သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဆိုင်ရာသံအမတ် အီရတ်ပြန်ခေါ်ယူ၊ အီရတ်နိုင်ငံတွင်း အီရန်တိုက်ခိုက်မှုကို တုံ့ပြန်


အင်္ဂါနေ့က အီရန်ဒုံးကျည်ထိမှန်ပျက်စီးခဲ့တဲ့ အိမ်တလုံး (ဇန်နဝါရီ ၁၆၊ ၂၀၂၄)
အင်္ဂါနေ့က အီရန်ဒုံးကျည်ထိမှန်ပျက်စီးခဲ့တဲ့ အိမ်တလုံး (ဇန်နဝါရီ ၁၆၊ ၂၀၂၄)

အီရတ်နိုင်ငံက အီရန်နိုင်ငံဆိုင်ရာ သူ့ရဲ့သံအမတ်ကြီးကို အီရန်ကနေ အင်္ဂါနေ့ က ပြန်ခေါ်လိုက်ပါတယ်။ အီရတ်နိုင်ငံ ကာ့ဒ်ဒေသကို တနင်္လာနေ့က ဒုံးကျည်နဲ့ပစ်ခဲ့တဲ့အတွက် လူ ၄ ယောက်သေဆုံးခဲ့ပြီး ၆ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကာ့ဒ်ဒေသ လုံခြုံရေးကောင်စီက ပြောပါတယ်။

ကာဒ့်ပြည်နယ်ရဲ့မြို့တော်အာဘီလ်က အမေရိကန် ကောင်စစ်ဝန်ရုံးအနီး လူနေရပ်ကွက်ထဲက အိမ်တအိမ်ကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ ဒီအိမ်ကို အစ္စရေး ရဲ့ ထောက်လှမ်းရေးဌာနလို့ အီရတ်က ပြောပါတယ်။ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာတာကြောင့် တရားဝင်အခွင့်အရေးကို ကျင့်သုံးတာဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဆာ ကနားနီ (Nasser Kanaani) ကတော့ ဆိုပါတယ်။

အီရတ် အမျိုးသားလုံခြုံရေးအကြံပေး ကာဆင်အယ်အရာဂျီ (Qasim al-Araji) ကတော့ အီရတ်ရဲ့စွပ်စွဲချက်ကိုငြင်းဆိုပြီး အချုပ်အခြာအာဏာကို ထိပါးတာဖြစ်တယ်လို့ ပြောပါတယ်။ ပါကစ္စတန်နိုင်ငံဘက်မှာရှိတဲ့ ဂျာအစ်ရှ် အယ်အဒဲလ် အဖွဲ့ရဲ့စခန်းကိုလည်း အီရန်က အင်္ဂါနေ့မှာပဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီအုပ်စုဟာ ဆွန်နီ မူဆလင်အုပ်စုဖြစ်ပြီး စစ်သွေးကြွတွေဖြစ်တယ်လို့ အီရန်က ပြောပါတယ်။ ခုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပါကစ္စတန်က တစုံတရာပြောဆိုတာ မရှိသေးပါဘူး။ ဆွန်နီမူဆလင်တွေဟာ အီရန်နိုင်ငံရဲ့ လူနည်းစုမူဆလင်တွေဖြစ်ကြပါတယ်။ ဒေသတွင်းစစ်မီးပျံ့လာမှာ စိုးရိမ်နေကြချိန်မှာ ခုလို အီရန်ရဲ့တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG