္းပုံ အေျခခံစည္းမ်ဥ္းကို လိုက္နာၿပီး တိုင္းျပည္အတြက္ ႀကိဳးပမ္း ေဆာင္ရြက္သြားမယ္လို႔ ကတိျပဳေၾကာင္း အသက္ ၇၃ ႏွစ္ရွိၿပီျဖစ္တဲ့ ခ်ားလ္ဘုရင္ က ကတိျပဳေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ သားေတာ္အႀကီးျဖစ္တဲ့ William ကိုလည္း အိမ္ေရွ႕မင္းသားေတြကိုေပးေလ့ရွိတဲ့ ေ၀လနယ္စား၊ ေ၀လမင္းသားအျဖစ္ ခန္႔အပ္ခဲ့ပါတယ္။ William ရဲ႔မိခင္ဟာ ဒိုင္ယာနာမင္းသမီးျဖစ္ၿပီး ၁၉၉၇ ခုႏွစ္မွာကြယ္လြန္ခဲ့ပါတယ္။ မင္းသား William ရဲ႔ ၾကင္ယာေတာ္ မင္းသမီး Kate ကိုလည္း ေဝလမင္းသမီးအျဖစ္ ခ်ီးျမွင့္ခဲ့ပါတယ္။

ခ်ားလ္ဘုရင္ဟာ ၿဗိတိန္၀န္ႀကီးခ်ဳပ္အသစ္ Liz Truss ကို ပထမဦးဆံုးအႀကိမ္ လက္ခံေတြ႔ဆံုခဲ့ပါတယ္။ ခ်ားလ္ ဟာ ဘုရင္ျဖစ္ေၾကာင္း စေနေန႔ မနက္ ၁၁ နာရီမွာ အမ်ားျပည္သူကို တရား၀င္ေၾကညာမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.........................................

ဗြိတိန်နဲ့ ဓနသဟာယ အကျိုး အသက်ထက်ဆုံး သယ်ပိုးသွားမည် (တတိယမြောက်ချားလ်ဘုရင်)

{{Zawgyi/Unicode}}
ဘုရင်မကြီး Elizabeth ကွယ်လွန်ပြီးနောက် နန်းတက်လာတဲ့ တတိယမြောက်ချားလ်ဘုရင်ဟာ သူ့ရဲ့ မိခင်ဆောင်ရွက်ခဲ့သလို တသက်တာလုံး ဗြိတိန်နိုင်ငံနဲ့ ဓနသဟာရအဖွဲ့ဝင်နိုင်ငံတွေရဲ့ အကျိုးကို သယ်ပိုးသွားမယ်လို့ သောကြာနေ့က ပြောကြားခဲ့ပါတယ်။

နန်းတက်ပြီးနောက် Buckingham နန်းတော်မှာ ပထမဆုံး ပြောကြားတဲ့မိန့်ခွန်းမှာ မိသားစုနဲ့ တိုင်းပြည်အတွက် ဘဝတလျှောက်လုံးမြှုပ်နှံ ကြိုးပမ်းခဲ့တဲ့သူရဲ့မိခင်ကို ချစ်ခင်၊ လွမ်းဆွတ်မိကြောင်းကိုလည်း ချားလ်ဘုရင်က ပြောဆိုခဲ့ပါတယ်။

မိခင်လိုပဲ ကျန်ရှိနေတဲ့ဘဝရဲ့ အချိန်တွေကို ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းကို လိုက်နာပြီး တိုင်းပြည်အတွက် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ကတိပြုကြောင်း အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ချားလ်ဘုရင် က ကတိပြုပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သားတော်အကြီးဖြစ်တဲ့ William ကိုလည်း အိမ်ရှေ့မင်းသားတွေကိုပေးလေ့ရှိတဲ့ ဝေလနယ်စား၊ ဝေလမင်းသားအဖြစ် ခန့်အပ်ခဲ့ပါတယ်။ William ရဲ့မိခင်ဟာ ဒိုင်ယာနာမင်းသမီးဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။ မင်းသား William ရဲ့ ကြင်ယာတော် မင်းသမီး Kate ကိုလည်း ဝေလမင်းသမီးအဖြစ် ချီးမြှင့်ခဲ့ပါတယ်။

ချားလ်ဘုရင်ဟာ ဗြိတိန်ဝန်ကြီးချုပ်အသစ် Liz Truss ကို ပထမဦးဆုံးအကြိမ် လက်ခံတွေ့ဆုံခဲ့ပါတယ်။ ချားလ် ဟာ ဘုရင်ဖြစ်ကြောင်း စနေနေ့ မနက် ၁၁ နာရီမှာ အများပြည်သူကို တရားဝင်ကြေညာမှာ ဖြစ်ပါတယ်။

XS
SM
MD
LG