သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ အပစ်အခတ်ရပ်စဲရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ယူကရိန်းနဲ့ဆွေးနွေး

ရုရှား-ယူကရိန်းစစ်အပစ်ရပ်ရေး ဆော်ဒီနိုင်ငံ Jeddah မြို့တော်မှာ ဆွေးနွေးနေတဲ့ အမေရိကန်၊ ဆော်ဒီနဲ့ ယူကရိန်းဝန်ကြီးများ (မတ် ၁၁၊ ၂၀၂၅)
ရုရှား-ယူကရိန်းစစ်အပစ်ရပ်ရေး ဆော်ဒီနိုင်ငံ Jeddah မြို့တော်မှာ ဆွေးနွေးနေတဲ့ အမေရိကန်၊ ဆော်ဒီနဲ့ ယူကရိန်းဝန်ကြီးများ (မတ် ၁၁၊ ၂၀၂၅)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ အမေရိကန် အရာရှိတွေ ဒီနေ့ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ယူကရိန်း အရာရှိတွေနဲ့ စတင် တွေ့ဆုံဆွေးနွေးနေပြီး ရုရှားနဲ့ တစိတ်တပိုင်းအားဖြင့် အပစ်အခတ်ရပ်စဲမယ့် အစီအစဉ်ကို ယူကရိန်းဘက်က တင်ပြမယ်လို့ မျှော်လင့်ရပါတယ်။

ယူကရိန်းဘက်က တင်ပြမယ့် အစီအစဉ်တွေထဲမှာ တာဝေးပစ်မစ်ဇိုင်းဒုံးကျည်တွေ ပစ်ခတ်တာ ရပ်နားဖို့နဲ့ ဥရောပတိုက် အရှေ့တောင်ဘက်ခြမ်းက ပင်လယ်နက်ကို ကာကွယ်မယ့် သဘောတူညီချက်တွေ ပါဝင်ပါတယ်။

ဒီနေ့ အစည်းအဝေးမှာ ယူကရိန်း သမ္မတ Volodymyr Zelenskyy ပါဝင်တက်ရောက်ခြင်း မရှိပါဘူး။ သူ့ရဲ့ ဝန်ထမ်းရေးရာ အရာရှိချုပ် Andriy Yermak နဲ့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Andrii Sybiha, ကာကွယ်ရေးဝန်ကြီး Rustem Umerov နဲ့ စစ်ဦးစီးချုပ် Pavlo Palisa တို့ တက်ရောက်ပါတယ်။

အစည်းအဝေးကနေ လက်တွေ့ကျတဲ့ ရလဒ်တွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်တဲအ့ကြောင်း သမ္မတ Zelenskyy က X လူမှုကွန်ယက်မှာ ရေးပါတယ်။

ယူကရိန်းကို ရုရှား အပြည့်အဝ ကျုးကျော်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်း စခဲ့တဲ့ စစ်ပွဲ အဆုံးသတ်ရေး သမ္မတ Donald Trump က ဖိအားပေး တိုက်တွန်းနေချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz တို့ ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်တွေ ဆော်ဒီအာရေးဗီးယားမှာ ယူကရိန်းအရာရှိတွေနဲ့ တွေ့ဆုံတာပါ။

နိုင်ငံခြားရေးဝန်ကြီး Rubio က ယူကရိန်းကို အမေရိကန်ပြည်ထောင်စုက အကူအညီပေးတာတွေ ရပ်ဆိုင်းထားတာကို ဖြေရှင်းညှိနိုင်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်းနဲ့ ဘယ်လို သဘောတူညီချက်မျိုးကို ယူကရိန်းဘက်က လိုလားတယ်ဆိုတာ နားလည်အောင် နားထောင်သွားမယ့်အကြောင်း ပြောဆိုထားပါတယ်။

This item is part of

Forum

XS
SM
MD
LG