သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Elizabeth ဘုရင်မကြီး ကွယ်လွန်မှုအပေါ် အမေရိကန် အကြီးအကဲတို့ ဝမ်းနည်းစကားဆို


(Zawgyi / Unicode)

ဗြိတိန်ဘုရင်မကြီး Elizabeth ကွယ်လွန် အနိစ္စရောက်သွားတဲ့အတွက် ဝမ်းနည်းကြောင်းနဲ့ သူဟာ ဘရင်မတပါးဆို ထက်ပိုပြီး အစဉ်တစိုက်ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ တည်တည်တည်ငြိမ်ငြိမ်နဲ့ လိုက်လျောညီထွေစွာ ဖြတ်သန်း နိုင်ခဲ့သူဖြစ်ပြီး ဗြိတိန်နိုင်ငံရဲ့ မျိုးဆက်သစ်တွေ အတွက် ဂုဏ်ယူစရာတခု ဖြစ်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဇနီး Jill Biden က ကြာသပတေးနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်ပြီး ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သမ္မတဟောင်း အိုဘားမားနဲ့ ဇနီး မစ်ရှဲ အိုဘားမားတို့ကလည်း ဘုရင်မကြီးရဲ့ ဦးဆောင်မှုနဲ့ အများပြည်သူအတွက် မမောနိုင်မပန်းနိုင်အောင် တာဝန်ထမ်းဆောင်ခဲ့တာတွေအတွက် ချီးကျူးဂုဏ်ပြုပါတယ်လို့ သူတို့ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အမေရိကန်လွှတ်တော် ဥက္ကဌ Nancy Pelosi ကလည်း အောက်မေ့ဖွယ်စကားဆိုခဲ့ပါတယ်။ ဘုရင်မကြီးရဲ့စွမ်အားရှိမှု၊ တည်ငြိမ်မှုတွေဟာ စံထားရလောက်ပါတယ်။ သူ့ရဲဦးဆောင်မှုနဲ့ အများပြည်သူအတွက် တာဝန်ထမ်းဆောင်မှုဟာ နောင်လာနောက်သား အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် အားကျဂုဏ်ယူစရာအဖြစ် ဆက်လက်ရှိနေဦးမှာပါ လို့ သူ့ရဲ့ကြေညာချက်မှာ ဖေါ်ပြခဲ့ပါတယ်။

ဒုတိယကမ ္ဘာစစ်ပြီးချိန်ကစပြီး ၂၁ ရာစုထဲရောက်သည်တိုင် နှစ်ပေါင်း ၇၉ ကျော်ကြာ အခက်အခဲမျိုးစုံကြားက သူချစ်တဲ့တိုင်းပြည်လုံခြုံအေးချမ်းအောင် တည်ငြိမ်စွာ ဦးဆောင်နိုင်ခဲ့သူဖြစ်တယ်လို့ ဆီးနိတ်လွှတ်တော် လူနည်းစု ခေါင်းဆောင် Mitch McConnell ကလည်းသူရဲ့ကြေညာချက်ထဲမှာချီးကျူးပြောဆိုခဲ့ပါတယ်။

ဘုရင်မကြီးဟာ အမေရိကန်ပြည်ထောင်စုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို နှစ်ပေါင်း ၇၀ ကြာ တည်ထောင်နိုင်ခဲ့ပြီး၊ အမေရိ ကန်ပြည်ထောင်စုကိုလည်း အကြိမ်ရေအတော်များများ လာရောက်လည်ပတ်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG