သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအကူအညီ အမေရိကန် ဆိုင်းငံ့မည်


ယူကရိန်းနိုင်ငံ၊ Boryspil အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဥ်ပေါ်မှချနေသည့် ယူကရိန်းအတွက် အမေရိကန်၏ စစ်ရေးအကူအညီများ။ (ဖေဖော်ဝါရီ ၅၊​ ၂၀၂၂) (Reuters)
ယူကရိန်းနိုင်ငံ၊ Boryspil အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဥ်ပေါ်မှချနေသည့် ယူကရိန်းအတွက် အမေရိကန်၏ စစ်ရေးအကူအညီများ။ (ဖေဖော်ဝါရီ ၅၊​ ၂၀၂၂) (Reuters)

ယူကရိန်းကိုပေးတဲ့ အမေရိကန်အကူအညီ ဆိုင်းငံ့ထားဖို့ အမေရိကန်သမ္မတ Donald Trump က ညွှန်ကြားထားကြောင်း အိမ်ဖြူတော်က မတ်လ ၃ ရက် တနင်္လာနေ့နှောင်းပိုင်းက ကြေညာပါတယ်။

"သမ္မတက ငြိမ်းချမ်းရေးအပေါ် အာရုံစိုက် ဆောင်ရွက်တာ ရှင်းပါတယ်၊ ကျနော်တို့ လက်တွဲဘက်တွေအနေနဲ့ အဲဒီရည်မှန်းချက်နဲ့ ပတ်သက်ပြီး ထပ်တူရပ်တည်ဖို့ လိုအပ်ပါတယ်" လို့လည်း ထရမ့် အစိုးရ အဆင့်မြင့်အရာရှိတဦးက VOA ကို အီးမေးနဲ့ ပြောကြားခဲ့ပါတယ်။​

အမေရိကန်အနေနဲ့ ပေးအပ်နေတဲ့ အကူအညီဟာ ရလာဒ်ကောင်းတခု ထွက်ပေါ်လာဖို့ ဖြစ်တာကြောင့် လက်ရှိမှာ အကူအညီပေးတာတွေကို ရပ်ဆိုင်းပြီး ပြန်လည်သုံးသပ်နေတယ်လို့လည်း ဆိုပါတယ်။

ယူကရိန်း မြေရှားသတ္ထု သဘောတူညီချက်အရေးဟာ အမေရိကန်အနေနဲ့ ယူကရိန်းကို ဆက်လက် အကူအညီပေးရေး အဓိကသော့ချက်ဖြစ်ပြီး အင်္ဂါနေ့ ကွန်ဂရက်စ်လွှတ်တော်မှာ မိန့်ခွန်း မပြောကြားခင် ဒီကိစ္စနဲ့ပတ်သက်လို့ ကြေညာဖို့ရှိတယ်လို့လည်း တနင်္လာနေ့အစောပိုင်းမှာ သမ္မတထရမ့်က ပြောပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ် သောကြာနေ့တုန်းကတော့ အိမ်ဖြူတော်မှာ သမ္မတထရမ့်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လင်းစကီးတို့ တွေ့ဆုံခဲ့ကြချိန်မှာ စကားအခြေအတင်ဖြစ်ပြီး မြေရှားအရေး သဘောတူညီချက် လက်မှတ်ရေးထိုးဖို့ကိစ္စလည်း အကောင်အထည်ပေါ်မလာခဲ့ပါဘူး။

ရုရှား ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ ထရမ့်က တွန်းအားပေးနေချိန်မှာ ရုရှားဘက်က အသာစီးရတဲ့ သဘောတူညီချက်မျိုး ဖြစ်မှာကို ဇယ်လင်းစကီးက စိုးရိမ်ကြောင်း ပြောကြားထားပါတယ်။ ယူကရိန်းနိုင်ငံ ဆက်လက် တည်ရှိချင်တယ်ဆိုရင်တော့ ဇယ်လင်းစကီးအနေနဲ့ သဘောတူညီချက်တရပ် အကောင်အထည်ဖေါ်ဖို့ လိုအပ်ကြောင်းလည်း သမ္မတထရမ့်က တနင်္လာနေ့မှာ ပြောပါတယ်။

Forum

XS
SM
MD
LG