သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ထောက်လှမ်းရေးအချက်အလက် ပြင်သစ် မျှဝေမည်


ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့က ဥရောပထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတဲ့ EU ကောင်စီအဆောက်အဦးရှေ့မှာ ယူကရိန်းထောက်ခံသူတွေ လာရောက်စုဝေးကြစဥ်။ (မတ်လ ၅၊ ၂၀၂၅)
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့က ဥရောပထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတဲ့ EU ကောင်စီအဆောက်အဦးရှေ့မှာ ယူကရိန်းထောက်ခံသူတွေ လာရောက်စုဝေးကြစဥ်။ (မတ်လ ၅၊ ၂၀၂၅)

ပြင်သစ်အနေနဲ့ ယူကရိန်းကိုထောက်လှမ်းရေးအချက်အလက်တွေပေးသွားမယ်လို့ ပြင်သစ် ကာကွယ်ရေးဝန်ကြီး Sebastine Lecornu က ဒီကနေ့ကြာသပတေးနေ့မှာပြောပါတယ်။

အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို ထောက်လှမ်းရေးသတင်းအချက်အလက်တွေ မျှဝေမှု ရပ်ဆိုင်းတယ်လို့ ကြေညာခဲ့ပြီးနောက်မှာ ပြင်သစ်က အခုလိုလုပ်ဆောင်လိုက်တာပါ။

ရုရှားရဲ့ကျူးကျော်မှုကို ခုခံနေတဲ့ယူကရိန်းကို အကူအညီတွေပိုပေးဖို့နဲ့ ဥရောပကာကွယ်ရေး အသုံး စရိတ်မြှင့်တင်ဖို့ အတွက် ယူကရိန်းသမ္မတ Volodymyr Zelenskyy အပါအဝင် ဥရောပထိပ်သီး ခေါင်းဆောင်တွေ Belgium နိုင်ငံ Brussels မြို့တော်မှာ ဒီကနေ့ တွေ့ဆုံ‌ ဆွေးနွေးနေကြပါတယ်။ ဆွေးနွေးမှု မစခင် ပြင်သစ်နိုင်ငံက ခုလို ကြေညာခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုမှာ သမ္မတ Donald Trump အာဏာရလာပြီးနောက် ယူကရိန်းစစ်ပွဲအပေါ် ထောက်ပံ့မှုတွေ ရပ်ဆိုင်းနေတာကို စိုးရိမ်နေကြချိန်မှာ ပြင်သစ်သမ္မတ Emmanuel Macron ကတော့ ဥရောပအနေနဲ့ ခိုင်မာတဲ့ဆုံး ဖြတ်ချက်တွေနဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အိမ်ဖြူတော်မှာ သမ္မတZelenskyy နဲ့ သမ္မ Trump တို့ အချေအတင်ဖြစ်ခဲ့ကြ ပြီးနောက် အမေရိကန်က ယူကရိန်းကိုပေးနေတဲ့ စစ်ရေးအကူအညီတွေကိုရပ်ဆိုင်းခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာပဲ CIA အမေရိကန်ထောက်လှမ်းရေးဌာနအကြီးအကဲ John Ratcliffe က ယူကရိန်းကို ထောက်လှမ်းရေးသတင်းအချက်အလက်တွေ မျှဝေနေတာ ရပ်ဆိုင်းလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

သမ္မတ Zelenskyy ကတော့ အိမ်ဖြူတော်မှာ စကားအချေအတင်ဖြစ်မှုအတွက် စိတ်မကောင်းဖြစ်မိ ကြောင်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသင့်ရှိနေပါတယ်လို့ ပြန်လည် ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG