သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်သမားတဦးကို အိမ်ဖြူတော် လုံခြုံရေးတွေ ပစ်ခတ်ဖမ်းဆီး


Obama Debt Showdown
Obama Debt Showdown

အမေရိကန်သမ္မတ အိမ်ဖြူတော်အပြင်ဘက်မှာ လက်နက်ကိုင်တဦးကို Secret Service အမေရိကန် အထူးလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့ပါတယ်။ ဒီကနေ့ မတ်လ ၉ ရက်၊ တနင်္ဂနွေနေ့ ပစ်ခတ်မှုဖြစ်ပြီး မကြာခင်မှာပဲ Secret Service က သတင်းထုတ်ပြန်တာပါ။ သမ္မတ Donald Trump ကတော့ ဒီကနေ့ မနက် အိမ်ဖြူတော်မှာ ရှိမနေဘူးလို့ ဆိုပါတယ်။

အမေရိကန် အထူးလုံခြုံရေးတပ်ဖွဲ့ Secret Service ပြင်ပဆက်ဆံရေးအကြီးအကဲ Anthony Guglielmi က အင်ဒီယားနားကနေ ဝါရှင်တန်ဒီစီကိုလာတဲ့ လုပ်ကြံလိုသူရဲ့ ပုံပန်းသဏ္ဍာန် အချက်အလက်တွေကို သူတို့အနေနဲ့ ရရှိထားတယ်လို့ ဆိုပါတယ်။ ရရှိထားတဲ့ အချက်အလက်နဲ့ ကိုက်ညီသူကို အိမ်ဖြူတော်အနီးမှာ Secret Service အဖွဲ့ဝင်တွေက တွေ့ရှိခဲ့ပြီး ရပ်ထားတဲ့ သူတို့ရဲ့ ကားကိုလည်း တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် အထူးလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲဒီသူအနားကို ကပ်သွားတဲ့အခါမှာ သေနတ်ထုတ်ပြီး ဝှေ့ယမ်းတဲ့အတွက်ကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ Guglielmi က ပြောပါတယ်။

အခုအခါမှာတော့ အဲဒီသူကို ဆေးရုံခေါ်ဆောင်သွားပြီး သူ့အခြအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ အမေရိကန် အထူးလုံခြုံရေးတပ်ဖွဲ့ Secret Service တွေတော့ ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးလို့ Secret Service က ထုတ်ပြန်ပါတယ်။

Forum

XS
SM
MD
LG