သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် အကြမ်းဖက်မှုနှိမ်နင်းရေး တရုတ်နှင့်ပူးပေါင်းဆောင်ရွက်မည်

China Pakistan
China Pakistan

ပါကစ္စတန်နိုင်ငံအတွင်း အခြေခံ အဆောက်အအုံ နဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသားတွေ လုံခြုံမှု ရှိအောင် ဆောင်ရွက်ပေးပါမယ်လို့ ပါကစ္စတန်အစိုးရက တရုတ်ကို အာမခံ ပြောကြားလိုက်ပါတယ်။

နှစ်နိုင်ငံ လုံခြုံရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဖို့အတွက် ပါကစ္စတန် သမ္မတ Asif Ali Zardari တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကို ရောက်နေတဲ့ ခရီးစဥ်အတွင်း ခုလို အာမခံခဲ့တာပါ။ တရုတ်အစိုးရကလည်း ပါကစ္စတန်ရဲ့ အကြမ်းဖက် တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ကူညီပေးသွားမယ့်အကြောင်း ကမ်းလှမ်းခဲ့ပါတယ်။

ပါကစ္စတန် သမ္မတ ဇာဒါရီ ဟာ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ကနေ ၈ ရက်နေ့အထိ တရုတ်နိုင်ငံကို ၅ ရက်ကြာခရီး ရောက်နေတာပါ။ ပြည်ထဲရေးဝန်ကြီး မိုဆင် နက်ဗီ Mohsin Naqvi ၊ နိုင်ငံခြားရေးဝန်ကြီး အစ်ဟက် ဒါ နဲ့ တခြား အကြီးတန်း အစိုးရ အရာရှိတွေလည်း သမ္မတ ဇာဒါရီနဲ့တူ လိုက်ပါလာတာပါ။

ပါကစ္စတန် သမ္မတနဲ့ အဖွဲ့ဟာ တရုတ်သမ္မတ Xi Jinping ၊ တရုတ်ဝန်ကြီးချုပ် Li Qiang တို့နဲ့ တွေ့ဆုံခဲ့သလို၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်ရဲ့ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ ကျောင်း လီဂျီ Zhao Leji နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ ပါကစ္စတန်နိုင်ငံမှာ တရုတ်နိုင်ငံသားတွေ သောင်းနဲ့ချီ ရှိနေပြီး တရုတ်−ပါကစ္စတန် စီးပွားရေး စင်္ကြန် စီမံကိန်း လက်အောက်က လုပ်ငန်းတွေမှာ အဓိက အလုပ် လုပ်နေကြတာ ဖြစ်ပါတယ်။

ဒီလူတွေရဲ့ ဘေးကင်း လုံခြုံရေးကို ပါကစ္စတန် အစိုးရက တာဝန်ယူဖို့ အဓိက တာဝန်ရှိတယ်ဆိုတာကို အခုခရီးစဥ်အတွင်း ထပ်မံ အာမခံ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ပါကစ္စတန် အကြမ်းဖက်မှုနှိမ်နင်းရေး တရုတ်နှင့်ပူးပေါင်းဆောင်ရွက်မည်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG