သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရထားတိုက်ခိုက်ခံရမှုမှာ ခရီးသည်  (၂၀၀) နီးပါး ကယ်တင်နိုင်ကြောင်း ပါကစ္စတန်ကြေညာ


ပါကစ္စတန်နိုင်ငံ၊ ဘလူချီစတန်ပြည်နယ်ထဲ ရထားအကြမ်းဖက်တိုက်ခိုက်ခံရမှုခံရသူ ခရီးသည်တွေအတွက် ကယ်ဆယ်ကူညီဖို့စောင့်ဆိုင်းနေတဲ့ အရေးပေါ်လူနာတင်ကားတွေကို ဘူတာရုံမှာတွေ့ရစဥ်။ (မတ် ၁၂၊ ၂၀၂၅)
ပါကစ္စတန်နိုင်ငံ၊ ဘလူချီစတန်ပြည်နယ်ထဲ ရထားအကြမ်းဖက်တိုက်ခိုက်ခံရမှုခံရသူ ခရီးသည်တွေအတွက် ကယ်ဆယ်ကူညီဖို့စောင့်ဆိုင်းနေတဲ့ အရေးပေါ်လူနာတင်ကားတွေကို ဘူတာရုံမှာတွေ့ရစဥ်။ (မတ် ၁၂၊ ၂၀၂၅)

ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ်အတွင်း ရထားအကြမ်းဖက်တိုက်ခိုက်ခံရမှုမှာ ခရီးသည် (၁၉၀) ဦးကိုကယ်တင်နိုင်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်သူ (၃၀) ကိုသုတ်သင်နိုင်ခဲ့တယ်လို့ ပါကစ္စတန်လုံခြုံရေး တာဝန်ရှိသူတွေက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာထုတ်ဖေါ်ပြောဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ရထားဟာ တောင်ကိုဖြတ်ဖောက်ထားတဲ့ Bibbi လှိုဏ်ခေါင်းအတွင်းပြီးခဲ့တဲ့ အင်္ဂါနေ့ မွန်းလွဲပိုင်းအထိ ပိတ်မိနေဆဲဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် ရထားမောင်းသူသေဆုံးပြီး ဒဏ်ရာရ သူတွေထဲက ၃၇ ဦးကိုတော့ ဆေးရုံ တင်ကု သပေးထားပါတယ်။ ခရီးသည်တချို့ကတော့ ပိတ်မိနေဆဲဖြစ်ပါတယ်။

ဘလူချီစတန်လွတ်မြောက်ရေးတပ်ဖွဲ့ BLA ကတော့ သူတို့တိုက်ခိုက်တာဖြစ်တယ်လို့ ထုတ်ဖေါ် ကြေညာပြီး ဓားစာခံ (၂၀၀) လောက်ဖမ်းဆီးထားတယ်လို့လည်း ပြောပါတယ်။ ဖမ်းဆီးထားသူတွေဟာ ပါကစ္စတန်လုံခြုံရေးနဲ့ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ BLA ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အသေခံဗုံးခွဲသမားတွေက ဓားစာခံတွေကိုဖမ်းဆီးထားပြီး အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတယ်လို့ ပါကစ္စတန်လုံ ခြုံရေးတာဝန်ရှိသူတွေကပြောပါတယ်။ BLA ဘက်ကတော့ ဘလူချီစတန်ထောင်ထဲမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်း သားတွေ၊ တော်လှန်ရေးသမားတွေနဲ့ ပျောက်ဆုံးနေသူတွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုထားပြီး အချိန် (၄၈) နာရီပေးထားပါတယ်။ ဒီတောင်းဆိုချက်နဲ့ပတ်သက်ပြီး ပါကစ္စတန်တာဝန်ရှိသူတွေကတော့ လူသိရှင်ကြားထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ဘလူချီစတန်ပြည်နယ်အစိုးရ အကြီးအကဲ Sarfraz Bugti ကတော့ တိုက်ခိုက်မှုကိုရှုတ်ချလိုက်ပြီး အင်အားအပြည့်နဲ့ တုံ့ပြန်သွားမယ်လို့ပြောပါတယ်။

ခရီးသည် ၄၅၀ လောက်လိုက်ပါလာတဲ့ မြောက်ပိုင်း Quetta ကနေ ဘလူချီစတန်ကိုဖြတ်ပြီး Khyber Pakhtunkhwa ပြည်နယ်ကိုသွားတဲ့ Jaffar Express ရထားဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘလူချီစတန် ပြည်နယ် အနောက်တောင်ဘက်အရောက်မှာ ဗုံးခွဲတိုက်ခိုက်ခံရပြီး လက်နက်ကိုင်တွေရဲ့ ပစ်ခတ် တိုက်ခိုက်မှုကိုခံခဲ့ရတာဖြစ်ပါတယ်။

Forum

XS
SM
MD
LG