သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BLACKPINK ဂျန်နီရဲ့ တကိုယ်တော် တေးဂီတဗွီဒီယိုသစ်


ဗြိတိသျှ အဆိုတော် Dua Lipa ဒူဝါလီပါနဲ့ တွဲဆိုထားတဲ့ “Handlebars” သီချင်း ဗီဒီယိုထဲက BLACKPINK အဖွဲ့ အဆိုတော် Jennie
ဗြိတိသျှ အဆိုတော် Dua Lipa ဒူဝါလီပါနဲ့ တွဲဆိုထားတဲ့ “Handlebars” သီချင်း ဗီဒီယိုထဲက BLACKPINK အဖွဲ့ အဆိုတော် Jennie

ကမ္ဘာကျော် ကိုရီးယား ကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ BLACKPINK အဖွဲ့ထဲက Jennie ဂျန်နီက ဗြိတိသျှ အဆိုတော် Dua Lipa ဒူဝါလီပါနဲ့ တွဲဆိုထားတဲ့ “Handlebars” သီချင်း ဗီဒီယိုကို ထုတ်လိုက်ပါတယ်။ ဒီသီချင်းက ဂျန်နီ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးအယ်လ်ဘမ် “Ruby” မှာပါတဲ့ သီချင်းတွေထဲက ၆ ပုဒ်မြောက် သီချင်းဗွီဒီယိုဖြစ်ပြီး မတ်လ ၇ ရက်နေ့မှာ ထုတ်လိုက်တာပါ။ နာမည်ရင်းက ဂျန်နီ ကင်မ် ဖြစ်တဲ့ ဂျန်နီက ၂၀၂၄ စက်တင်ဘာမှာပဲ Columbia Records ကိုလံဘီယာတေးသံသွင်း နဲ့ တစ်ကိုယ်တော် စာချုပ်ချုပ်ခဲ့ပြီး ၂၀၂၃ ဒီဇင်ဘာမှာတော့ သူက ကိုယ်ပိုင်ဖျော်ဖြေရေးအေဂျင်စီ OA - ODD ATELIER ကို ထောင်လိုက်တာပါ။

“How You Like That”၊ “Pink Venom” နဲ့ “Ddu-Du Ddu-Du” လို သီချင်းတွေနဲ့ နာမည်ကြီးတဲ့ BLACKPINK အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာကျင်းပတဲ့ နာမည်ကျော် Coachella ကိုချဲလား ဂီတပွဲတော်နဲ့ လန်ဒန်မြို့တော်မှာ ကျင်းပတဲ့ Hyde Park ဟိုင်းပတ်ပန်းခြံ British Summer Time ပွဲတွေမှာ ပထမဆုံး ဖျော်ဖြေခဲ့တဲ့ K-Pop အဖွဲ့ဖြစ်သလို MTV ဂီတဗွီဒီယိုဆုပါ ဆွတ်ခူးခဲ့တာပါ။ အမျိုးသမီးလေး ၄ ဦးနဲ့ ဖွဲ့ထားတဲ့ သူတို့အဖွဲ့က “The BLACKPINK 2025 World Tour” ဖျော်ဖြေရေးခရီးစဉ်ကို ဇူလိုင် ၅ ရက်မှာ တောင်ကိုရီးယား ဆိုးလ်မြို့မှာ စတင်မယ်လို့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဂျန်နီကလည်း ဒီနှစ် Coachella ပွဲတော်မှာ ဖျော်ဖြေဖို့ ပြင်ဆင်နေပါတယ်။

Forum

XS
SM
MD
LG