သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်က သွင်းကုန်ခွန် တိုးမယ့်အချိန် တရုတ်မှာ နိုင်ငံရေးရာ ဆွေးနွေး


တရုတ် ပြည်သူ့အတိုင်ပင်ခံညီလာခံ မကျင်းပခင်တရက် တနင်္လာနေ့ တီယန်အန်မင်ရင်ပြင် မြင်ကွင်း။ (မတ် ၃၊ ၂၀၂၅) (AP)
တရုတ် ပြည်သူ့အတိုင်ပင်ခံညီလာခံ မကျင်းပခင်တရက် တနင်္လာနေ့ တီယန်အန်မင်ရင်ပြင် မြင်ကွင်း။ (မတ် ၃၊ ၂၀၂၅) (AP)

အမေရိကန်က အခွန် ထပ်မံ တိုးမြှင့်ချမယ့်နေ့မှာပဲ တရုတ်ကလည်း ပြည်သူ့အတိုင်ပင်ခံညီလာခံကို အင်္ဂါနေ့မှာကျင်းပဖို့ ခေါ်ယူလိုက်ပါတယ်။ နောက်တရက်မှာ အမျိုးသား ပြည်သူ့ ကွန်ဂရက်ခေါ် လွှတ်တော်ကိုလည်း ခေါ်ထားပါတယ်။

လက်ရှိ တရုတ်ရင်ဆိုင်နေရတဲ့ စီးပွါးရေးဆိုင်ရာ စိန်ခေါ်ချက်တွေကို သမ္မတ ရှီကျင့်ဖျင်ကတော့ ရှုပ်ထွေးပြီး ဘက်ပေါင်းစုံ စိန်ခေါ်ချက်တွေအဖြစ် သုံးသပ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ကွီရှီ မဂ္ဂဇင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။

စျေးကွက်နဲ့ အစိုးရကြား ဆက်ဆံရေးကို လွယ်ကူချောမွေ့အောင် လုပ်ပေးပြီး ဝယ်လိုအားနဲ့ ရောင်းလိုအားကြား ဟန်ချက်ညီမျှအောင် လုပ်ဖို့၊ အရင်းအမြစ်တွေကို အထိရောက်ဆုံး ချထားနိုင်ဖို့နဲ့ အရည်အသွေးနဲ့ ကြီးကြီးမားမား တိုးတက်မှုတို့ကြား ဟန်ချက်ညီဖို့တွေလည်း ဆောင်းပါးမှာ တိုက်တွန်းထားပါတယ်။

၂၀၂၅ ခုနှစ်မှာ ဒါတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာက ဒီ ညီလာခံရဲ့ ဆွေးနွေးကြမယ့် အကြောင်းအရာဖြစ်တယ်လို့ မျှော်လင့်ထားကြပါတယ်။ လွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးချုပ် လီကျန်း Li Qiang က ၂၀၂၅ အတွက် စီးပွါးရေးတိုးတက်မှု လျာထားချက်ကို တင်ပြပြီး စီးပွါးရေး ဆိုင်ရာ မူဝါဒတွေကို ဆွေးနွေးဖို့ ရှိပါတယ်။

စီးပွါးရေးတိုးတက်မှု လေးကွေးနေတဲ့အချိန်မှာ ဒီနှစ်အစည်းအဝေးက ဖြစ်လာတာပါ။ တရုတ်ပစ္စည်းတွေအ‌ပေါ် အမေရိကန်က နောက်ထပ် အခွန် ၁၀% တိုးချမှာက အင်္ဂါနေ့မှာ အသက်ဝင်လာဖွယ် ရှိပါတယ်။

တရုတ်မှာ ပြည်တွင်းဝယ်လိုအား ကျနေသလို ရင်းနှီးမြှုပ်နှံမှုလည်းနည်း စားသုံးသူ ယုံကြည်မှုကလည်း ကျနေပါတယ်။ အိမ်ခြံမြေစျေးကွက်ကလည်း အကြပ်အတည်းကြုံရလု ဖြစ်နေပါတယ်။ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲကလည်း စလာနေပါပြီ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG