သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်-အီရန် နယ်စပ်ပစ်ခတ်မှု အရပ်သားတွေထိခိုက်သေဆုံး


ပါကစ္စတန်အနောက်တောင်အရပ်မှာရှိတဲ့ အီရန်က စတင်ပြီး လေကြောင်းကတိုက်ခိုက်ခဲ့တဲ့ Koh-e-Sabz ဒေသက တောင်တလုံးကို ညွှန်ပြနေတဲ့ ဒေသခံတဦး။ (ဇန်နဝါရီ ၁၈၊ ၂၀၂၄)
ပါကစ္စတန်အနောက်တောင်အရပ်မှာရှိတဲ့ အီရန်က စတင်ပြီး လေကြောင်းကတိုက်ခိုက်ခဲ့တဲ့ Koh-e-Sabz ဒေသက တောင်တလုံးကို ညွှန်ပြနေတဲ့ ဒေသခံတဦး။ (ဇန်နဝါရီ ၁၈၊ ၂၀၂၄)

ပါကစ္စတန်နဲ့ အီရန်နိုင်ငံကြား နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုတွေကြောင့် အရပ်သားတချို့သေဆုံးပြီး တင်းမာမှုတွေမြင့်တက်လာနေပါတယ်။ အခုလိုအခြေအနေမှာ ဒေသတွင်းအင်အားကြီးနိုင်ငံဖြစ်တဲ့တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့က နောက်ထပ်အခြေအနေတွေ ပိုဆိုးအောင်မလုပ်ကြဖို့ နှစ်ဘက်လုံးကိုတိုက်တွန်းလိုက်ပါတယ်။

ကြာသပတေးနေ့တုန်းက ပါကစ္စတန်က အီရန်နိုင်ငံဘက်က စစ်စတန်နဲ့ ဘလူချီစတန်ဒေသတွေကို လေကြောင်းကနေ လက်တုံ့ပြန်တိုက်ခိုက်ခဲ့တဲ့အတွက် ကလေး ၄ ဦးနဲ့ အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သားတွေထိခိုက်သေဆုံးခဲ့ တယ်လို့ အီရန် တာဝန်ရှိသူတွေကပြောဆိုပါတယ်။

ပါကစ္စတန်ကတော့ အီရန်နိုင်ငံထဲမှာခိုလှုံနေတဲ့အကြမ်းဖက်အဖွဲ့အစည်းတွေကိုပစ်ခတ်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အီရန်ကတော့ ဒီစွပ်စွဲချက်ကို အပြင်းအထန် ငြင်းဆိုပါတယ်။ အင်္ဂါနေ့တုန်းက အီရန်က ပါကစ္စတန်ဘက်က ဘလူချီစတန်ဒေသကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကလေးနှစ်ဦးသေဆုံးခဲ့ပါတယ်။ အီရန်ကတော့ ပါကစ္စတန်နယ်ထဲမှာရှိတဲ့ ဆွန်နီအကြမ်းဖက်အဖွဲ့ကို ပစ်ခတ်တိုက်ခိုက်တာလို့ဆိုပါတယ်။

ပါကစ္စတန်နဲ့ အီရန်နှစ်ဘက်လုံး တင်းမာမှုတွေလျော့ချဖို့နဲ့ နောက်ထပ် ပိုမိုတင်းမာမှုတွေ တိုးအောင်မလုပ်ကြဖို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မော်နင်က ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်အစိုးရအနေနဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေကြောင်းနဲ့ နောက်ထပ်တင်းမာမှုတွေတိုးအောင်မလုပ်ကြဖို့ အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောဆိုခဲ့ပါတယ်။

နှစ်နိုင်ငံလုံးက ဘလူချီအရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြတယ်လို့ ဘလူချီစတန် လူ့အခွင့်အရေးကောင်စီကတော့ ကြာသပတေးနေ့မှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG