သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Charles ဘုရင် သောကြာနေ့မှာ ပထမဆုံး နိုင်ငံတော်မိန့်ခွန်း ပြောကြားမည်  


ကွယ်လွန်သူ ဘုရင်မကြီး အဲလစ်ဇဘက်နဲ့ ထီးမွေဆက်ခံသူ ဘုရင်သစ် သားတော် ချားလ်စ် (အေပီ)
ကွယ်လွန်သူ ဘုရင်မကြီး အဲလစ်ဇဘက်နဲ့ ထီးမွေဆက်ခံသူ ဘုရင်သစ် သားတော် ချားလ်စ် (အေပီ)

[[Zawgyi/Unicode]]

ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် ကြာသပတေးနေ့ကကွယ်လွန်ခဲ့ပြီးတဲ့နောက် နန်းတက်လာတဲ့သားတော် တတိယမြောက် Charles ဘုရင်ဟာ ဒီကနေ့ သောကြာနေ့မှာ နိုင်ငံကိုမိန့်ခွန်းပြောဖို့ရှိပါတယ်။

သက်တော် ၉၆ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးအဲလစ်ဇဘက်ဟာ မနေ့က စကော့တလန် မြို့ Balmoral စံအိမ်တော်မှာ ကွယ်လွန်ခဲ့ပြီး အခုလို ဘုရင်မကြီး ကွယ်လွန် သွားတဲ့အတွက် ဗြိတိန်နိုင်ငံတဝန်းမှာ ဝမ်းနည်းကြေကွဲနေကြပါတယ်။

သူကွယ်လွန်ပြီး နန်းတက်လာတဲ့သားတော် Charles ဘုရင်ဟာ အသက် ၇၃ နှစ်ရှိပြီဖြစ်ပြီး နန်းတက်တဲ့အထဲမှာ အသက်အကြီးဆုံးဘုရင်လည်းဖြစ်ပါတယ်။ Charles ဘုရင်ဟာ နိုင်ငံတော်အကြီးအကဲအဖြစ်နဲ့ သူ့ရဲ့ပထမဆုံးမိန့်ခွန်းကို သောကြာနေ့မှာ ရုပ်မြင်သံကြားကနေပြောကြားဖို့ စီစဉ်ထားတာပါ။ ဒါ့အပြင် သူဟာ Buckingham နန်းတော်မှာ ဝန်ကြီးချုပ်အသစ် LIz Truss နဲ့အတူ လူထုပရိသတ်နဲ့လည်း ဒီနေ့ တွေ့ဆုံဖို့ရှိပါတယ်။ ဗြိတိန်ရဲ့နန်းသက်အရှည်ဆုံး ဘုရင်မကြီး အဲလစ်ဇဘက်မကွယ်လွန်မီ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ ဝန်ကြီးချုပ်အသစ် LIz Truss ကို အတည်ပြုခန့်အပ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် Truss နဲ့ တခြားဝန်ကြီးတွေလည်း St. Paul ဘုရားကျောင်းမှာ ဒီနေ့ ဘုရင်မကြီးအတွက် အောက်မေ့ဖွယ်ဆုတောင်းပွဲကို တက်ရောက်ဖို့လည်း ရှိပါတယ်။ နောက်ပိုင်းမှာတော့ လန်ဒန်မြို့အလယ်ပိုင်း Hyde Park ပန်းခြံနဲ့ တခြားနေ ရာတွေမှာ ဘုရင်မကြီးအတွက် သေနတ်ဖောက် အလေးပြုဖို့ စီစဉ်ထားပါတယ်။ ကွယ်လွန်သူအဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ဈာပနအခမ်းအနားကို လာမယ့်ရက်တွေအတွင်း လန်ဒန်မြို့ Westminster ဘုရားကျောင်းမှာ ကျင်းပမှာဖြစ်ပြီး အဲဒီနေ့ ကို နိုင်ငံတဝန်း ဝမ်းနည်းပူဆွေးဖွယ် အများပြည်သူ အားလပ်ရက်အဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]






XS
SM
MD
LG