သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်မှာ လေကြောင်းရန်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်


လေကြောင်းရန်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်သည့်ဓာတ်ပုံများ အီရန်စစ်တပ် ထုတ်ပြန် (ဇန်နဝါရီ ၁၉၊ ၂၀၂၄)
လေကြောင်းရန်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်သည့်ဓာတ်ပုံများ အီရန်စစ်တပ် ထုတ်ပြန် (ဇန်နဝါရီ ၁၉၊ ၂၀၂၄)

အီရန်နိုင်ငံ အနောက်တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းကမ်းရိုးတမ်းဒေသတွေမှာ စစ်ရေးတင်းမာနေချိန်မှာ လေကြောင်းရန်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုကို လုပ်ခဲ့တယ်လို့ အီရန်နိုင်ငံက ပြောကြားလိုက်ပါတယ်။ အီရန်ထဲက ပစ်မှတ်တွေကိုတိုက်ခိုက်လာရင် ကြားဖြတ် ဖျက်ဆီးနိုင်အောင်နဲ့ ရန်သူ့ပစ်မှတ်တွေကို ထိမှန်အောင် ဒီဇိုင်းထွင်လုပ်ထားတဲ့ အဝေးထိန်းဒရုန်းယာဉ်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်ခဲ့တယ်လို့ ပြောပါတယ်။

အီရန်နိုင်ငံအနောက်တောင်ပိုင်း Khuzestan နယ် Abadan မြို့ကနေ အရှေ့တောင်ပိုင်း ပါကစ္စတန် နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေနဲ့ ထိဆက်နေတဲ့ Baluchistan နယ် Sistan မြို့အထိ လေကြောင်းရန်ကာကွယ်ရေး စစ်ရေး လေ့ကျင့်မှုကို ကြာသပပတေးနေ့နဲ့ ဒီနေ့ သောကြာနေ့ ၂ ရက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အီရန် လေတပ်၊ ရေတပ်အပြင် အစ္စလာမ်တော်လှန်ရေးတန်ပြန် အထူးတပ်က အာကာသဆိုင်ရာတပ်နဲ့ ရေတပ်တို့ ပါဝင်စစ်ရေးလေ့ကျင့်ခဲ့ကြတယ်လို့ အီရန်အစိုးရပိုင် Press TV က သတင်းထုတ်ပြန်ပါတယ်။

အီရန်နိုင်ငံထဲက ခွဲထွက်ရေးလိုလားတဲ့ စစ်သွေးကြွတွေ ပုန်းအောင်းနေတယ်လို့ဆိုတဲ့ နေရာတွေအပေါ် ပါကစ္စတန်နိုင်ငံက ကြာသပတေးနေ့က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ပါကစ္စတန်ထဲမှာရှိတဲ့ စစ်သွေးကြွအဖွဲ့တခုရဲ့ အခြေစိုက်စခန်းကို အီရန်ဘက်က တိုက်ခိုက်ခဲ့တာကို ပါကစ္စတန်က လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာပါ။ မိုင် ၅၀၀ ကျော် နယ်နိမိတ်ချင်း ထိဆက်နေတဲ့ အိမ်နီးချင်း ၂ နိုင်ငံကြား ခုလို အပြန်အလှန်တိုက်ခိုက်မှုဟာ အခုနှစ်ပိုင်းတွေအတွင်း စိုးရိမ်စရာကောင်းတဲ့ ဖြစ်ရပ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG