ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေက ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန်ကောက်ခံမှုကို အမေရိကန်သမ္မတ Donald Trump က သီတင်းလေးပတ် ဆိုင်းငံ့လိုက်ပါတယ်။
အမေရိကန်ရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံတွေဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံတွေက ကုန်ပစ္စည်းတွေအပေါ် ၂၅% သွင်းကုန်ခွန်ကောက်ခံမှုကြောင့် အမေရိကန်အစုရှယ်ယာဈေးတွေကျနေချိန်မှာ ခုလို နှစ်နိုင်ငံ လုံးက ကုန်ပစ္စည်းအများစုအပေါ် သွင်းကုန်ခွန်ကောက်ခံမှုကို ဧပြီလ (၂) ရက်နေ့အထိ ဆိုင်းထားဖို့ သမ္မတက ကြာသပတေးနေ့ ညနေမှာ အမိန့်ထုတ်ခဲ့တာပါ။
မက္ကဆီကို-ကနေဒါနဲ့ အမေရိကန်တို့ရဲ့ ၂၀၂၀ ခုနှစ်ချုပ်ဆိုခဲ့တဲ့ ကုန်သွယ်ရေးသဘောတူချက်မှာ အကျုံးဝင်တဲ့ ကုန်ပစ္စည်းအားလုံးအပေါ် ၂၅% သွင်းကုန်ခွန် ကောက်ခံတာကို ဆိုင်းငံ့တယ်လို့ သမ္မတ အမိန့်မှာ ဖော်ပြခဲ့ပါတယ်။ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေကတင်သွင်းတဲ့ မော်တော်ယာဉ်တွေအပေါ် ၂၅% အခွန်ကောက်ခံမှုကိုလည်း ရက်ပိုင်းအတွင်းမှာပဲ ပြန်ပြီး ဆိုင်းခဲ့ပါတယ်။ အမေရိကန် ကားကုမ္ပဏီကြီးသုံးခုနဲ့ သမ္မတဆွေးနွေးခဲ့ပြီးနောက်မှာ ဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။
Forum