သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ် အပစ်ရပ်ရေး အသေးစိတ်အစီအစဉ်လိုအပ် (သမ္မတ Putin)

ရုရှားသမ္မတ ပူတင်
ရုရှားသမ္မတ ပူတင်

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် ရပ်ဆိုင်း စေဖို့ အမေရိကန် တင်သွင်းတဲ့ အဆိုပြုချက်ကို ထောက်ခံကြောင်း ရုရှားသမ္မတ Vladimir Putin ကပြောပေမယ့် အသေးစိတ်လုပ်ဆောင်မှာတွေ ချပြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

တိုက်ပွဲတွေ အဆုံးသတ်ဖို့ အဆိုပြုချက်ကို သဘောတူပေမယ့်၊ အပစ်ရပ်ရေးဟာ တာရှည်ငြိမ်းချမ်းမှုနဲ့ ပဋိပက္ခ ဖြစ်စေတဲ့ အကြောင်းရင်းတွေ ဖယ်ရှားဖို့ ဦးတည်သင့်တဲ့ အတွက် ဒါကိုမှန်းဆ လုပ်ဆောင်နေသလို ဖြစ်နေကြောင်းလည်း ကြာသပတေးနေ့ မော်စကို သတင်းစာရှင်းလင်းပွဲ မှာ သမ္မတ Putin က ပြောပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကို ဖုံးခေါ်ပြီး ဆွေးနွေးဖို့ လုပ်ရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန် သမ္မတထရမ့်ကတော့ တကယ်လို့ ရုရှားက ယူကရိန်းစစ်အဆုံးသတ်ရေး အမေရိကန်ရဲ့ ကြိုးပမ်းချက်တွေကို လက်မခံဘူးဆိုရင် အတော်စိတ်ပျက်စရာကောင်းမှာ ဖြစ်ကြောင်းနဲ့ ရုရှားဘက်က အပစ်ရပ်ရေးကို မြင်ချင်ကြောင်း အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အပစ်ရပ် အပြီးသတ် သဘောတူညီချက်အတွက် အသေးစိတ် အချက်လက် အများအပြားကို တကယ်တော့ ဆွေးနွေးခဲ့ပြီးပြီ ဖြစ်တဲ့ အတွက် ရုရှားဘက်က လက်ခံ၊ မခံ ကြည့်ရတော့မှာ ဖြစ်ပြီး တကယ်လို့ လက်မခံဘူးဆိုရင်တော့ ကမ္ဘာကြီးအတွက် အတော့်ကို စိတ်ပျက်စရာ ဖြစ်မယ်လို့လည်း ပြောပါတယ်။

အစောပိုင်းကတော့ သမ္မတ Putin ရဲ့ ထိပ်တန်း နိုင်ငံခြားရေးရာ တာဝန်ခံ တဦးက အမေရိကန်ရဲ့ ရက်ပေါင်း ၃၀ အပစ်ရပ် အဆိုပြုချက်ဟာ ယူကရိန်းစစ်တပ် ယာယီအနားရ အောင် လုပ်ပေးသလို ဖြစ်နေတယ်လို့ ပြောခဲ့တာပါ။ အပစ်ရပ်အဆိုပြုချက်အတွက် အမေရိကန် အထူးသံ Steve Witkoff မော်စကိုမှာ ရုရှား အရာရှိတွေနဲ့ တွေ့ဆုံဖို့ လာရောက်ခဲ့တဲ့ နောက် အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းစစ် အပစ်ရပ်ရေး အသေးစိတ်အစီအစဉ်လိုအပ် (သမ္မတ Putin)
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

Forum

XS
SM
MD
LG