သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းခန် ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးခံရ


ရိုက်တာသတင်းဌာနဲ့ အင်တာဗျူးတခုမှာ တွေ့ရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Imran Khan (မတ် ၁၇၊ ၂၀၂၃)
ရိုက်တာသတင်းဌာနဲ့ အင်တာဗျူးတခုမှာ တွေ့ရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Imran Khan (မတ် ၁၇၊ ၂၀၂၃)

ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း အီမရန်ခန် (Imran Khan) ကို နိုင်ငံတော် လျှို့ဝှက်ချက်တွေကို ပေါက်ကြားမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဲ့ သူ့ရဲ့ မဟာမိတ် Shah Mahmood Qureshi တို့ကို Rawalpindi မြို့ အထူး တရားရုံးက စီရင်ချက်ချခဲ့တာလို့ ခန်ရဲ့ PTI ပါတီ‌ ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။

အီမရန်ခန်ဟာ ၂၀၂၂ ခုနှစ်က ပါလီမန်မှာ အယုံအကြည်မရှိအဆိုကိုတင်သွင်းခံခဲ့ရပြီး ရှုံးနိမ့်ခဲ့တဲ့အတွက် ရာထူးမှ နုတ်ထွက်ပေးခဲ့ရတာပါ။ အခု ချမှတ်ခံရတဲ့ ပြစ်ဒဏ်က ၂၀၂၂ ခုနှစ် သူ ရာထူးက ဖြုတ်ချခံရပြီးနောက်ပိုင်း လူထုစုဝေးပွဲ တခုမှာ ခန်က လျှို့ဝှက်သံတမန်ရေးရာ စာတမ်းတခုကို ထုတ်ဖော် ခဲ့တာနဲ့ ပတ်သက်တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ သူ့ကို လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ဖြုတ်ချတာက အမေရိကန်နှင့်ပူးပေါင်းကာ ပါကစ္စတန် အင်အားကြီးစစ်တပ်က ကြိုးကိုင် ကြံစည်ထားတာကို "Cipher" လို့ ခေါ်တဲ့ အဲဒီစာတမ်းက သက်သေပြနေတယ်လို့ ခန်က ပြောခဲ့တာပါ။ ဒီစွပ်စွဲချက်ကို အမေရိကန်ရော၊ ပါကစ္စတန် စစ်တပ်ကပါ ငြင်းဆိုပါတယ်။

ခန်ကို အကျင့်ပျက်ခြစားမှုနဲ့ ထောင်ဒဏ် ၃ နှစ် ချထားပြီး၊ ဒီ ပြစ်ဒဏ်ချမှတ်မှုကြောင့် လာမယ့် လမှာ လုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာလည်း ပါဝင်ခွင့်မရနိုင်တော့ပါဘူး။

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းခန် ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးခံရ
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG