သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘုရင္မႀကီးစ်ာပန ရဲအင္အားအမ်ားဆံုးနဲ႔ လံုျခံဳေရးခ်ထားမည္ 


Floral tributes and a farewell message to Queen Elizabeth II are seen outside Holyrood Palace in Edinburgh, Scotland, Sept. 10, 2022.

ၿဗိတိန္ႏိုင္ငံမွာ ဘုရင္မႀကီး ဒုတိယေျမာက္ Elizabeth ကြယ္လြန္သြားတဲ့အတြက္ ႏွစ္ေပါင္း ၆၀ အတြင္း ပထမဆုံးအႀကိမ္ ႏိုင္ငံေတာ္စ်ာပနအခမ္းအနားကို က်င္းပဖို႔ ျပင္ဆင္ေနပါတယ္။ ၿဗိတိန္သမိုင္းမွာ ရဲအင္အားအမ်ားဆုံး အသုံးျပဳတဲ့လုံျခဳံေရး အစီအစဥ္တရပ္ ျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ 

ဘုရင္မႀကီးစ်ာပန ရဲအင္အားအမ်ားဆံုးနဲ႔ လံုျခံဳေရးခ်ထားမည္

{{Zawgyi/Unicode}}
ၿဗိတိန္ႏိုင္ငံမွာ ဘုရင္မႀကီး ဒုတိယေျမာက္ Elizabeth ကြယ္လြန္သြားတဲ့အတြက္ ႏွစ္ေပါင္း ၆၀ အတြင္း ပထမဆုံးအႀကိမ္ ႏိုင္ငံေတာ္စ်ာပနအခမ္းအနားကို က်င္းပဖို႔ ျပင္ဆင္ေနပါတယ္။ ၿဗိတိန္သမိုင္းမွာ ရဲအင္အားအမ်ားဆုံး အသုံးျပဳတဲ့လုံျခဳံေရး အစီအစဥ္တရပ္ ျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ႏိုင္ငံတကာ ထိပ္သီးေခါင္းေဆာင္ေတြ စ်ာပနအခမ္းအနားကို တက္ေရာက္မွာျဖစ္တဲ့အတြက္ လုံျခဳံေရးကို အထူးၾကပ္မတ္ထားမွာ ျဖစ္ပါတယ္။
စေနေန႔က ခ်ားမင္းသားဟာ ဘုရင္အျဖစ္ ဆက္ခံေၾကာင္း တိုင္းျပည္ကို တရား၀င္ ေၾကညာတဲ့ အခမ္းအနားကို လန္ဒန္ၿမိဳ႔ မွာရွိတဲ့ St.James နန္းေတာ္မွာ က်င္းပခဲ့ပါတယ္။

ခ်ားမင္းသား ဘုရင္ျဖစ္လာတဲ့အေပၚၿဗိတိန္ကာကြယ္ေရး ဦးစီးခ်ဳပ္ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး Sir Tony Rakakin က ခ်ားဘုရင္ဟာ သူရဲ႔မိခင္လိုပဲ ထူးခြ်န္တဲ့အျမင္ ရွိသူျဖစ္တယ္လို႔ ေျပာဆိုပါတယ္။

“က်ေနာ္တို႔ဟာ ခ်ားဘုရင္လို ေခါင္းေဆာင္မ်ိဳးကို ရရွိတာ ကံေကာင္းပါတယ္။ က်ေနာ္တို႔ဟာ သူရဲ႔အေၾကာင္းကို ေကာင္းေကာင္း သိရွိထားပါတယ္။ သူဟာ ၿဗိတိသွ် တပ္မေတာ္မွာ တာ၀န္ထမ္းေဆာင္ခဲ့သူလည္း ျဖစ္ပါတယ္လို”႔ ၿဗိတိန္ကာကြယ္ေရး ဦးစီးခ်ဳပ္ ေရတပ္ ဗိုလ္ခ်ဳပ္ႀကီး Sir Tony Radakin ကေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔က ဘုရင့္အၾကံေပးေကာင္စီကေန ဘုရင္အျဖစ္တရား၀င္ေၾကညာခဲ့ပါတယ္။

ၿဗိတိန္ရဲ႔ ႏိုင္ငံေတာ္ စ်ာပနကို ၁၉၆၅ ခုႏွစ္ ၀န္ႀကီးခ်ဳပ္ ခ်ာခ်ီ ကြယ္လြန္စဥ္ က က်င္းပခဲ့ပါတယ္။ ဘုရင္မႀကီးရဲ႕စ်ာပနကို ဘယ္ေန႔လုပ္မယ္လို႔ အတိအက် သတ္မွတ္ေၾကာညာျခင္း မရွိေသးေပမယ့္လည္း စက္တင္ဘာ ၁၉ ရက္ေန႔မွာ က်င္းပလိမ္မယ္လို ႔ ေမွ်ာ္လင့္ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

..................................................

ဘုရင်မကြီးဈာပန ရဲအင်အားအများဆုံးနဲ့ လုံခြုံရေးချထားမည်

{{Zawgyi/Unicode}}
ဗြိတိန်နိုင်ငံမှာ ဘုရင်မကြီး ဒုတိယမြောက် Elizabeth ကွယ်လွန်သွားတဲ့အတွက် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် နိုင်ငံတော်ဈာပနအခမ်းအနားကို ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ ဗြိတိန်သမိုင်းမှာ ရဲအင်အားအများဆုံး အသုံးပြုတဲ့လုံခြုံရေး အစီအစဉ်တရပ် ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

နိုင်ငံတကာ ထိပ်သီးခေါင်းဆောင်တွေ ဈာပနအခမ်းအနားကို တက်ရောက်မှာဖြစ်တဲ့အတွက် လုံခြုံရေးကို အထူးကြပ်မတ်ထားမှာ ဖြစ်ပါတယ်။
စနေနေ့က ချားမင်းသားဟာ ဘုရင်အဖြစ် ဆက်ခံကြောင်း တိုင်းပြည်ကို တရားဝင် ကြေညာတဲ့ အခမ်းအနားကို လန်ဒန်မြို့ မှာရှိတဲ့ St.James နန်းတော်မှာ ကျင်းပခဲ့ပါတယ်။

ချားမင်းသား ဘုရင်ဖြစ်လာတဲ့အပေါ်ဗြိတိန်ကာကွယ်ရေး ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး Sir Tony Rakakin က ချားဘုရင်ဟာ သူရဲ့မိခင်လိုပဲ ထူးချွန်တဲ့အမြင် ရှိသူဖြစ်တယ်လို့ ပြောဆိုပါတယ်။

“ကျနော်တို့ဟာ ချားဘုရင်လို ခေါင်းဆောင်မျိုးကို ရရှိတာ ကံကောင်းပါတယ်။ ကျနော်တို့ဟာ သူရဲ့အကြောင်းကို ကောင်းကောင်း သိရှိထားပါတယ်။ သူဟာ ဗြိတိသျှ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်လို”့ ဗြိတိန်ကာကွယ်ရေး ဦးစီးချုပ် ရေတပ် ဗိုလ်ချုပ်ကြီး Sir Tony Radakin ကပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ဘုရင့်အကြံပေးကောင်စီကနေ ဘုရင်အဖြစ်တရားဝင်ကြေညာခဲ့ပါတယ်။

ဗြိတိန်ရဲ့ နိုင်ငံတော် ဈာပနကို ၁၉၆၅ ခုနှစ် ဝန်ကြီးချုပ် ချာချီ ကွယ်လွန်စဉ် က ကျင်းပခဲ့ပါတယ်။ ဘုရင်မကြီးရဲ့ဈာပနကို ဘယ်နေ့လုပ်မယ်လို့ အတိအကျ သတ်မှတ်ကြောညာခြင်း မရှိသေးပေမယ့်လည်း စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျင်းပလိမ်မယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG