သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အောင်နိုင်ရေးအစီအစဉ် မဟာမိတ်တွေကို ယူကရိန်းသမ္မတ တင်ပြ


ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဘရပ်ဆဲလ်မှာရှိတဲ့ နေတိုးဌာနချုပ်မှာ နေတိုး-ယူကရိန်းကောင်စီညစာစားပွဲမှာ သူ့ရဲ့မှတ်တမ်းစာရွက်တွေကို ကြည့်နေစဥ်။ (အောက်တိုဘာ ၁၇၊ ၂၀၂၄)
ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဘရပ်ဆဲလ်မှာရှိတဲ့ နေတိုးဌာနချုပ်မှာ နေတိုး-ယူကရိန်းကောင်စီညစာစားပွဲမှာ သူ့ရဲ့မှတ်တမ်းစာရွက်တွေကို ကြည့်နေစဥ်။ (အောက်တိုဘာ ၁၇၊ ၂၀၂၄)

ယူကရိန်းကို ရုရှားကျူးကျော်မှုအဆုံးသတ်ဖို့ ၊ နောက်ထပ် ကျူးကျော်မှုတွေထပ်မလုပ်အောင် ကာကွယ်နိုင်ဖို့အတွက် အရေးပါတဲ့အချက်တွေက ဥရောပနိုင်ငံတွေညီညွတ်မှုရှိဖို့၊ ရုရှားကို ဖိအားပေးဖို့နဲ့ ယူကရိန်းရဲ့အင်အားခိုင်မာအောင် လုပ်ဆောင်ဖို့ဖြစ်ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။

ဒါမှ ရုရှားဟာ သူအနိုင်မယူနိုင်ဘူးဆိုတာမြင်လာပြီး သံတမန်ရေးနဲ့ပဲဖြေရှင်းဖို့လုပ်လာမှာဖြစ်ပြီး ဒီလို အခြေနေမျိုးဖန်တီးမှသာ ဒီစစ်ပွဲ အဆုံးသတ်မှာဖြစ်ကြောင်း ကြာသပတေးနေ့ ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ အီးယူ-ဥရောပသမဂ္ဂခေါင်းဆောင်တွေနဲ့ NATO မဟာမိတ်အဖွဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းဝေးမှာ ယူကရိန်းသမ္မတက တင်ပြခဲ့တာဖြစ်ပါတယ်။ ဒါဟာ သူ့နိုင်ငံကို ထောက်ပံ့ကူညီနေတဲ့ အနောက် မဟာမိတ်ခေါင်းဆောင်တွေကို နောက်ဆုံးတွေ့ဆုံပြီး သူ့ရဲ့ စစ်ပွဲအောင်နိုင်ရေးအစီအစဉ်ကို ယူကရိန်းသမ္မတက တင်ပြခဲ့တာဖြစ်ပါတယ်။

သူဟာ ဗုဒ္ဓဟူးနေ့ကလည်း သူ့လွှတ်တော်မှာ ရုရှားရဲ့ ၃၂ လကြာ ဝင်ရောက်ကျူးကျော်မှု အဆုံးသတ်ရေးအတွက် သူချထားတဲ့အစီအစဉ်ကို တင်ပြခဲ့တာပါ။ ဒီတင်ပြချက်ထဲမှာ ယူကရိန်းကို NATO အဖွဲ့ထဲပါဝင်ရေး ချွင်းချက်မရှိထောက်ခံကြဖို့ ပါဝင်ပါတယ်။ NATO အတွင်းရေးမှူးချုပ် မာ့ခ် ရူတာကတော့ ယူကရိန်းကို NATO အဖွဲ့ဝင်အဖြစ်လက်ခံရေးဟာ သေချာသလို သင့်တော်တဲ့အချိန်ကို စောင့်ရမှာဖြစ်ကြောင်း အခု စစ်ပွဲဖြစ်ပွါးနေချိန်မျိုးမှာတော့ NATO အဖွဲ့ထဲ လက်ခံလို့မရသေးကြောင်း ပြောပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ လက်ခံမယ် ဆိုတာကိုတော့ မပြောပါဘူး။

ယူကရိန်းသမ္မတကတော့ ယူကရိန်းမြေပေါ်ကနေ ရုရှားတပ်တွေ ပြန်ရုပ်သိမ်းဖို့၊ ရုရှားသိမ်းထားတဲ့ ခရိုင်းမီးယားဒေသထဲက ယူကရိန်းပိုင်နက်လိုင်းအတိုင်း ပြန်ပေးဖို့ ရုရှားကို ထပ်တလဲလဲ တောင်းဆို နေပြီး ရုရှားကတော့ ဒါကို လက်မခံပါဘူး။ တချိန်တည်းမှာပဲ ကြာသပတေးနေ့က ယူကရိန်းရဲ့ အလယ်ပိုင်းနဲ့အနောက်ပိုင်းဒေသတွေကို ဦးတည်ပြီး ရုရှားဘက်ကပစ်ခတ်တဲ့ ဒရုန်း ၅၆ စင်းထဲက ၂၂ စင်းကို ပစ်ချဖျက်ဆီးခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။

စစ်အောင်နိုင်ရေးအစီအစဉ် မဟာမိတ်တွေကို ယူကရိန်းသမ္မတ တင်ပြ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG