သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Apple က အမေရိကန်မှာ အလုပ်အကိုင်နဲ့ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့မယ်


ကာလီဖိုးနီးယားပြည်နယ်၊ Cupertino မြို့တွင် ကျင်းပသည့် Apple ၏ "It's Glowtime" အစီအစဥ်တွင် စကားပြောနေသည့် CEO Tim Cook။ (မှတ်တမ်းရုပ်ပုံ)
ကာလီဖိုးနီးယားပြည်နယ်၊ Cupertino မြို့တွင် ကျင်းပသည့် Apple ၏ "It's Glowtime" အစီအစဥ်တွင် စကားပြောနေသည့် CEO Tim Cook။ (မှတ်တမ်းရုပ်ပုံ)

အမေရိကန် နည်းပညာကုမ္ပဏီ အက်ပဲလ်ဟာ အလုပ်ပေါင်း ၂၀,၀၀၀ ကျော် ဖန်တီးဖို့ လာမယ့် ၄ နှစ် အမေရိကန်နိုင်ငံမှာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၅၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ Apple က ကြေညာပါတယ်။

ပြည်နယ် ၉ ပြည်နယ်မှာ Apple ကို တိုးချဲ့မယ်လို့ ဆိုပါတယ်။ တက္ကဆက်စ်ပြည်နယ်မှာ ၂၃,၂၀၀ စတုရန်းမီတာရှိတဲ့ စက်ရုံတခုကို ၂၀၂၆ မှာ ဖွင့်မယ်လို့ Apple က ပြောပါတယ်။ အမေရိကန် သမ္မတ ထရမ့်ကို Apple ရဲ့ အလုပ်အမှုဆောင်အရာရှိ Tim Cook က တွေ့ဆုံခဲ့ပြီး တရက်အကြာမှာ ခုလို ကြေညာချက် ထွက်လာခဲ့တာပါ။

ခုလို ရင်းနှီးမြှုပ်နှံမှုအတွက် Apple နဲ့ စီအီးအို Tim Cook ကို ကျေးဇူးတင်ကြောင်း Truth Social လူမှုမီဒီယာ စာမျက်နှာမှာ တနင်္လာနေ့ မနက်က သမ္မတထရမ့်က ရေးပါတယ်။ "ကျနော်တို့ လုပ်နေတာတွေကို ယုံကြည်မှုမရှိဘဲ ဆယ်ဆင့်တောင် ရင်းနှီးမြှုပ်နှံမှာ မဟုတ်ပါဘူ" လို့ ထရမ့်က ဆိုပါတယ်။

လက်ရှိအခြေအနေအထိ Apple ပစ္စည်းတွေကို နိုင်ငံခြားမှာပဲ ထုတ်လုပ် တပ်ဆင်တာ ဖြစ်ပါတယ်။ အများစုက တရုတ်မှာ လုပ်တာပါ။ ဖေဖော်ဝါရီလ အစောပိုင်းမှာ ထရမ့်က အခွန် ၁၀% တိုးချလိုက်တာမို့ အဲဒီ ပစ္စည်းတွေလည်း အခွန်တိုးချခံရကိန်း ကြုံနေရတာပါ။

နိုင်ငံတကာ ထုတ်လုပ်ရေးကွင်းဆက်အပေါ် အားထားနေရတာ လျှော့ချဖို့အတွက် အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်က ထိုင်ဝမ် ဆီမီးကွန်ဒပ်တာကုမ္ပဏီပိုင် စက်ရုံမှာ Apple ပစ္စည်းတွေမှာ သုံးတဲ့ ချစ်ပ်တွေကို ထုတ်လုပ်မယ်လို့ ဇန်နဝါရီလမှာ Apple က ကြေညာခဲ့ပါတယ်။

Apple က အမေရိကန်မှာ အလုပ်အကိုင်နဲ့ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့မယ်
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG