သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရဲ့ သစ်ပင် သန်း ၁ ထောင် စီမံကိန်း


ပါကစ္စတန်အစိုးရရဲ့ သစ်တောပြန်လည်ထိန်းသိမ်းရေး ကျယ်ပြန့်တဲ့ လှုပ်ရှားမှုကနေ - ၂၀၁၅ ခုနှစ်ကစလို့ နိုင်ငံရဲ့ အနောက်မြောက်ပိုင်း ဒေသတလျှောက်မှာ သစ်ပင် သန်းပေါင်း ၇၅၀ စိုက်ပျိုးနိုင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

တချိန်က သစ်တောထူထပ်တဲ့ နယ်တခုအဖြစ် Hundu Kush တောင်တန်းဒေသမှာ ထင်ရှားခဲ့တဲ့ နေရာမှာ မြေယာပျက်စီး ဆုံးရှုံးမှုတွေကို တားဆီးနိုင်ဖို့ မျှော်လင့်ချက်နဲ့ - ၂၀၁၈ ခုနှစ် နောက်ဆုံးထားပြီး သစ်ပင် သန်း ၁ ထောင် စိုက်ပျိုးရေး ၄ နှစ်တာစီမံကိန်းကို ခိုက်ဘာ ပခ်ထွန်ခွာ နယ် အစိုးရက စတင်ခဲ့တာဖြစ်ပါတယ်။

“သစ်ပင်ပေါင်း သန်းတထောင် ဆူနာမီ” လို့ တရားဝင်အမည်ပေးထားတဲ့ စီမံကိန်းက တိုးတက်မှု အခြေအနေတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ပြည်နယ်တွင်းမှာ အုပ်ချုပ်နေတဲ့ ပါကစ္စတန် PTI ပါတီ တာဝန်ရှိသူတွေနဲ့ ခေါင်းဆောင်တွေဟာ Islamabad မြို့တော်မှာ ကြာသပတေးနေ့က စုဝေးခဲ့ကြပါတယ်။

နာမည်ကျော် ခရစ်ကတ်အားကစားသမားကနေ နိုင်ငံရေးသမားဖြစ်လာသူ ပါတီခေါင်းဆောင် Imran Khan ကတော့ - သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားမှုကနေ ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသက၊ ဘဝရပ်တည်ရေး ခက်ခဲတဲ့ ဒေသခံ လူပေါင်း ၅ သိန်းလောက်အတွက် အလုပ်ပေးနိုင်ခဲ့ ကြောင်း အခမ်းအနား တက်ရောက်လာသူတွေကို ပြောဆိုခဲ့ပါတယ်။

ပါကစ္စတန်ရဲ့ သစ်ပင် သန်း ၁ ထောင် စီမံကိန်း
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG