သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးချုပ်ဟောင်း Imran Khan ထောင် ၁၄ နှစ် ချမှတ်ခံရ


ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan ကိုထောက်ခံသူများ ဆန္ဒထုတ်ဖော်နေစဉ် (ဇန်နဝါရီ ၁၇၊ ၂၀၂၅)
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan ကိုထောက်ခံသူများ ဆန္ဒထုတ်ဖော်နေစဉ် (ဇန်နဝါရီ ၁၇၊ ၂၀၂၅)

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan နဲ့ သူ့ရဲ့ ဇနီးတို့ကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ပါကစ္စတန် တရားရုံးတခုက သောကြာနေ့မှာ ပြင်းထန်တဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Khan ကို ထောင်ဒဏ် ၁၄ နှစ်၊ သူ့ဇနီးကိုတော့ ထောင်ဒဏ် ၇ နှစ် အသီးသီး ချမှတ်လိုက်တာပါ။

Khan ဟာ သူ ဝန်ကြီးချုပ် တာဝန် ယူခဲ့ချိန်က လာဘ်စားမှု အရှုပ်တော်ပုံနဲ့ အမှုတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် သြဂုတ်လ ကတည်းက Rawalpindi အကျဥ်းထောင်မှာ သူ ထိန်းသိမ်းခံထားရတာပါ။ အဲ့ဒီအကျဥ်းထောင် ဝင်းထဲမှာပဲ သူ့ကို အမှုစစ်ဆေးခဲ့တာပါ။ သူ့အပေါ် ငွေဒဏ် ဒေါ်လာ ၃၅၀၀ နဲ့ ဇနီးသည် Bushra Bibi ကိုတော့ အဲ့ဒီငွေရဲ့ တဝက် ပမာဏ ငွေဒဏ် ချမှတ်ထားတာတွေကို ထောက်ပြီး ပြစ်ဒဏ်စီရင်ဖို့ ကိစ္စကို ခုံရုံးက အကြိမ်ကြိမ် ဆိုင်းပေးခဲ့ပြီးတဲ့နောက် သောကြာနေ့ကတော့ ပြစ်ဒဏ် ၁၄ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အခုလို ပြစ်ဒဏ် စီရင်ပြီး နောက်ပိုင်းမှာတော့ ခန်း ရဲ့ ဇနီးကို တရားရုံး အချုပ်ဝင်းထဲ ကနေ အကျဥ်းထောင်ကို ရွှေ့ပြောင်းလိုက်ပါတယ်။ အသက် ၇၂ နှစ်ရှိပြီ ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ခန်း နဲ့ ဇနီးသည်တို့ဟာ ခန်း ဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် ကာလတွေ အတွင်း သူတို့ တည်ထောင်ခဲ့တဲ့ Al-Qadir တက္ကသိုလ် ရန်ပုံငွေ အစီအစဥ်တခုနဲ့ ဆက်စပ်ပြီး အာဏာ အလွဲသုံးစားမှုနဲ့ ပြစ်ဒဏ် စီရင်ခံရတာ ဖြစ်ပါတယ်။

ဆင်းရဲ နွမ်းပါးသူတွေအတွက် ပညာရေးဆိုင်ရာ NGO အဖွဲ့တခု တည်ထာင်ဖို့ ပါကစ္စတန် အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး မာလစ်က် ရီယာ့ဇ် Malik Riaz ထံကနေ သူတို့ အစီအစဥ်အတွက် မြေကွက်တွေ ရယူပြီး လာဘ်စားခဲ့တယ် လို့ ဆိုပြီး ဝန်ကြီးချုပ်ဟောင်း ဇနီးမောင်နှံ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Imran Khan ထောင် ၁၄ နှစ် ချမှတ်ခံရ
please wait

No media source currently available

0:00 0:05:25 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG