သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို နယ်သာလန်က စစ်ရေးအကူညီ ဒေါ်လာ (၂)ဘီလီယံကျော်ပေးမည်


နယ်သာလန် ဝန်ကြီးချုပ် Mark Rutte နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးတို့ကို ခါခိဗ်မြို့ သတင်းစာရှင်းလင်းပွဲအတွင်း တွေ့ရ။ (Photo: Reuters)
နယ်သာလန် ဝန်ကြီးချုပ် Mark Rutte နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးတို့ကို ခါခိဗ်မြို့ သတင်းစာရှင်းလင်းပွဲအတွင်း တွေ့ရ။ (Photo: Reuters)

ယူကရိန်းကို နယ်သာလန်က ဒီနှစ်ထဲ စစ်ရေးအကူအညီ ၂.၂ ဘီလီယံပေးမယ့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တရပ်ကို သောကြာနေ့မှာ နယ်သာလန်ဝန်ကြီးချုပ် Mark Rutte နဲ့ လက်မှတ်ရေးထိုးခဲ့တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ကြေညာပါတယ်။

ယူကရိန်းရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ Kharkiv မှာ ခေါင်းဆောင် ၂ ဦး တွေ့ဆုံဆွေးနွေးပြီးနောက်မှာ အခုလို ယူကရိန်းသမ္မတက ကြေညာခဲ့တာ ဖြစ်ပါတယ်။ သဘောတူညီချက်ထဲမှာ ဒီနှစ်အတွင်း ယူရိုငွေ သန်း ၂ ထောင်ပေးအပ်မှာဖြစ်သလို လာမယ့် ၁၀ နှစ်အတွင်း ကာကွယ်ရေးဆိုင်ရာ အထောက်အကူတွေပေးဖို့ ပါဝင်တယ်လို့ ကြေညာတာပါ။

အီးယူ ဥရောပသမဂ္ဂက ယူကရိန်းကို လက်နက်ခဲယမ်း ၁ သန်း ပေးမယ်လို့ ကတိပေးထားပေမဲ့ သုံးပုံ တပုံလောက်ပဲ ရတာကြောင့် ရုရှားကို ခုခံတိုက်ခိုက်ရေး ခက်ခဲနေတယ်လို့ ယူကရိန်းသမ္မတက ပြီးခဲ့တဲ့လ ယူကရိန်းအရှေ့ပိုင်းက Avdiivka မြို့ကနေ ယူကရိန်းတပ်တွေ ပြန်ဆုတ်ခဲ့ရပြီးနောက် သတိပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီမြို့မှာ ရုရှားတွေ တိုက်ခိုက်မှုကြောင့် အဆောက်အဦးတွေ ပျက်စီးနေတဲ့ ဗီဒီယိုကိုလည်း ယူကရိန်း သမ္မတ Zelenskyy က အရင်က တွစ်တာဖြစ်တဲ့- X မှာရေးပါတယ်။

နယ်သာလန်ဝန်ကြီးချုပ်နဲ့ ယူကရိန်းသမ္မတ တို့ဟာ Kharkiv က မြေအောက် ရထားဘူတာမှာ ပြောင်းလဲဖွင့်လှစ်ထားတဲ့ စာသင်ခန်း ၄၀ ပါ အထူးကျောင်းကိုလည်း သွားရောက် ကြည့်ရှုခဲ့ပါတယ်။ အဲဒီမှာ ကလေးငယ်ပေါင်း ၈၅၀ ကျော်ဟာ အန္တရာယ် ကင်းကင်းနဲ့ ပညာဆက်သင်ကြား နေတာပါ။

ကြာသပတေးနေ့ကတော့ ဒီ Kharkiv ဒေသမှာ ရုရှားတိုက်ခိုက်မှုကြောင့် လူသေဆုံးခဲ့ရတာဖြစ်ပြီး ဒီလုပ်ရပ်ကို ယူကရိန်းဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် Denise Brown အပြစ်တင် ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် Donetsk နဲ့ Kherson ဒေသတွေမှာ ရုရှားရဲ့ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တဦး အပါအဝင် လူသေဆုံးမှုတွေ၊ အရပ်ဘက် အဆောက်အအုံ ပျက်စီးမှုတွေ ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG