သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပ ယမကာအခွန် ၂၀၀% ကောက်ဖို့ Trump ခြိမ်းခြောက်


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အထက်-အောက် လွှတ်တော် နှစ်ရပ်ကို မိန့်ခွန်း ပြောကြားစဥ်။ မတ်လ ၄ ရက်၊ ၂၀၂၅ ခုနှစ် (မှတ်တမ်းဓာတ်ပုံ - Official White House အိမ်ဖြူတော် - Daniel Torok)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အထက်-အောက် လွှတ်တော် နှစ်ရပ်ကို မိန့်ခွန်း ပြောကြားစဥ်။ မတ်လ ၄ ရက်၊ ၂၀၂၅ ခုနှစ် (မှတ်တမ်းဓာတ်ပုံ - Official White House အိမ်ဖြူတော် - Daniel Torok)

အမေရိကန်ဝီစကီ တင်သွင်းမှုကို အီးယူ ဥရောပသမဂ္ဂ နိုင်ငံတွေက အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံတာဟာ အတော်ဆိုးဝါးတယ်လို့ ပြောပြီး အီယူကနေ ဝိုင်၊ ရှန်ပိန်နဲ့ တခြားယမကာတွေ တင်သွင်းမှုကို အခွန် ၂၀၀ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။

အီးယူရဲ့ အခွန်အကောက်ဌာန တာဝန်ရှိသူတွေဟာ ကမ္ဘာပေါ်မှာ ရန်အလိုဆုံးနဲ့ အရိုင်းစိုင်းဆုံး အာဏာပိုင်တွေ ထဲမှာ ပါဝင်ကြောင်းနဲ့ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က အမေရိကန်ကို စီးပွားရေးအရ အသာစီးရဖို့ ဖြစ်ကြောင်း သမ္မတထရမ့်က Truth ဆိုရှယ်မီဒီယာ မှာရေးပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတအိမ်ဖြူ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက မေးမြန်းရာမှာတော့ ထရမ့်က အမေရိကန်က နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတာ ဖြစ်ပြီး အခု အဆုံးမခံနိုင်တော့ ကြောင်းနဲ့ အလျူမီနီယံ ဖြစ်စေ၊ သံမဏိဖြစ်စေ၊ ကားပဲဖြစ်စေ အခွန်ကောက်မယ့် ကိစ္စကို ပြန်ပြင်မှာ မဟုတ်ကြောင်း ပြောပါတယ်။

သမ္မတထရမ့်ဟာ ပြီးခဲ့တဲ့လထဲမှာ မက်ဆီကို၊ ကနေဒါ၊ တရုတ်နဲ့ အီးယူ လို အမေရိကန်ရဲ့ အကြီးဆုံး ကုန်သွယ်ဖက်တွေနဲ့ အခွန် အပြန်အလှန်ကောက်ပြီး အခွန်စစ်ခင်းနေတာပါ။

ဒါဟာ အမေရိကန် နိုင်ငံထဲ အထူးသဖြင့် Fentanyl လို မူးယစ်ဆေးတွေ မက်ဆီကိုနဲ့ ကနေဒါဘက်ကနေ ဝင်လာနေတာကြောင့် ဖြစ်ကြောင်းနဲ့ တခြားနိုင်ငံတွေမှာ ဖွင့်ထားတဲ့ စက်မှုကုန်ထုတ် လုပ်ငန်းတွေကိုပိတ်ပြီး အမေရိကန်မှာ လာဖွင့်အောင်လုပ်တာ ဖြစ်တဲ့အတွက် အမေရိကန်မှာ အလုပ်အကိုင်တွေ ပို ဖန်တီးနိုင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မှာ သမ္မတထရမ့်က အမေရိကန်ကို သံမဏိနဲ့ အလျူမီနီယံ တင်သွင်းမှုကို အီးယူ အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်င့ အတွက် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံခဲ့တာပါ။

အီးယူက အမေရိကန်တင်ပို့ကုန် ၂၈ ဘီလီယံဘိုး အတွက် ချက်ချင်းပဲ အခွန်ပြန်ကောက်ခံခဲ့သလို၊ ကနေဒါကလည်း အမေရိကန်တင်ပို့ကုန် ၂၀.၇ ဘီလီယံဘိုး အတွက် အခွန်ပြန်ကောက်ခံခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ဝီစကီကို အဓိကအားဖြင့် အီယူကို တင်သွင်းနေတာ ဖြစ်ပြေီး လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ရာခိုင်နှုန်း ၆၀ တိုးပြီး တင်ပို့ခဲ့ရတာပါ။

Forum

XS
SM
MD
LG