သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရောက် တရုတ်တို့လုံခြုံရေး အဆင့်မြှင့်


ပါကစ္စတန်နိုင်ငံမှာ တရုတ်စုံတွဲတတွဲ ပြန်ပေးဆွဲခံခဲ့ရပြီး IS စစ်သွေးကြွတွေက နောက်ပိုင်းမှာ သတ်ဖြတ်လိုက်တယ်ဆိုတဲ့သတင်းတွေကြောင့် နိုင်ငံထဲမှာအလုပ်လုပ်နေကြတဲ့ တရုတ်လူမျိုးထောင်နဲ့ချီရဲ့ လုံခြုံရေးကို တင်းကြပ်ဖို့ ပါကစ္စတန်အစိုးရက ဆောင်ရွက်နေပါတယ်။

ပြန်ပေးဆွဲခံသွားရတဲ့ တရုတ်စုံတွဲကို နိုင်ငံရဲ့ အနောက်တောင်ပိုင်း Balochistan နယ်မှာ IS ကိုသစ္စာခံသူလို့ မသင်္ကာသူတွေက သတ်လိုက်တယ်လို့ဆိုပြီးနောက်မှာ တရုတ်လူမျိုးတွေရဲ့ အသွားအလာကို စောင့်ကြည့်ဖို့ တပ်ဖွဲ့ဝင်ထောင်ချီပါတဲ့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းမယ်လို့ ပါကစ္စတန်တာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ်နဲ့ ပါကစ္စတန် ၂ နိုင်ငံလုံးအတွက် အကျိုးရှိမယ့် စီးပွားရေးစီမံကိန်းကြီးတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတာကြောင့် ပါကစ္စတန်အစိုးရက ခုလိုဆောင်ရွက်လာတာဖြစ်ပါတယ်။ ပါကစ္စတန်မှာနေထိုင်နေကြတဲ့ တရုတ်လူမျိုးတွေကြား လုံခြုံရေးစိုးရိမ်မှုတွေ္ဂရှိနေတယ်လို့ လုံခြုံရေးဆိုင်ရာ လူသိများတဲ့ သုံးသပ်သူတယောက်ကပြောပါတယ်။

သူတို့မြေပေါ်မှာ IS စစ်သွေးကြွတွေမရှိဘူးလို့ အခိုင်အမာ အကြိမ်ကြိမ်ငြင်းဆန်ခဲ့တဲ့ ပါကစ္စတန်အစိုးရက ဒီအဖြစ်အပျက်ကို အပြင်းအထန် အပြစ်တင်ပြီး တရုတ်လူမျိုးတွေရဲ့လုံခြုံရေးအတွက် တိုးမြှင့်ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။ Balochistan က IS တွေ အဓိကခြေကုပ်ယူထားတဲ့နေရာကို အကြမ်းဖက်မှုတိုက်ဖျက်ရေးတပ်ဖွဲ့တွေက ဖျက်ဆီးချေမှုန်းခဲ့တယ်လို့ အစိုးရက ပြီးခဲ့တဲ့ တပတ်ကပဲ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG