သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံမဏိနဲ့ အလျူမီနီယံ သွင်းကုန်ခွန် တိုးတဲ့အစီအစဉ် အမေရိကန် ကုန်သွယ်ဖက်တွေတုံ့ပြန်


ကနေဒါနဲ့အမေရိကန်အလံတွေကို ကနေဒါနိုင်ငံဘက်က ဝင်ဆာမြို့က Ambassador တံတားမှာလွှင့်ထူထားပုံ။ (မတ် ၈၊ ၂၀၂၅)
ကနေဒါနဲ့အမေရိကန်အလံတွေကို ကနေဒါနိုင်ငံဘက်က ဝင်ဆာမြို့က Ambassador တံတားမှာလွှင့်ထူထားပုံ။ (မတ် ၈၊ ၂၀၂၅)

အမေရိကန်ပြည်ထောင်စုက သံမဏိနဲ့ အလျူမီနီယံသွင်းကုန်တွေအပေါ် မတ်လ ၁၂ ရက်နေ့ကစလို့ ၂၅ ရာခိုင်နှုန်း အခွန်တိုးကောက်လိုက်ပြီး မဟာမိတ်နိုင်ငံတချို့အပေါ် အစောပိုင်းက ကင်းလွတ်ခွင့် ပေးထားတဲ့ အစီအစဉ်ကို အဆုံးသတ်လိုက်ပါတယ်။

အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီး၊ ဗြိတိန်၊ ကနေဒါ၊ ဂျပန်၊ မက္ကဆီကို၊ တောင်ကိုရီးယားနဲ့ ဥရောပသမဂ္ဂတို့အပေါ် အခွန်တိုးကောက်တာပါ။ သံမဏိသွင်းကုန်တွေ သိသိသာသာ တိုးလာတာ ကြောင့် အခွန်တိုးကောက်ဖို့ လိုအပ်သလို အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ် ဆိုပြီး အမေရိကန် သမ္မတ Donald Trump က သွင်းကုန်ခွန်တိုးကောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။

ဥရောပသမဂ္ဂကလည်း ဧပြီလကစလို အမေရိကန်သွင်းကုန် (၂၈) ဘီလျံဖိုးအပေါ် အခွန်တိုးကောက်မဲ့ အစီအစဉ်ကို ဒီကနေ့ပဲ ကြေညာပါတယ်။ ညှိနှိုင်းဆွေးနွေးဖို့ အဆင်သင့်သလို ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးမတည်မငြိမ်ဖြစ်နေတဲ့ ကမ္ဘာကြီးမှာကုန်သွယ်ခွန်တွေကြောင့် စီးပွားရေးအကြပ်အတည်း ဆိုက်ရောက်မှာကို မလိုလားပါဘူးလို့လည်း ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။

သြစတြေးလျဝန်ကြီးချုပ် Anthony Albanese ကလည်းအမေရိကန်ရဲ့လုပ်ရပ်ဟာ လုံးဝမမျှတဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အပြန်အလှန်ကုန်သွယ်ခွန်တိုးကောက်ဖို့တော့ ပြောဆိုထားတာမျိုး မရှိပါဘူး။

လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ကနေဒါနဲ့လည်း ကုန်သွယ်ခွန်တိုးကောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အခြေအတင်ဖြစ်ခဲ့ပါတယ်။ ကနေဒါသံမဏိနဲ့ အလျူမီနီယံသွင်းကုန်အပေါ် ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်း အထိ တိုးကောက်တာကြောင့် ကနေဒါကလည်း အမေရိကန်တသန်းခွဲကိုရောင်းနေတဲ့ လျှပ်စစ်ဓါတ် အားခ အခွန်အတွက် ၂၅ ရာခိုင်နှုန်း ကောက်ခံမှာဖြစ်ကြောင်း ကနေဒါနိုင်ငံ Ontario ပြည်နယ်က ကြေညာပါတယ်။

ဒီနောက် သမ္မတထရမ့်က ၅၀ ရာခိုင်နှုန်း အခွန်တိုးကောက်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုအပြီးမှာ နှစ်ဘက် ညှိနှိုင်းမှုကြောင့် ကနေဒါက လျှပ်စစ်မီးအတွက် ၂၅ ရာခိုင်နှုန်း အခွန်တိုးကောက်မယ့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ပြီး အမေရိကန်ကလည်း အလားတူ ၅၀ ရာခိုင်နှုန်းအခွန်ကောက်မှာကို ဆိုင်းထားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG