သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေရှား သတ္တုဆိုင်ရာ သဘောတူညီချက် ယူကရိန်းနဲ့ အမေရိကန် လက်မှတ်ရေးထိုးဖို့ရှိ


Ukraine US Economic Deal
Ukraine US Economic Deal

မြေရှား သတ္တု အကျိုး အမြတ်ဆိုင်ရာ သဘောတူညီချက် တရပ်ကို ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ လက်မှတ်ရေးထိုး ဖို့ ရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က သူ့ အစိုးရအဖွဲ့ရဲ့ ပထမဆုံး အစိုးရ အဖွဲ့ အစည်းအဝေးမှာ ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။

“သောကြာနေ့ကျရင် သမ္မတ Zelenskyy ဒီကို လာပါမယ်။ ဒါကအခု အတည်ပြုနိုင်ပါပြီ။ ကျတော်တို့ သဘောတူညီချက် လက်မှတ်ထိုးပါမယ်။ ဒါက သိပ်ကို ကြီးကျယ်တဲ့ သဘောတူညီချက် ဖြစ်မှာပါ။”

ဒီသဘောတူညီချက်ထဲမှာ အကျိုးအမြတ်များတဲ့ယူကရိန်းရဲ့ မြေရှားသတ္တုတွင်းလုပ်ပိုင်ခွင့် အများအပြားကို အမေရိကန်ကရရှိမှာ ဖြစ်ပြီး ရုရှားကျူးကျော်စစ်ကိုခုခံနိုင်ဖို့ ယူကရိန်းကို ထောက်ပံ့ပေးထားတဲ့ လက်နက်တွေအတွက် အမေရိကန်ကို ပြန်လည်လျော်ကြေးပေးဖို့ ပါဝင်တယ်လို့ သမ္မတထရမ့်က ပြောပါတယ်။ သောကြာနေ့ကျရင် အိမ်ဖြူတော်မှာ အဲဒီစာချုပ်ကို လက်မှတ်ရေးထိုးမှာ ဖြစ်သလို စစ်ပွဲအခြေအနေအကြောင်း ဆွေးနွေးမယ်လို့ဆိုပါတယ်။

ဒီသဘောတူညီချက်က “ကျတော်တို့ အတွက် ကြီးမားတဲ့ အကျိုးစီးပွား ဖြစ်စေမှာပါ” လို့ ထရမ့်က ပြောပေမယ့်သူ့ရဲ့ ပထမဆုံး ရည်မှန်းချက်ကတော့ ရုရှားနဲ့ ယူကရိန်း စစ်သားတွေ၊ ယူကရိန်းအရပ်သားတွေ ထောင်နဲ့ချီ သေဆုံး ဒဏ်ရာနေရတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒုတိယ အချက်ကတော့ ထောက်ပံ့ပေးထားတဲ့ ပိုက်ဆုံတွေပြန်ရဖို့ပါပဲ” လို့ ဆိုပြီးအမေရိကန်က ယူကရိန်း အတွက် ထောက်ပံ့ပေးထားတဲ့ ဒေါ်လာ ၁၀၀ ဘီလီယံကျော် တန်ကြေးရှိ လက်နက်ခဲယမ်းတွေအကြောင်းကို ထရမ့်ကပြောပါတယ်။

လက်ရှိမှာတော့ ယူကရိန်းပိုင်နက် အဖြစ်နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ နယ်မြေရဲ့ ငါးပုံတပုံကို ရုရှားက ထိန်းချုပ်ထားပြီး ငြိမ်းချမ်းရေးသဘောတူညီချက် တခုခုဖြစ်လာဖို့ ဒီနယ်မြေတွေကို ပြန်ပေးမှာ မဟုတ်ဘူးလို့ ရုရှားကထုတ်ပြောထားပါတယ်။

သမ္မတထရမ့်ကတော့ ယူကရိန်း သမ္မတ Zelenskyy နဲ့ ရုရှားသမ္မတ Vladimir Putin တို့ကြားနောက်ဆုံးမှာ သဘောတူညီမှုရရှိဖို့ မျှော်လင့်ကြောင်းပြောပါတယ်။ ထရမ့်က ဒီပဋိပက္ခအဆုံးသတ်ရေး ပူတင်နဲ့ စတင်ဆွေးနွေးနေပြီး ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်နှင့် ရုရှားသံတမန်များအကြား ပထမဆုံးဆွေးနွေးပွဲမှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ပါဝင်ပေမယ့် ယူကရိန်းနဲ့ မဟာမိတ် ဥရောပ နိုင်ငံတွေက ကိုယ်စားလှယ်တွေကိုတော့ ချန်လှပ်ခဲ့ပါတယ်။

“ရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့ကြောင့် ဒီစစ်ပွဲကြီး အဆုံးသတ်နိုင်တော့မှာပါ” လို့ Trump က ပြောပါတယ်။ ရုရှားခေါင်းဆောင် ပူတင်က “အရင်တုန်းက သဘောတူညီချက် တခုခု ရယူဖို့ ရည်ရွယ်မထားဘူး” လို့ ဆိုပါတယ်။ အခုတော့ သဘောတူညီချက်တရပ်ရယူနိုင်တော့မှာပါ" ထရမ့်ကပြောပါတယ်။ ဒါပေမယ့် ယူကရိန်းအနေနဲ့ ငြိမ်းချမ်းရေး ရရှိဖို့မှာအနောက်နိုင်ငံတွေရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ် အဖွဲ့ NATO နေတိုးအဖွဲ့ဝင် ဖြစ်ရေး အချက်ကိုတော့မေ့ထားရမယ်လို့ အမေရိကန်သမ္မတ ထရမ့်က သတိပေးထားပါတယ်။

please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG