သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်သွယ်ရေးစစ်ဖြစ်နိုင်ခြေ ဥရောပနဲ့တရုတ်ခေါင်းဆောင်တွေစိုးရိမ်


FILE PHOTO: 54th WEF annual meeting in Davos
FILE PHOTO: 54th WEF annual meeting in Davos

ဒေါ်နယ်လ် ထရမ့် သမ္မတ ဖြစ်လာတာနဲ့အတူ ကုန်သွယ်ရေးစစ် အသစ်တွေ ဖြစ်လာမလား စိုးရိမ်လာကြတဲ့အချိန်မှာ ဥရောပ သမဂ္ဂ၊ ဂျာမနီနဲ့ တရုတ် ခေါင်းဆောင်တွေက ကမ္ဘာတဝှမ်း ပူးပေါင်းဆောင်ရွက်ရေးကို ကာကွယ်ကြဖို့ ကမ္ဘာ့ စီးပွါးရေး ညီလာခံမှာ အင်္ဂါနေ့က ပြောလိုက်ကြပါတယ်။

ဆွစ်ဇာလန်မှာ ကျင်းပနေတဲ့ ညီလာခံမှာ ဒီအပတ်သမ္မတထရမ့် အွန်လိုင်းကနေ စကားပြောဖို့ ရှိပါတယ်။ မစ္စတာ ထရမ့်ကို မဖော်ပြပေမဲ့၊ ပိတ်ဆို့ကာကွယ်ရေး ဝါဒနဲ့တော့ ကုန်သွယ်ရေး စစ်မှာ ဘယ်ကိုမှ ရောက်မှာ မဟုတ်သလို၊ နိုင်သူလည်း ရှိမှာ မဟုတ်ဘူးလို့တရုတ် ဒုတိယ ဝန်ကြီးချုပ် Ding Xuexiang က ပြောပါတယ်။

တစ်တော့ကို တဝက်ရောင်းဖို့သူ အဆိုပြုထားတာကို လက်မခံဘူးဆိုရင် တရုတ်ပစ္စည်းတွေအပေါ် အခွန်ချမယ်လို့ ထရမ့်က တနင်္လာနေ့က ပြောထားပါတယ်။ ဒါပေမဲ့မစ္စတာထရမ့်နဲ့ စောစော ထိတွေ့ဆက်ဆံပြီး၊ ညှိုနှိုင်းဖို့ အဆင်သင့်ရှိပါတယ်လို့ အီးယူ ကော်မရှင် ဥက္ကဌ von der Leyen ကတော့ ဆိုပါတယ်။

တရုတ်နဲ့လည်း အပြုသဘော ထိတွေ့ဆက်ဆံရမယ်လို့လည်း ဆိုပါတယ်။ အမေရိကန် ပထမလို့ ထရမ့်က ပြောသလို လုပ်လည်း လုပ်မှာပါ။ ကိုယ့်တိုင်းပြည်ရဲ့ အကျိုးစီးပွါး ဦးထိပ်ထားတာ မမှားပါဘူး။ ဒါပေမဲ့ တခြားသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရေး၊ နားလည်ရေး ဟာလည်း ခင်ဗျား အကျိုးစီးပွါး ဖြစ်ပါတယ်လို့ ဂျာမနီ ဝန်ကြီးချုပ် ရှို့လ်ဇ် က ဆိုပါတယ်။

please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG