သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါ သံမဏိနဲ့ အလျူမီနီယံတွေအပေါ် သမ္မတထရမ့် အခွန် ၅၀ ရာခိုင်နှုန်းကောက်မည်

ကနေဒါနိုင်ငံ Ontario ပြည်နယ် တိုရွန်တိုမြို့က North York Iron သံမဏိစက်ရုံ (ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅)
ကနေဒါနိုင်ငံ Ontario ပြည်နယ် တိုရွန်တိုမြို့က North York Iron သံမဏိစက်ရုံ (ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅)

ကနေဒါနိုင်ငံက သံမဏိနဲ့ အလျူမီနီယံ သွင်းကုန်တွေအပေါ် အမေရိကန်က အခွန် ၂ ဆတိုးပြီး ၅၀ ရာခိုင်နှုန်းကောက်ခံမှာဖြစ်ကြောင်း သမ္မတ Donald Trump က ပြောလိုက်ပါတယ်။ ကနေဒါနိုင်ငံ Ontario ပြည်နယ်အစိုးရက အမေရိကန်ကို ရောင်းချနေတဲ့ လျှပ်စစ်ဓာတ်အားခကို တိုးမြှင့်လိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ မနက်ဖြန် ဗုဒ္ဓဟူးနေ့ကစ အခွန်တွေတိုးမယ်လို့လည်း သမ္မတထရမ့်က လူမှုကွန်ရက်မှာ ဒီကနေ့ပဲ ပြောလိုက်တာပါ။

သံမဏိနဲ့ အလျူမီနီယံ သွင်းကုန်တွေ အားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း သတ်မှတ်ထားတာကို ၅၀ ရာခိုင်နှုန်း ထပ်တိုးပြီး၊ ကမ္ဘာမှာ သွင်းကုန်ခွန် အမြင့်ဆုံး သတ်မှတ်ဖို့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးကို ညွှန်ကြားထားကြောင်း သမ္မတထရမ့်က သူ့ကိုယ်ပိုင် Truth လူမှုကွန်ရက်မှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

This item is part of

Forum

XS
SM
MD
LG