သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်တရားလွှတ်တော်ချုပ်တရားစစ်ဆေးမှု ပထမဆုံးအကြိမ် တိုက်ရိုက် ထုတ်လွှင့်


ပါကစ္စတန် တရားလွှတ်တော် တရားသူကြီးချုပ် Qazi Faez Isa
ပါကစ္စတန် တရားလွှတ်တော် တရားသူကြီးချုပ် Qazi Faez Isa

ပါကစ္စတန်တရားလွှတ်တော်ချုပ်က တရားစစ်ဆေးပုံကို ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်ပိုင် ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့် ပြသလိုက်ပါတယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေးအပေါ်မှာ သမိုင်းတလျှောက် သက်ရောက်မှုကြီးမားခဲ့တဲ့ တရားလွှတ်တော်ချုပ် လုပ်ကိုင်ပုံကို ပြည်သူတွေအနေနဲ့ စတင်ကြည့်ရှုရတာလည်းဖြစ်ပါတယ်။ တရားလွှတ်တော်တရားသူကြီးချုပ် ကာဇီဖေ့ဇ် အီဇာ Qazi Faez Isa ရဲ့ သက်တမ်းအစအဖြစ်လည်း မှတ်တိုင်စိုက်လိုက်တာ ဖြစ်ပါတယ်။

ယခင် တရားသူကြီးချုပ် အူမာ အတ္တာ ဘန်ဒီရဲ Umar Ata Bandial အငြိမ်းစား ယူသွားပြီးတဲ့နောက် အသက် ၆၄ နှစ်အရွယ် တရားသူကြီးအီဇာက တနင်္ဂနွေနေ့ က တရားသူကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တာပါ။ သူ့ရဲ့ ပထမဆုံးခြေလှမ်းကတော့ ရုပ်မြင်သံကြားကတဆင့် အများပြည်သူမျက်မှောက်မှာ တရားလွှတ်တော်ချုပ်က တရားစစ်ဆေးလိုက်တာပဲ ဖြစ်ပါတယ်။

“ဒီလို ရုပ်မြင်သံကြားလွှင့်ထုတ်ဖို့က အများသဘောတူညီချက်ဖြစ်ပါတယ်။” လို့ ရုပ်မြင်သံကြားလွှင့်ထုတ်မှုအစမှာ တရားသူကြီးချုပ်က ပြောပါတယ်။ ပါကစ္စတန် မှာရှိတဲ့ အဓိကရုပ်မြင်သံကြားလိုင်းတွေက အပြတ်အလပ်မရှိ ပြသခဲ့ကြတာပါ။ တရားလွှတ်တော်ချုပ် တရားသူကြီးတွေဟာ အသက် ၆၅ နှစ် ရောက်တာနဲ့ အနားယူကြရပေမဲ့ တရားသူကြီးချုပ်ရဲ့သက်တမ်းကိုတော့ သတ်မှတ်မထားပါဘူး။

တရားသူကြီးချုပ်အီဇာဟာ နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍကို ဝေဖန်ဖူးတဲ့ဂုဏ်သိက္ခာကြောင့် သူတရားသူကြီးချုပ်ဖြစ်လာတာကို တနိုင်ငံလုံးက စိတ်ဝင်စားနေခဲ့ကြပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ နှစ်ပေါင်း ၇၆ နှစ် သက်တမ်းမှာ စစ်တပ်က ဆယ်စုသုံးစုအုပ်စီးခဲ့တာပါ။ ပါကစ္စတန်တရားရေးစနစ်က ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချရာမှာ ကူညီခဲ့ရပြီး စစ်တပ်ကို သမိုင်းတလျှောက် တရားဝင်အောင်လုပ်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ယခင်ဝန်ကြီးချုပ် အင်မ်ရန် ခန်း (Imran Khan) ဟာ အဲဒီတုန်းက တရားသူကြီးအီဇာကို ရာထူးကဖယ်ရှားဖို့ ၂၀၁၈ ခုနှစ်က ကြိုးစားခဲ့ဖူးပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG