သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရ အသုံးစရိတ် အောက်လွှတ်တော် အတည်ပြု


ကွန်ဂရက်လွှတ်တော်မြင်ကွင်း တစိတ်တပိုင်း။ (မှတ်တမ်းရုပ်ပုံ)
ကွန်ဂရက်လွှတ်တော်မြင်ကွင်း တစိတ်တပိုင်း။ (မှတ်တမ်းရုပ်ပုံ)

အမေရိကန် အစိုးရအသုံးစရိတ်ကို မတ်လ ၁၄ ရက်နေ့ နောက်ဆုံးရက် ချထားပေးနိုင်ရေး ရီပတ်ဘလီကန် ကြီးစိုးတဲ့ အောက်လွှတ်တော်မှာ အင်္ဂါနေ့က အရေးယူ ဆောင်ရွက်လိုက်ကြပါတယ်။

CR လို့လည်းခေါ်တဲ့ ရေတို အသုံးစရိတ် ဥပဒေကြမ်းကို အောက်လွှတ်တော်မှာ ထောက်ခံမဲ ၂၁၇ မဲ ကန့်ကွက်မဲ ၂၁၃ မဲနဲ့ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပေမဲ့ ဥပဒေ ဖြစ်လာဖို့အတွက်ကတော့ ရီပတ်ဘလီကန် ကြီးစိုးတဲ့ အထက်လွှတ်တော်မှာ အတည်ပြုဖို့ လိုအပ်ပါတယ်။

ရေတို အသုံးစရိတ် ဥပဒေကြမ်းကို ကန့်ကွက်မဲ ထည့်မယ်ဆိုရင်တော့ အမေရိကန်ပြည်သူတွေကို အထိနာစေမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၅၁ ရက်တာအတွင်း သမ္မတ Trump တည်ဆောက်ထားတဲ့ အရှိန်အဟုန်ကောင်းကိုလည်း ပျက်ပြားသွားစေမှာ ဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော် ပြောခွင့်ရ Karoline Leavitt က အင်္ဂါနေ့ နေ့ခင်းပိုင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

အစိုးရ အသုံးစရိတ် လျာထားငွေ ဥပဒေကြမ်းတွေဟာဆိုရင် အထက်လွှတ်တော်မှာ ထောက်ခံမဲ ၆၀ ရရှိဖို့ လိုအပ်တာကြောင့် အထက်လွှတ်တော် ရီပတ်ဘလီကန်တွေအနေနဲ့ ဒီမိုကရက်တွေရဲ့ ထောက်ခံမှုရဖို့ လိုအပ်မှာဖြစ်ပါတယ်။

အောက်လွှတ်တော်မှာ အင်္ဂါနေ့ နေ့ခင်းပိုင်းကစလို့ သီတင်းပတ်ကုန်ထိ အစည်းအဝေးတွေ မရှိတော့တာကြောင့် အထက်လွှတ်တော် အမတ်တွေအနေနဲ့ အောက်လွှတ်တော် အတည်ပြုထားတဲ့ ယာယီ အစိုးရ အသုံးစရိတ် ဥပဒေကြမ်းကို အတည်ပြုဖို့ ဖိအားဖြစ်စေပါတယ်။

ဒီဥပဒေကြမ်းကို အထက်လွှတ်တော်ကို တင်ပြဖို့ စီစဉ်ထားပြီး လာမယ့် သောကြာနေ့မှာ အစိုးရဆက်လက် လည်ပတ်နိုင်ရေး အသေအချာ ဆောင်ရွက်မယ့်အကြောင်း၊ ဒါပေမဲ့လည်း ဒီမိုကရက်တွေအပေါ်မှာ မူတည်လိမ့်မယ်လို့ အထက်လွှတ်တော် အများစုခေါင်းဆောင် John Thune က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG