သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိမ်ဖြူတော်အနီး ပစ်ခတ်မှု ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေး


သမ္မတအိမ်ဖြူတော်နားမှာ ပစ်ခတ်မှုဖြစ်ပြီးနောက် အိမ်ဖြူတော်လုံခြုံရေးချထားပုံ။
သမ္မတအိမ်ဖြူတော်နားမှာ ပစ်ခတ်မှုဖြစ်ပြီးနောက် အိမ်ဖြူတော်လုံခြုံရေးချထားပုံ။

အမေရိကန် သမ္မတအိမ်ဖြူတော်အနီး အထူးလုံခြုံရေးတပ်ဖွဲ့ Secret Service က အမျိုးသားတဦးကို မနေ့၊ တနင်္ဂနွေနေ့က ပစ်ခတ်ခဲ့တဲ့ကိစ္စကို ဝါရှင်တန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။

အသေခံဖို့ ရည်ရွယ်ထားပုံရသူတဦးဟာ အင်ဒီယားနားပြည်နယ်ကနေ ဝါရှင်တန်မြို့တော်ကို သွားရောက်ဖွယ်ရှိကြောင်း ပစ်ခတ်မှုမတိုင်ခင်တရက်မှာ ရဲတပ်ဖွဲ့က သတင်းပေးထားကြောင်းလည်း Secret Service ပြောခွင့်ရသူက ပြောထားပါတယ်။

ရဲတပ်ဖွဲ့သတင်းအချက်အလက်နဲ့ ကိုက်ညီသူရဲ့ကားကို အထူးလုံခြုံရေးတွေက တွေ့ရှိခဲ့သလို အိမ်ဖြူတော်အနီး လမ်းလျှောက်လာတာကို တွေ့ခဲ့ကြတာပါ။ လုံခြုံရေးတပ်ဖွဲ့တွေအနီးကို ချဉ်းကပ်ချိန်မှာ သေနတ်ထုတ်ပြီးထိပ်တိုက်ရင်ဆိုင်တာကြောင့် ပစ်ခတ်ခဲ့ရကြောင်းလည်း Secret Service ပြောခွင့်ရသူက ပြောပါတယ်။

ပစ်ခတ်ခံခဲ့ရပြီးနောက် ဆေးရုံကို ခေါ်သွားပေမဲ့ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ အာဏာပိုင်တွေက ထုတ်မပြောပါဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှု မရှိဘူးလို့လည်း အထူးလုံခြုံရေးတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ချိန်မှာ သမ္မတ Donald Trump ကတော့ ဖလော်ရီဒါပြည်နယ်မှာ ရောက်နေပါတယ်။

သမ္မတအိမ်ဖြူတော်အနီး ပစ်ခတ်မှု ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေး
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG