သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရေနံတင်ကား တိမ်းမှောက်မီးလောင် လူ ၁၄၀ ထက်မနည်း သေဆုံး


ပါကစ္စတန်နိုင်ငံမှာ ဒီကနေ့ တနင်္ဂနွေနေ့ ရေနံတင်ကား တိမ်းမှောက်ပြီး မီးလောင်ခဲ့တာကြောင့် အနည်းဆုံး လူပေါင်း ၁၄၀ သေဆုံးခဲ့ရပါတယ်။

ရေနံတင်ကား တိမ်းမှောက်ရာက ပေါက်ထွက်လာတဲ့ ရေနံတွေကို ခပ်ယူဖို့ စုစည်းရောက်ရှိလာကြသူတွေ မီးသင့်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ အနည်းဆုံး လူ ၈၀ လောက်လည်း ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တို့က ပြောပါတယ်။ တောင်ပိုင်း ဆိပ်ကမ်းမြို့ Karachi ကနေ ပန်ဂျပ်ပြည်နယ်မြို့တော် လာဟိုးကို လမ်းမကြီး အတိုင်း မောင်းနှင်လာရင်း ကားသမားက ယာဉ်ကို မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ရေနံတင်ကား တိမ်းမှောက်တဲ့အချိန်မှာ အနီးအနားက Ramzanpur Joya က ဒေသခံတွေက ပုံးတွေ၊ ထည့်စရာတွေနဲ့ အပြေးအလွှား ရောက်ရှိလာခဲ့ကြသလို ဆိုင်ကယ်တွေနဲ့ ရောက်လာကြသူတွေလည်း အများအပြား ရှိပြီး ဖိတ်ကျတဲ့ ရေနံတွေကို ခပ်ယူခဲ့ကြတာ ဖြစ်တယ်လို့ ဒေသဆိုင်ရာ ရဲချုပ် Raja Riffat က ပြောပါတယ်။

ရေနံတင်ကား ပေါက်ကွဲရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ မွတ်စလင်တွေရဲ့ ရာမာဒန် ဥပုသ်လကုန်ဆုံးတဲ့ Eid al-Fitr အိဒ်ပွဲတော်နေ့မှာ အခင်းဖြစ်ပွားခဲ့တာပါ။ အိဒ်ပွဲတော် ဆင်နွှဲဖို့ အတွက် မိသားစုတွေ စုံဆည်းကြဖို့ အတွက် လမ်းပေါ်မှာ လူသွားလူလာများတဲ့ ကာလလည်း ဖြစ်ပါတယ်။

ပါကစ္စတန်ရေနံတင်ကား တိမ်းမှောက်မီးလောင် လူ ၁၄၀ ထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG