သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို EU နဲ့ G7 အကူအညီတွေ ထပ်ပေး


ယူကရိန်းနိုင်ငံ Kyiv မြို့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula Von der Leyen (ဝဲ)နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskiy (ယာ) (စက်တင်ဘာ ၂၀၊ ၂၀၂၄)
ယူကရိန်းနိုင်ငံ Kyiv မြို့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula Von der Leyen (ဝဲ)နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskiy (ယာ) (စက်တင်ဘာ ၂၀၊ ၂၀၂၄)

EU ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen ဟာ ဒီနေ့ သောကြာနေ့မှာ ယူကရိန်းနိုင်ငံကို ရောက်သွားပြီး EU အနေနဲ့ ဆောင်တွင်းကာလ ယူကရိန်းကို ကူညီထောက်ပံ့မယ့် အကြောင်းတွေ ဆွေးနွေးမယ်လို့ ပြောပါတယ်။ Kyiv မြိုတော်ကို မသွားခင် ကြာသပတေးနေ့ကပဲ EU နိုင်ငံတွေရဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေမှာ အပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေရဲ့ အတိုးငွေတွေကို ယူကရိန်းကို ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

ဒီနှစ်ဆောင်းရာသီအတွက် နောက်ထပ် ယူရိုငွေ သန်း ၁၆၀ ထပ်ပြီး EU က ကူညီထောက်ပံ့မယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen ပြောသွားတာပါ။ နေစရာနဲ့ အပူပေးစက်တွေအတွက် ယူရိုသန်း ၆၀ သုံးမှာဖြစ်သလို ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေ ပြန်လည်ပြည်ဆင်ဖို့ ယူရိုသန်း ၁၀၀ လောက်သုံးမှာဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။

ယူကရိန်းစီးပွားရေးပြန်လည်တည်ဆောက်ဖို့နဲ့ ပျက်စီးနေတဲ့ ဓါတ်အားပေးစက်ရုံတွေပြန်လည် ပြင်ဆင်ဆောက်ရေးအတွက် စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G7 နိုင်ငံက ဒေါ်လာ ၃၉ သန်းချေးမယ်ဆိုတာကိုလည်း EU အကြီးအကဲက ဒီနေ့ကြေညာပါတယ်။ G7 နိုင်ငံတွေက ဘဏ္ဍာရေးလုပ်ငန်းတွေမှာ အပ်နှံထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေရဲ့ အတိုးတွေထဲက ပေးမယ့်ချေးငွေတွေကို ယူကရိန်းအနေနဲ့ အဆင်ပြေသလို ဆုံးဖြတ်နိုင်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ပူးတွဲသတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

EU ကချေးမယ့် ဒေါ်လာဘီလျံချီတဲ့ ငွေတွေကို လေကြောင်းရန်ကာကွယ်ရေး၊ စွမ်းအင်နဲ့ ပြည်တွင်း လက်နက်ဝယ်ယူရေးတွေမှာ အသုံးပြုမယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း ပြောသွားပါတယ်။ ဥရောပကော်မရှင်ဥက္ကဋ္ဌ von der Leyen ဟာ Kyiv မြို့တော်ကို ၈ ကြိမ်မြောက် သွားရောက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG