သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟောင်းခန် မဟာမိတ်တွေ အများစုနိုင်


FILE PHOTO: What's next in Pakistan election deadlock
FILE PHOTO: What's next in Pakistan election deadlock

ပါကစ္စတန်နိုင်ငံမှာ ရွေးကောက်ပွဲ မဲရေတွက်မှုတွေ ဒီကနေ့ ပြီးစီးခဲ့ပြီး အကျဉ်းကျခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း Imran Khan ရဲ့ မဟာမိတ်တွေက လွှတ်တော်ကိုယ်စားလှယ်နေရာ အများအပြား အနိုင်ရခဲ့ပေမဲ့ အစိုးရဖွဲ့နိုင်လောက်တဲ့အထိ အများစုတော့ မရခဲ့ပါဘူး။

အောက်လွှတ်တော်ကိုယ်စားလှယ် ၂၆၆ နေရာအတွက် ယှဉ်ပြိုင်ရာမှာ ဝန်ကြီးချုပ်ဟောင်းရဲ့ PTI ပါတီက အဆိုပြုခဲ့သူ အများစု ပါဝင်တဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေက ၁၀၁ နေရာ အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။ ဒုတိယအများဆုံး အနိုင်ရခဲ့တာကတော့ နောက်ထပ် ဝန်ကြီးချုပ်ဟောင်းတဦးဖြစ်တဲ့ Nawaz Sharif ဦးဆောင်တဲ့ PML-N ပါတီဖြစ်ပါတယ်။ နိုင်ငံရေးပါတီ တခုအနေနဲ့ အများဆုံးအဖြစ် ၇၅ နေရာ အနိုင်ရခဲ့တာပါ။ နိုင်ငံခြားရေးဝန်ကြီးဟောင်း Bilawal Bhutto Zardari ဦးဆောင်တဲ့ PPP ပါတီကတော့ ၅၄ နေရာနဲ့ တတိယအများဆုံး အနိုင်ရခဲ့ပါတယ်။

လူဦးရော ၂၄၁ သန်းရှိတဲ့ ပါကစ္စတန်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရွေးကောက်ပွဲ ကျင်းပအပြီး ၃ ရက်အကြာမှာ ကော်မရှင်က မဲရလဒ်ကို ထုတ်ပြန်ခဲ့တာပါ။ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ လက်ကိုင်ဖုန်းတွေ အင်တာနက်တွေကို အာဏာပိုင်တွေ ဖြတ်တောက်ခဲ့ပါတယ်။

အသက် ၇၁ နှစ်အရွယ် နာမည်ကျော် ခရစ်ကတ် အားကစားသမားဟောင်းလည်းဖြစ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ Khan ကိုတော့ ထောင်ဒဏ် ၁၄ နှစ် အပြစ်ပေးထားပြီး နိုင်ငံရေးမှာ ပါဝင်ခွင့်လည်း တားမြစ်ခံထားရပါတယ်။

XS
SM
MD
LG