သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သွင်းကုန်တွေအပေါ် အခွန်တိုးကောက်တဲ့အစီအစဉ် အမေရိကန် စတင် 


တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့က ယန်ရှန်ဆိပ်ကမ်းက ကုန်တင်သင်္ဘောပေါ်တင်တဲ့ ကုန်တင်သေတ္တာကြီးများကိုတွေ့ရတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့က ယန်ရှန်ဆိပ်ကမ်းက ကုန်တင်သင်္ဘောပေါ်တင်တဲ့ ကုန်တင်သေတ္တာကြီးများကိုတွေ့ရတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။

အမေရိကန်က တရုတ်သွင်းကုန်တွေအပေါ် ဒီကနေ့ အင်္ဂါနေ့ကစပြီး ကုန်သွယ်ခွန်တိုးကောက်မှာ ဖြစ်သလို တရုတ်နိုင်ငံကလည်း အမေရိကန်သွင်းကုန်တွေအပေါ် အခွန်တိုးကောက်မယ်ဆိုပြီး ပြောပါတယ်။

Fentanyl (ဖန်တာနယ်လ်) မူးယစ်ဆေး အမေရိကန်ထဲဝင်ရောက်နေတာကိုတားဆီးဖို့ တရုတ် အပေါ် ဖိအားပေးတဲ့အနေနဲ့ ကုန်သွယ်ခွန် ၁၀ ရာခိုင်နှုန်း တိုးကောက်မှာဖြစ်တယ်လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကကြေညာထားသလို တရုတ်ကလည်း အမေရိကန်ကျောက်မီးသွေးနဲ့ သဘာဝ ဓါတ်ငွေ့အရည်အပေါ် အခွန် ၁၅ ရာခိုင်နှုန်းကောက်မှာဖြစ်ပြီး ရေနံ၊ စိုက်ပျိုးရေးသုံး စက်ယန္တရားနဲ့ မော်တော်ကားတွေအပေါ် ကုန်သွယ်ခွန် ၁၀ ရာခိုင်နှုန်းကောက်မှာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

မက္ကစီကိုက Fentanyl (ဖန်တာနယ်လ်) မူးယစ်ဆေးဝါးချက်လုပ်တဲ့ဂိုဏ်းတွေကလိုအပ်တဲ့ ဓါတု ပစ္စည်းတွေ တရုတ်နိုင်ငံကနေရနေတာလို့ အမေရိကန်က ပြောဆိုထားတာပါ။ တရုတ်အနေနဲ့ Fentanyl (ဖန်တာနယ်လ်) မူးယစ်ဆေး တင်ပို့နေတာတွေကို ရပ်ဖို့ မျှော်လင့်ကြောင်းနဲ့ မရပ်ဘူးဆိုရင်တော့ ကုန်သွယ်ခွန် ဒီထက်ပိုကောက်မယ်လို့ ထရမ့်က ပြောထားပြီးနောက် တရုတ်ကလည်း ဓါတုပစ္စည်း အရောင်းအဝယ်လုပ်ငန်းတွေနဲ့ တရားမဝင် မူးယစ်ဆေး ရောင်းဝယ်နေတာတွေကို နှိမ်နင်းမယ်ဆိုပြီး ပြောဆိုပါတယ်။

မက္ကစီကိုနဲ့ ကနေဒါအပေါ် ၂၅ ရာခိုင်နှုန်း ကုန်သွယ်ခွန်တိုးကောက်ထားတာကိုလည်း ထရမ့်က မနေ့က တလတာ ဆိုင်းငံ့မယ်ဆိုပြီး ပြန်ပြောင်း ကြေညာပါတယ်။ ဒီလိုကုန်သွယ်ခွန်တိုးကောက်တာကြောင့် နိုင်ငံတွင်း ကုန်စျေးနှုန်းတွေတက်လာနိုင်ကြောင်း ထရမ့်က ပြောကြားထားခဲ့သလို ကမ္ဘာတဝှမ်း စတော့စျေးကွက်အပေါ်လည်း အကြီးအကျယ် ရိုက်ခတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG