သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသမ္မတရဲ့ စစ်ပွဲအပေါ် ရှုမြင်ချက် အမေရိကန်သမ္မတ ဝေဖန်


ပိုလန်နိုင်ငံ၊​ ဝါဆောမြို့၊​ အမေရိကန်သံရုံးအပြင်ဘက်တွင် ယူကရိန်းကို ထောက်ခံကြောင်း ဆန္ဒပြနေသူများ။ (မတ် ၃၊​ ၂၀၂၅) (AP)
ပိုလန်နိုင်ငံ၊​ ဝါဆောမြို့၊​ အမေရိကန်သံရုံးအပြင်ဘက်တွင် ယူကရိန်းကို ထောက်ခံကြောင်း ဆန္ဒပြနေသူများ။ (မတ် ၃၊​ ၂၀၂၅) (AP)

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးရဲ့ ပြောဆိုချက်ဟာ အဆိုးဝါးဆုံး ပြောဆိုချက်ဖြစ်ပြီး အမေရိကန်က သိပ်အကြာကြီး သည်းခံနိုင်မှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတက ပြောလိုက်ပါတယ်။

ရုရှားနဲ့ စစ် အဆုံးသတ်ဖို့ အလွန့်အလွန့ကို ဝေးပါသေးတယ်လို့ ဇယ်လန်စကီးက တနင်္ဂနွေနေ့ ည လန်ဒန်ကအထွက်မှာ ပြောကြားခဲ့တာကို ထရမ့်က ခုလို Truth Social လူမှုစာမျက်နှာကနေ တနင်္လာနေ့မှာ တုန့်ပြန်လိုက်တာပါ။

အမေရိကန်နဲ့ဆက်ဆံရေး ဆက်သွားလိမ့်မယ်လို့ သူထင်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ ဒီ ဆက်ဆံရေးက အခါအားလျော်စွာ ဆက်ဆံရေးထက် ပိုတာကြောင့်ဖြစ်ကြောင်း၊ အကူအညီတွေ ဆက်လက်စီးဆင်းနေဖို့ အမေရိကန်နဲ့ ယူကရိန်းက မိတ်ဖက်ဆက်ဆံရေးအဖြစ် ခိုင်ခိုင်မာမာရှိနေတယ်လို့ သူယုံကြည်ကြောင်း ဇယ်လန်စကီးက ပြောကြားခဲ့တာပါ။

ဒါပေမဲ့ သမ္မတထရမ့်ကတော့ အမေရိကန် ကျောထောက်နောက်ခံရှိနေသမျှ ဇယ်လန်စကီးက ငြိမ်းချမ်းရေးဝိုင်းကို ရောက်လာမှာမဟုတ်ကြောင်း၊ ဇယ်လန်စကီးလည်းတက်တဲ့ အစည်းအဝေးမှာ ဥရောပက အမေရိကန်မပါဘဲလုပ်ဖို့ မဖြစ်နိုင်တာကို ပြောင် ပြောလိုက်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

ရုရှားကိုဆန့်ကျင်ဖို့ အားပြတဲ့ထောင့်ကနေ ပြောမယ်ဆိုရင် ဒီပြောဆိုချက်တွေက သိပ်ကောင်းလှတဲ့ ပြောဆိုချက်တွေ မဟုတ်လောက်ဘူးလို့လည်း သမ္မတထရမ့်က ရေးပါတယ်။ ဘာတွေများ စဥ်းစားနေကြပါလိမ့်လို့လည်း မေးခွန်းထုတ်လိုက်ပါတယ်။

ဒီစစ်ပွဲကို ဖြစ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ဖို့အတွက် သံတမန်ဆက်ဆံရေးကို အသားပါပါ လုပ်နိုင်ဖို့ အလွန့်ကို အရေးကြီးပါတယ်လို့ သမ္မတဇယ်လန်စကီးကလည်း လူမှုမီဒီယာ X မှာ ရေးပါတယ်။

အိမ်ဖြူတော်မှာ သောကြာနေ့က မျက်နှာချင်းဆိုင် ပြောဆိုခဲ့ကြပြီးတဲ့နောက် လူမှုမီဒီယာတွေကနေ ဆက်လက် ပြောနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG