သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ထမ်းအင်အား လျှော့ချမယ့်အစီအစဉ် ပညာရေးဝန်ကြီးဌာန ကြေညာ


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က အမေရိကန်ပညာရေးဝန်ကြီးဌာန အဆောက်အဦ (ဖေဖော်ဝါရီ ၄၊ ၂၀၂၅)
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က အမေရိကန်ပညာရေးဝန်ကြီးဌာန အဆောက်အဦ (ဖေဖော်ဝါရီ ၄၊ ၂၀၂၅)

အမေရိကန်ပြည်ထေင်စုပညာရေးဝန်ကြီးဌာနအနေနဲ့ သူ့ရဲ့ဝန်ထမ်း ၁၃၀၀ ကျော်ကိုအလုပ်ကနေထုတ်ပယ်သွားမယ်လို့ အင်္ဂါနေ့တုန်းကကြေငြာပါတယ်။ ဒါဟာဝန်ထမ်း ၄၁၀၀ လောက်ရှိတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ထက်ဝက်နီးပါးကို လျှော့ချမယ့်အစီစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

ပညာရေးဝန်ကြီး Linda McMahon ကို ဆီးနိတ်အထက်လွှတ်တော်က ဝန်ကြီးအဖြစ်တည်ပြုပြီးနောက်၊ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကတည်းက ဝန်ထမ်းတွေလျှော့ချမယ့်အကြောင်း ဌာနတွင်းအသိပေးခဲ့ပါတယ်။ ဒါ့အပြင် ဝါရှင်တန်ဒီစီမှာရှိတဲ့ ပညာရေးဝန်ကြီးဌာနရုံးချုပ်နဲ့ ဒေသအသီးသီးမှာရှိတဲ့ရုံးတွေကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပိတ်ထားမှာဖြစ်ပြီး၊ ကြာသပတေးနေ့ပြန်မဖွင့်ခင်အထိ ရုံးအတွင်းဝင်ရောက်ခွင့်မပြုတဲ့အကြောင်း မနေ့ကအင်္ဂါနေ့မှာ ဝန်ထမ်းအားလုံးကို အကြောင်းကြားခဲ့ပါတယ်။

သမ္မတဒေါ်နယ်ထရန့်ကတော့ ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းပြီး၊ ပြည်နယ်အစိုးရတွေကပဲ ပညာရေးကိုတာဝန်ယူတဲ့ စနစ်ကိုလုပ်ဆောင်မယ်လို့ပြောဆိုထားပါတယ်။

လက်ရှိပညာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေကတော့ ကျောင်းတွေကို ဗဟိုအစိုးရအနေနဲ့ထောက်ပံ့တာ၊ ကျောင်းသားချေးငွေတွေနဲ့ Pell grant ပညာတော်သင်ဆုကိစ္စတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ဖေါ်ပြောဆိုထား ပါတယ်။

ဝန်ထမ်းအရေအတွက်လျော့ချတာအပြင် နယူးယောက်၊ ဘော်စတွန်၊ ချီကာဂိုနဲ့ Cleveland မြို့တွေက ပြည်ထောင်စု အစိုးရပညာရေးဝန်ကြီးဌာနကငှားရမ်းထားတဲ့ အဆောက်အဦးတွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။ သမ္မတထရန့်အစိုးရကအနေနဲ့ အစိုးရဌာနအသီးသီးကဝန်ထမ်းတွေကို တဖြေးဖြေးလျော့ချနေပြီး၊ ဆုကြေးငွေပေး ပြီးအနားယူစေတာတွေ၊ အသစ်ခန့်စောင့်ကြည့်ဝန်ထမ်းတွေကိုထုတ်ပါယ်တာတွေကို ကနဦးလုပ်ဆောင်နေပါတယ်။ ပညာရေးဝန်ကြီးဌာနအပြင် စစ်မှုထမ်းဟောင်းဌာန၊ ပင်စင်နဲ့မသန်စွမ်းသူများလူမှုဖူလုံရေးဌာန SSA ၊ အခြားအစိုးရဌာနတွေက ထောင်နဲ့ချီတဲ့ဝန်ထမ်းတွေကိုလည်းဆက်လက်လျော့ချသွားနိုင်ခြေရှိပါတယ်။

၀န်ထမ်းအင်အား လျှော့ချမယ့်အစီအစဉ် ပညာရေးဝန်ကြီးဌာန ကြေညာ
please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG