သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်လုနီးပြီလို့ သမ္မတ Trump မျှော်လင့်


သမ္မတအိမ်ဖြူတော်တွင် ကျင်းပသည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း လက်ဆွဲနှုတ်ဆက်နေသည့် သမ္မတထရမ့်နှင့် သမ္မတမက်ခရွန်။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅) (AP)
သမ္မတအိမ်ဖြူတော်တွင် ကျင်းပသည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း လက်ဆွဲနှုတ်ဆက်နေသည့် သမ္မတထရမ့်နှင့် သမ္မတမက်ခရွန်။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅) (AP)

ယူကရိန်းက ရုရှားစစ် အဆုံးသတ်ဖို့ နီးနေပြီလို့ မျှော်လင့်ကြောင်း တနင်္လာနေ့မှာ ပြင်သစ်သမ္မတနဲ့ တွေ့ဆုံပြီးနောက် အမေရိကန်သမ္မတ ထရမ့်က ပြောလိုက်ပါတယ်။

ယူကရိန်းမှာ ဥရောပ ငြိမ်းချမ်းရေးတပ်တွေ ထားတာကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က လက်ခံလိမ့်မယ်လို့ သူ ယုံကြည်တယ်လို့လည်း သမ္မတထရမ့်က ခေါင်းဆောင်နှစ်ယောက် အိမ်ဖြူတော်မှာ ကျင်းပတဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မကြာမီ ရက်သတ္တပတ်တွေအတွင်း ပဋိပက္ခ အဆုံးသတ်ပြီး အမေရိကန်ကပေးထားတဲ့ ဒေါ်လာ ဘီလီယံ ၁၈၀ ကို သတ္တုတူးဖော်ခွင့်နဲ့ ပြန်ပေးမယ့် သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ မကြာမီ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး အမေရိကန်ကို လာမယ်လို့ မျှော်လင့်ကြောင်းလည်း သမ္မတ ထရမ့်က ပြောပါတယ်။

သဘောတူညီချက်က အလွန့်ကို နီးစပ်နေပြီလို့ ထရမ့်က သတင်းစာရှင်းလင်းပွဲမှာ ပြောတာပါ။ သဘောတူညီချက်မှာ ယူကရိန်းက အနာဂတ်လုံခြုံရေး အာမခံချက်ကိုပါ ထည့်ချင်ပေမဲ့ ဒါနဲ့ပတ်သက်လို့ ထရမ့်က ပြောမသွားခဲ့ပါဘူး။

သူတို့ နှစ်ဦးဆွေးနွေးခဲ့တာ အကျိုးရှိပြီး ဥရောပ ကာကွယ်ရေးအတွက် ဥရောပနိုင်ငံတွေက ပိုလုပ်ရမယ်ဆိုတာကို ပြင်သစ်သမ္မတ မက်ခရွန်က ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ အသိအမှတ်ပြု ပြောကြားပါတယ်။

ယူကရိန်းနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးက အာမခံချက်မရှိတဲ့ အပစ်ရပ်တာ မဖြစ်သင့်သလို ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ခွင့်ပြုတဲ့ ငြိမ်းချမ်းရေး ဖြစ်ရပါမယ်လို့ မက်ခရွန်က ဆိုပါတယ်။

ရုရှားရဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်လုနီးပြီလို့ သမ္မတ Trump မျှော်လင့်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG