သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရထား စစ်သွေးကြွတွေ တိုက်ခိုက် ခရီးသည်တွေပြန်ပေးဆွဲ


စစ်သွေးကြွများ ဖမ်းဆီးသွားသည့် ခရီးသည်များထဲမှ လုံခြုံရေးတပ်ဖွဲ့များ ကယ်ထုတ်ခဲ့သည့် ခရီးသည်တချို့။ (မတ် ၁၁၊​ ၂၀၂၅)
စစ်သွေးကြွများ ဖမ်းဆီးသွားသည့် ခရီးသည်များထဲမှ လုံခြုံရေးတပ်ဖွဲ့များ ကယ်ထုတ်ခဲ့သည့် ခရီးသည်တချို့။ (မတ် ၁၁၊​ ၂၀၂၅)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလူချစ်စတန် ပြည်နယ်တွင်းမှာ အင်္ဂါနေ့က နိုင်ငံတဝန်း ခုတ်မောင်းတဲ့ ခရီးသည်တင်ရထားကို စစ်သွေးကြွတွေ တိုက်ခိုက်ခဲ့ပြီး လူအများအပြားကို ပြန်ပေးဆွဲထားပါတယ်။

Jaffar Express အမြန်ရထားဟာ ဘာလူချစ္စတန်ပြည်နယ် မြို့တော် Quetta ကနေ ခိုက်ဘာ ပသွန်ခွာပြည်နယ် ပက်ရှ်ဝါကို ခုတ်မောင်း ထွက်ခွာလာပြီး နာရီပိုင်းအတွင်းမှာပဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ရထားပေါ်မှာတော့ လုံခြုံရေး တာဝန်ရှိသူတွေအပါအဝင် ခရီးသည် ၄၅၀ လောက် လိုက်ပါလာတာ ဖြစ်ပါတယ်။ လိုဏ်ခေါင်းထဲမှာ ပိတ်မိနေတဲ့ ရထားပေါ်မှာ စစ်သွေးကြွးတွေက ခရီသည်တွေကို ဓားစာခံ ဖမ်းထားတယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး နိုင်ငံပိုင် PTV သတင်းက ဖော်ပြပါတယ်။

ဘာလူ လွတ်မြောက်ရေးတပ် BLA ကတော့ တိုက်ခိုက်မှုက သူတို့လက်ချက် ဖြစ်တယ်လို့ ချက်ချင်းဆိုသလို ထုတ်ပြန်ပါတယ်။ တားမြစ်ခံထားရတဲ့ ခွဲထွက်ရေး စစ်သွေးကြွအဖွဲ့က မီဒီယာတွေကိုပေးပို့တဲ့ ကြေညာချက်ထဲမှာတော့ သူတို့က သံလမ်းကိုဖောက်ခွဲပြီး ခရီးသည် ၁၀၀ ကျော်ကို ဓားစာခံဖမ်းထားကြောင်း ဖော်ပြထားပါတယ်။

ရှင်းလင်းရေး စစ်ဆင်ရေး လုပ်နေပြီး ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့နဲ့ BLA စစ်သွေးကြတွေကြား အပြန်အလှန် ပစ်ခတ်နေကြတယ်လို့လည်း ပြောကြပါတယ်။

အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ ဘာလူ ဒေသခံတွေအပါအဝင် လွတ်မြောက်လာကြတဲ့ ခရီးသည် ၇၀ လောက်ကတော့ Paneer ဘူတာနဲ့ ၆ ကီလိုမီတာလောက် အဝေးကို ခြေလျင် ရောက်လာကြကြောင်း Quetta ရထားဌာန ရုံးအုပ် Imaran Hayat က ဗွီအိုအေကို ပြောပါတယ်။

ပါကစ္စတန်ရထား စစ်သွေးကြွတွေ တိုက်ခိုက် ခရီးသည်တွေပြန်ပေးဆွဲ
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG