သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားရေးဌာနမှာ သမ္မတ Trump မိန့်ခွန်းပြော


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့််ဝါရှင်တန်ဒီစီရှိ တရားရေးဌာနမှာ ၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်၊ သောကြာနေ့က မိန့်ခွန်းပြောကြားနေစဉ်။ (ဓာတ်ပုံ - Official / The White House - အိမ်ဖြူတော် ဓာတ်ပုံ Joyce N. Boghosian )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့််ဝါရှင်တန်ဒီစီရှိ တရားရေးဌာနမှာ ၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်၊ သောကြာနေ့က မိန့်ခွန်းပြောကြားနေစဉ်။ (ဓာတ်ပုံ - Official / The White House - အိမ်ဖြူတော် ဓာတ်ပုံ Joyce N. Boghosian )

အမေရိကန် တရားစီရင်ရေး သမိုင်းမှာ မျှတမှုရှိတဲ့ ဂုဏ်ယူဖွယ် အခန်းသစ် တခုကို စတင်နေပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ သောကြာနေ့ အမေရိကန်တရားရေးဌာနမှာ ဆယ်စုနှစ်အတွင်း သမ္မတ တယောက်အနေနဲ့ ပထမဆုံးအကြိမ် သွားရောက်ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလိုပြောကြားတာ ဖြစ်ပါတယ်။

" အဂတိလိုက်စားမှု၊ တရားဥပဒေကို လက်နက်သဖွယ် အသုံးချမှု၊ အကြမ်းဖက် ရာဇဝတ်မှုတွေကို လက်မြှောက် အရှုံးပေးရမှု တွေကို ထားရစ်ပြီး သာတူညီမျှမှုနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တရားဥပဒေစိုးမိုးရေး ပြဌာန်းချက်အရ ဘက်မလိုက်တဲ့ တရားစီရင်မှုကို စတင်နေပြီဖြစ်ကြောင်း " သမ္မတထရမ့်က ပြောကြားသွားပါတယ်။

ဒါ့အပြင် တရားရေးဌာနဟာ မကြာသေးခင် နှစ်တွေအတွင်း လမ်းပျောက်နေခဲ့တယ်ဆိုပြီး သူ့အပေါ် စုံစမ်းစစ်ဆေးမှု လုပ်ခဲ့တာတွေ၊ ကွန်ဆာဗေးတစ်တွေကို ဆန့်ကျင်ဖို့အတွက် လက်နက်အဖြစ် အသုံးချခဲ့မှုတွေနဲ့ ပတ်သက်ပြီး မကျေနပ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန် အစိုးရအဖွဲ့အတွင်းမှာ ခြစားပျက်စီးနေသူတွေနဲ့ အစွန်းရောက်တွေရှိခဲ့ပြီး ဒီလိုလူတွေ နောက် ဘယ်တော့မှ မရှိရအောင် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒ့ါအပြင် ဝါရှင်တန်ဒီစီမြို့တော်ကို ရာဇဝတ်မှု ကင်းရှင်းတဲ့ ၊ ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရတဲ့ မြို့တမြို့ ဖြစ်အောင်၊ တခါမှ မကြုံဘူးအောင် သန့်ရှင်းတဲ့မြို့ဖြစ်အောင် လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG