သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မှာ ဗုံးပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ဝန်ထမ်း ၂ ဦး သေဆုံး


Karachi မြို့ လေဆိပ်အပြင်ဘက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီးမြင်ကွင်း (အောက်တိုဘာ ၇၊ ၂၀၂၄)
Karachi မြို့ လေဆိပ်အပြင်ဘက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီးမြင်ကွင်း (အောက်တိုဘာ ၇၊ ၂၀၂၄)

တနင်္ဂနွေညပိုင်းက ပါကစ္စတန်တောင်ပိုင်း Karachi မြို့ လေဆိပ်အပြင်ဘက်မှာ Port Qasim လျှပ်စစ်ဓါတ်အားပေး ကုမ္ပဏီက တရုတ်ဝန်ထမ်းတွေလိုက်ပါလာတဲ့ ယာဉ်တန်းဗုံးခွဲတိုက်ခိုက်ခံရတဲ့အတွက် အနည်းဆုံး တရုတ် နိုင်ငံသား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရတယ်လို့ နှစ်ဘက်တာဝန်ရှိသူတွေကပြောပါတယ်။

ဒီတိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် တရုတ်နိုင်ငံကပြစ်တင်ပြောဆိုပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ပါကစ္စတန်ကို တိုက်တွန်းပါတယ်။ တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်တချို့ပျက်စီးသွားတာကိုလည်း ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရသလို ယာဉ်တန်းကို စောင့်ကြပ်လိုက်ပါလာတဲ့ ပါကစ္စတန်လုံခြုံရေး ဝန်ထမ်း ၁၀ ဦးထက်မနည်းလည်း ဒဏ်ရာရတယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပါကစ္စတန် အနောက်တောင်ပိုင်း Balochistan ပြည်နယ်က Baloch လွတ်မြောက်ရေးတပ်ဖွဲ့ BLA က ဒီအသေခံဗုံးခွဲတိုက်ခိုက်မှုက သူတို့လက်ချက် ဖြစ်တယ်လို့ ပြောဆိုတာပါ။ လာမယ့် အောက်တိုဘာ ၁၅-၁၆ နှစ်ရက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေးကို ပါကစ္စတန်နိုင်ငံက လက်ခံကျင်းပဖို့ ပြင်ဆင်နေချိန်မှာ အခုလိုဗုံးခွဲတိုက်ခိုက်မှုပေါ်ပေါက်တာပါ။ (SCO) အစည်းအဝေး မတိုင်ခင် တရုတ်ဝန်ကြီးချုပ် Li Qiang အစ္စလာမာဘတ်မြို့ကို လာရောက်ဖို့ရှိတယ်လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။

တနင်္ဂနွေညပိုင်း ဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံ တရုတ်သံရုံးက ပြင်းပြင်းထန်ထန်ရှုတ်ချသလို သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ မိသားစုတွေအတွက် ဝမ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ၂၀၂၂ ဧပြီလတုန်းကလည်း Karachi မြို့မှာ ကားတစီးနား BLA အမျိုးသမီး အသေခံဗုံးခွဲသမားတဦးက ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့အတွက် တရုတ်နိုင်ငံသား ဆရာ၊ ဆရာမ ၃ ဦးသေဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG